• Follow Us on

Home ရုရှားနိုင်ငံ၌ ကျင်းပနေသည့် International Army Games – 2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် န-စ-က ဒုဥက္ကဋ္ဌသည် လေကြောင်းခရီးဖြင့် နေပြည်တော်မှ ရုရှားနိုင်ငံသို့ သွားရောက်

ရုရှားနိုင်ငံ၌ ကျင်းပနေသည့် International Army Games – 2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် န-စ-က ဒုဥက္ကဋ္ဌသည် လေကြောင်းခရီးဖြင့် နေပြည်တော်မှ ရုရှားနိုင်ငံသို့ သွားရောက်

Share this post

ရန်ကုန်၊ စက်တင်ဘာ ၁ (People Media)

 

ရုရှားနိုင်ငံ၌ ကျင်းပနေသည့် International Army Games – 2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် န-စ-က ဒုဥက္ကဋ္ဌသည် ယနေ့ နံနက်ပိုင်းက လေကြောင်းခရီးဖြင့် နေပြည်တော်မှ ရုရှားနိုင်ငံသို့ သွားရောက်နေ ကြောင်း သိရသည်။

 

အဆိုပါ ပိတ်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာ ကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး‌အောင်စိုးတို့ လိုက်ပါသွားကြောင်း သိရှိရသည်။

 

International Army Games – 2021 ပြိုင်ပွဲ၌ အားကစားနည်းများကို မြန်မာ့တပ်မတော်မှ ဝင်ရောက်ယှဉ်ပြိုင် လျက်ရှိသည်။

 

ရုရှားတပ်မတော်သည် မြန်မာ့တပ်မတော်နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ပြီးခဲ့သည့် ရက်ပိုင်းက တရားဝင်ပြောဆိုခဲ့ပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ရုရှားတပ်မတော်ထံမှ မြန်မာတပ်မတော်က ဝယ်ယူထားသည့် လေကြောင်းရန် ဒုံးများကိုလည်း ပေးပို့ထားပြီးဖြစ်တယ်လို့ ရုရှားနိုင်ငံပိုင်မီဒီယာအချို့၏ ဖော်ပြချက်အရ သိရှိရပါတယ်။

 

#PeopleMedia #ရုရှား #မြန်မာ

 

(unicode)


 


 


 


 


 


 


 



Share this post