• Follow Us on

Home ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games-2021 ပြိုင်ပွဲတွင် ရိုးရာဝတ်စုံဖြင့် ဖျော်ဖြေ တင်ဆက်မှု၌ မြန်မာ့တပ်မတော် ယဉ်ကျေးမှုတပ်ဖွဲ့မှ ပထမဆုရရှိ

ရုရှားနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games-2021 ပြိုင်ပွဲတွင် ရိုးရာဝတ်စုံဖြင့် ဖျော်ဖြေ တင်ဆက်မှု၌ မြန်မာ့တပ်မတော် ယဉ်ကျေးမှုတပ်ဖွဲ့မှ ပထမဆုရရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၃ (People Media)

 

ရုရှားနိုင်ငံတွင်ကျင်းပပြုလုပ်သည့် International Army Games-2021 ပြိုင်ပွဲတွင် ရိုးရာဝတ်စုံဖြင့် ဖျော်ဖြေ တင်ဆက်မှုတွင် မြန်မာ့တပ်မတော်ယဉ်ကျေးမှုတပ်ဖွဲ့မှ ပထမဆုရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါပြိုင်ပွဲကို ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် သြဂုတ် ၂၂ ရက်မှစတင်၍ ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပြိုင်ပွဲတွင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် အတူ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ လက်ဖြောင့်သေနတ်ပစ်စွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့စွမ်းရည်ပြိုင်ပွဲ၊ လေကြောင်းချီတပ်စုများ စွမ်းရည်ပြိုင်ပွဲများအပြင် ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲ Creative Competition တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

 

ယင်းပြိုင်ပွဲတွင် မြန်မာ့တပ်မတော်မှ ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များသည် ဩဂုတ် ၂၂ ရက်မှစတင်၍ နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပြိုင်ပွဲဝင် ရိုးရာယဉ်ကျေးမှု တပ်ဖွဲ့ဝင်များနှင့်အတူ ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ရိုးရာ ဝတ်စုံဖြင့် ဖျော်ဖြေတင်ဆက်ပြသမှုတွင် ပထမဆု၊ ရုရှားသီချင်းဖြင့် တစ်ဦး ချင်းသီဆိုဖျော်ဖြေတင်ဆက်မှုတွင် ဒုတိယဆု၊ နိုင်ငံ့ရိုးရာယဉ်ကျေးမှုကို ပေါ်လွင် ထင်ဟပ်အောင်ဖျော်ဖြေတင်ဆက်ပြသမှုတွင် ဒုတိယဆုတို့ကို ရရှိခဲ့ပြီး အွန်လိုင်းမှတစ်ဆင့် ပရိသတ်၏ မဲပေးရွေးချယ်မှုတွင်လည်း တတိယဆု ရရှိခဲ့သည်။

 

အလားတူ မြန်မာ့တပ်မတော် ယဉ်ကျေးမှုတပ်ဖွဲ့ဝင်များအနေဖြင့် International Army Games ပြိုင်ပွဲ၏ ဆက်စပ်ပြိုင်ပွဲတစ်ရပ်ဖြစ်သည့် ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပြိုင်ပွဲ Creative Competition ကို ၂၀၁၈ ခုနှစ် ကတည်းက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ်တွင် စုံတွဲအကအကောင်းဆုံးဆု၊ စုံတွဲအတီးအကောင်း ဆုံးဆု၊ ရိုးရာဝတ်စုံအကောင်းဆုံးဆုများကိုလည်းကောင်း၊ ၂၀၁၉ ခုနှစ်တွင် အဆို၊ အက၊ အတီး အကောင်းဆုံး ဆုများကိုလည်းကောင်း၊ ၂၀၂၀ ခုနှစ်တွင် အက တတိယအကောင်းဆုံးဆု၊ ရုရှားသီချင်းသီဆိုဖျော်ဖြေမှု အကောင်းဆုံးဆုများကို အသီးသီးရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia #ရုရှား #မြန်မာ

 

(unicode)


…………………………………………………………………………

 


 


 


 


 


 



Share this post