• Follow Us on

Home ႐ုရွားနိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆးက လူတစ္ဦးလွ်င္ ေဒၚလာ ၂၀ ေအာက္သာ က်သင့္မည္

႐ုရွားနိုင္ငံထုတ္ ကိုဗစ္ကာကြယ္ေဆးက လူတစ္ဦးလွ်င္ ေဒၚလာ ၂၀ ေအာက္သာ က်သင့္မည္

Share this post

နိုင္ငံတကာ၊ နိုဝင္ဘာ ၂၅

႐ုရွားနိုင္ငံထုတ္ စပြတ္ညစ္ခ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆးက နိုင္ငံတကာေစ်းကြက္တြင္ လူတစ္ဦးအတြက္ ေဒၚလာ ၂၀ ေအာက္သာ က်သင့္မည္ျဖစ္ၿပီး ႐ုရွားနိုင္ငံက လာမည့္ႏွစ္တြင္ ျပည္တြင္း၊ျပည္ပ၌ အဆိုပါ ကာ ကြယ္ေဆး အလုံးေရ တစ္ဘီလီယံေက်ာ္ ထုတ္လုပ္ရန္ ရည္ရြယ္ထားေၾကာင္း သိရသည္။

စပြတ္ညစ္ခ္-ဗြီ ကာကြယ္ေဆးကို လူတစ္ဦးလ်င္ ႏွစ္ႀကိမ္ ထိုးရမည္ျဖစ္ၿပီး တစ္ႀကိမ္ထိုးလ်င္ ၁၀ ေဒၚ လာစီ က်သင့္မည္ျဖစ္ကာ ႐ုရွားနိုင္ငံသားမ်ားအတြက္ ကာကြယ္ေဆး အခမဲ့ထိုးေပးမည္ဟု စပြတ္ညစ္ခ္-ဗြီက တြစ္တာလူမႈကြန္ရက္တြင္ ေရးသားခဲ့သည္။

႐ုရွားႏွင့္ ျပည္ပရွိမိတ္ဖက္နိုင္ငံမ်ားက လူေပါင္း သန္း ၅၀၀ ေက်ာ္ကို ကာကြယ္ေဆးထိုးေပးနိုင္မည့္ စ ပြတ္ညစ္ခ္-ဗြီ ကိုဗစ္ကာကြယ္ေဆး အလုံးေရ တစ္ဘီလီယံေက်ာ္ကို လာမည့္ႏွစ္မွစ၍ ထုတ္လုပ္မည္ဟု ႐ုရွား တိုက္ရိုက္ ရင္းႏွီးျမဳပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕ (RDIF) အႀကီးအကဲ ကီေရးလ္ဒီမီထရိဗ္က ေျပာသည္။

စပြတ္ညစ္ခ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆးက တစ္ႀကိမ္ထိုးလ်င္ ၁၈ ေဒၚလာက်သင့္မည့္ Pfizer-BioNTech ထုတ္ ကိုဗစ္ကာကြယ္ေဆးထက္ ေစ်းသက္သာေသာ္လည္း တစ္ႀကိမ္ထိုးလ်င္ ၃ ေဒၚလာသာ က်သင့္မည့္ AstraZeneca ကာကြယ္ေဆးထက္ ေစ်းပိုႀကီးသည္။

စပြတ္ညစ္ခ္-ဗြီ ကာကြယ္ေဆးက ထိေရာက္မႈအဆင့္ တူညီေသာ mRNA ကာကြယ္ေဆးမ်ားထက္ ႏွစ္ ဆေက်ာ္ ေစ်းသက္သာမည္ဟု RDIF က ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာသည္။

အတည္ျပဳ ကိုဗစ္ကူးစက္မႈ ၃၉ မႈႏွင့္ ေဆးႏွစ္ႀကိမ္ထိုးထားသည့္ လူနာ ၁၈၇၉၄ ဦးကို အေျခခံေသာ လက္ေတြ႕စမ္းသပ္မႈအရ စပြတ္ညစ္ခ္-ဗြီ ဗိုင္းရပ္စ္ကာကြယ္ေဆးက ၉၁ ဒသမ ၄ ရာခိုင္ႏႈန္း ထိေရာက္မႈရွိသည္ဟု ျပသခဲ့ေၾကာင္း RDIF ႏွင့္ ဂါမာလီယာအမ်ိဳးသားစင္တာက ယမန္ေန႔အေစာပိုင္းတြင္ ေျပာၾကားခဲ့သည္။

ကိုးကား – စီအန္ေအ

Ref; Russia’s two-shot Sputnik V COVID-19 vaccine to cost less than US$20 per person

#PeopleMedia

(unicode)
ရုရှားနိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေးက လူတစ်ဦးလျှင် ဒေါ်လာ ၂၀ အောက်သာ ကျသင့်မည်
…………………………………………………………….

နိုင်ငံတကာ၊ နိုဝင်ဘာ ၂၅

ရုရှားနိုင်ငံထုတ် စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးက နိုင်ငံတကာစျေးကွက်တွင် လူတစ်ဦးအတွက် ဒေါ်လာ ၂၀ အောက်သာ ကျသင့်မည်ဖြစ်ပြီး ရုရှားနိုင်ငံက လာမည့်နှစ်တွင် ပြည်တွင်း၊ပြည်ပ၌ အဆိုပါ ကာ ကွယ်ဆေး အလုံးရေ တစ်ဘီလီယံကျော် ထုတ်လုပ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

စပွတ်ညစ်ခ်-ဗွီ ကာကွယ်ဆေးကို လူတစ်ဦးလျင် နှစ်ကြိမ် ထိုးရမည်ဖြစ်ပြီး တစ်ကြိမ်ထိုးလျင် ၁၀ ဒေါ် လာစီ ကျသင့်မည်ဖြစ်ကာ ရုရှားနိုင်ငံသားများအတွက် ကာကွယ်ဆေး အခမဲ့ထိုးပေးမည်ဟု စပွတ်ညစ်ခ်-ဗွီက တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ရုရှားနှင့် ပြည်ပရှိမိတ်ဖက်နိုင်ငံများက လူပေါင်း သန်း ၅၀၀ ကျော်ကို ကာကွယ်ဆေးထိုးပေးနိုင်မည့် စ ပွတ်ညစ်ခ်-ဗွီ ကိုဗစ်ကာကွယ်ဆေး အလုံးရေ တစ်ဘီလီယံကျော်ကို လာမည့်နှစ်မှစ၍ ထုတ်လုပ်မည်ဟု ရုရှား တိုက်ရိုက် ရင်းနှီးမြုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) အကြီးအကဲ ကီရေးလ်ဒီမီထရိဗ်က ပြောသည်။

စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးက တစ်ကြိမ်ထိုးလျင် ၁၈ ဒေါ်လာကျသင့်မည့် Pfizer-BioNTech ထုတ် ကိုဗစ်ကာကွယ်ဆေးထက် စျေးသက်သာသော်လည်း တစ်ကြိမ်ထိုးလျင် ၃ ဒေါ်လာသာ ကျသင့်မည့် AstraZeneca ကာကွယ်ဆေးထက် စျေးပိုကြီးသည်။

စပွတ်ညစ်ခ်-ဗွီ ကာကွယ်ဆေးက ထိရောက်မှုအဆင့် တူညီသော mRNA ကာကွယ်ဆေးများထက် နှစ် ဆကျော် စျေးသက်သာမည်ဟု RDIF က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောသည်။

အတည်ပြု ကိုဗစ်ကူးစက်မှု ၃၉ မှုနှင့် ဆေးနှစ်ကြိမ်ထိုးထားသည့် လူနာ ၁၈၇၉၄ ဦးကို အခြေခံသော လက်တွေ့စမ်းသပ်မှုအရ စပွတ်ညစ်ခ်-ဗွီ ဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၁ ဒသမ ၄ ရာခိုင်နှုန်း ထိရောက်မှုရှိသည်ဟု ပြသခဲ့ကြောင်း RDIF နှင့် ဂါမာလီယာအမျိုးသားစင်တာက ယမန်နေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

ကိုးကား – စီအန်အေ

Ref; Russia’s two-shot Sputnik V COVID-19 vaccine to cost less than US$20 per person

#PeopleMedia


Share this post