• Follow Us on

Home ႐ုရွားနိုင္ငံ၌ လာမည့္အပတ္အတြင္း ကိုဗစ္ကာကြယ္ေဆး စတင္ထိုးရန္ သမၼတ ပူတင္ ညႊန္ၾကား

႐ုရွားနိုင္ငံ၌ လာမည့္အပတ္အတြင္း ကိုဗစ္ကာကြယ္ေဆး စတင္ထိုးရန္ သမၼတ ပူတင္ ညႊန္ၾကား

Share this post

နိုင္ငံတကာ၊ ဒီဇင္ဘာ ၃ (People Media)
႐ုရွားနိုင္ငံရွိ ေက်းလက္ေဒသအခ်ိဳ႕တြင္ က်န္းမာေရးစနစ္ ၿပိဳက်လုနီးပါး အေျခအေနေရာက္ရွိေနေသာ ေၾကာင့္ အစုလိုက္အျပဳံလိုက္ ကိုဗစ္ကာကြယ္ေဆးထိုးရန္ သမၼတ ဗလာဒီမာပူတင္က ညႊန္ၾကားခဲ့သည္။
႐ုရွားနိုင္ငံတြင္ ယမန္ေန႔က ကိုဗစ္-၁၉ ေရာဂါေၾကာင့္ တစ္ရက္တာအတြင္း လူ ၅၈၉ ဦး စံခ်ိန္တင္ ေသဆုံးခဲ့ၿပီး ေန႔စဥ္ ကိုဗစ္ အတည္ျပဳကူးစက္မႈသစ္ ၂၅၀၀၀ ေက်ာ္ ရွိလာခဲ့သည္။
႐ုရွားနိုင္ငံ အေနာက္ေျမာက္ပိုင္းႏွင့္ ဆိုက္ေဘးရီးယားေဒသရွိ ေက်းလက္ေဆး႐ုံမ်ားတြင္ လူနာမ်ား ျပည့္ႏွက္ေနၿပီး ခန္းမေဆာင္မ်ားအတြင္းထား၍ လူနာမ်ားကို ကုသေပးေနရေၾကာင္း ေဒသႏၲရမီဒီယာမ်ားက ေဖာ္ျပခဲ့သည္။
ေက်းလက္ေဒသမ်ား၌ ေဆး႐ုံသစ္မ်ား ဖြင့္လွစ္ရန္ႏွင့္ အစိုးရက က်န္းမာေရးစနစ္ တိုးခ်ဲ႕လုပ္ကိုင္ရန္ သမၼတ ပူတင္က အြန္လိုင္းမွျပဳလုပ္သည့္ အစိုးရအဖြဲ႕အစည္းအေဝး၌ ညႊန္ၾကားခဲ့သည္။
လာမည့္အပတ္မွစ၍ က်န္းမာေရးလုပ္သားမ်ား၊ ပညာေရးဝန္ထမ္းမ်ားအတြက္ ၾသဂုတ္လအတြင္း အစိုး ရက အတည္ျပဳခဲ့သည့္ ျပည္တြင္းျဖစ္ ကိုဗစ္ကာကြယ္ေဆး အစုလိုက္အျပဳံလိုက္ ထိုးႏွံမႈစတင္ရန္လည္း ၄င္းက ညႊန္ၾကားခဲ့သည္။
အေမရိကန္ ေဆးဝါးကုမၸဏီ ဖိုက္ဇာကထုတ္လုပ္သည့္ ဗိုင္းရပ္စ္ကာကြယ္ေဆးကို လာမည့္အပတ္အ တြင္း စတင္ထိုးႏွံမည္ဟု ၿဗိတိန္အစိုးရက ဒီဇင္ဘာလ ၂ ရက္တြင္ ေၾကညာၿပီးေနာက္ ႐ုရွားနိုင္ငံက ယခုကဲ့သို႔ အစိုလိုက္အျပဳံလိုက္ ကာကြယ္ေဆးထိုးရန္ စီစဥ္ျခင္းျဖစ္သည္။
ကိုးကား – အန္အိတ္ခ်္ေက
Ref; Putin orders mass coronavirus vaccinations
(unicode)
ရုရှားနိုင်ငံ၌ လာမည့်အပတ်အတွင်း ကိုဗစ်ကာကွယ်ဆေး စတင်ထိုးရန် သမ္မတ ပူတင် ညွှန်ကြား
………………………………………………..
နိုင်ငံတကာ၊ ဒီဇင်ဘာ ၃ (People Media)
ရုရှားနိုင်ငံရှိ ကျေးလက်ဒေသအချို့တွင် ကျန်းမာရေးစနစ် ပြိုကျလုနီးပါး အခြေအနေရောက်ရှိနေသော ကြောင့် အစုလိုက်အပြုံလိုက် ကိုဗစ်ကာကွယ်ဆေးထိုးရန် သမ္မတ ဗလာဒီမာပူတင်က ညွှန်ကြားခဲ့သည်။
ရုရှားနိုင်ငံတွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် တစ်ရက်တာအတွင်း လူ ၅၈၉ ဦး စံချိန်တင် သေဆုံးခဲ့ပြီး နေ့စဉ် ကိုဗစ် အတည်ပြုကူးစက်မှုသစ် ၂၅၀၀၀ ကျော် ရှိလာခဲ့သည်။
ရုရှားနိုင်ငံ အနောက်မြောက်ပိုင်းနှင့် ဆိုက်ဘေးရီးယားဒေသရှိ ကျေးလက်ဆေးရုံများတွင် လူနာများ ပြည့်နှက်နေပြီး ခန်းမဆောင်များအတွင်းထား၍ လူနာများကို ကုသပေးနေရကြောင်း ဒေသန္တရမီဒီယာများက ဖော်ပြခဲ့သည်။
ကျေးလက်ဒေသများ၌ ဆေးရုံသစ်များ ဖွင့်လှစ်ရန်နှင့် အစိုးရက ကျန်းမာရေးစနစ် တိုးချဲ့လုပ်ကိုင်ရန် သမ္မတ ပူတင်က အွန်လိုင်းမှပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေး၌ ညွှန်ကြားခဲ့သည်။
လာမည့်အပတ်မှစ၍ ကျန်းမာရေးလုပ်သားများ၊ ပညာရေးဝန်ထမ်းများအတွက် သြဂုတ်လအတွင်း အစိုး ရက အတည်ပြုခဲ့သည့် ပြည်တွင်းဖြစ် ကိုဗစ်ကာကွယ်ဆေး အစုလိုက်အပြုံလိုက် ထိုးနှံမှုစတင်ရန်လည်း ၄င်းက ညွှန်ကြားခဲ့သည်။
အမေရိကန် ဆေးဝါးကုမ္ပဏီ ဖိုက်ဇာကထုတ်လုပ်သည့် ဗိုင်းရပ်စ်ကာကွယ်ဆေးကို လာမည့်အပတ်အ တွင်း စတင်ထိုးနှံမည်ဟု ဗြိတိန်အစိုးရက ဒီဇင်ဘာလ ၂ ရက်တွင် ကြေညာပြီးနောက် ရုရှားနိုင်ငံက ယခုကဲ့သို့ အစိုလိုက်အပြုံလိုက် ကာကွယ်ဆေးထိုးရန် စီစဉ်ခြင်းဖြစ်သည်။
ကိုးကား – အန်အိတ်ချ်ကေ
Ref; Putin orders mass coronavirus vaccinations


Share this post