• Follow Us on

Home ရုရှားနိုင်ငံ အတနာမီယဉ်ကျေးမှုမြို့တော်တွင် တည်ထားပူဇော်နေသော ရွှေစည်းခုံစေတီတော်နှင့် ဆင်းတု တော်များ မကြာမီပြီးစီးတော့မည်

ရုရှားနိုင်ငံ အတနာမီယဉ်ကျေးမှုမြို့တော်တွင် တည်ထားပူဇော်နေသော ရွှေစည်းခုံစေတီတော်နှင့် ဆင်းတု တော်များ မကြာမီပြီးစီးတော့မည်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၇ (People Media)

 

ရုရှားနိုင်ငံ၊ မော်စကိုမြို့အနီး၊ အတနာမီယဉ်ကျေးမှုမြို့တော်တွင် တည်ထားပူဇော်နေသော ၄၅ ပေ အမြင့်ရှိ ရွှေစည်းခုံစေတီတော်၊ ပေ ၂၀ အမြင့်ရှိ စြင်္ကန်လျှောက် ဆင်းတုတော်၊ ၉ ပေ အမြင့်ရှိ ရပ်တော်မူ ၂ ဆူ၊ ထိုင် တော်မူ ၁ ဆူ၊ နိုင်ငံပေါင်းစုံ ဆင်းတုတော် ၃၀ ဆူ၊ ထိုင်တော်မူ ယွန်းဆင်းတုတော် ၁ ဆူတို့သည် ပလ္လင်တော် အသီးသီးပေါ်တွင် သတင်းသုံးတော်မူနေကြပြီဖြစ်ပြီး မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သီတဂူသီတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ သိရသည်။

 

မြန်မာမှုခြယ်သသည့်လုပ်ငန်းများလည်း ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ ရုရှားနိုင်ငံရှိ တက္ကသိုလ် ၁၀ ခု တွင် ပညာသင်ကြားနေသော မြန်မာကျောင်းသား၂၅၀ ခန့်က အလှည်ကျ လုပ်အားပါဝင် ကုသိုလ်ပြုလျက်ရှိ ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #သာသနာရေး

 

(unicode)


…………………………………………………………………………….

 


 


 


 

Photo – Credit

 



Share this post