• Follow Us on

Home ရုရှားနိုင်ငံ အတာနာမီယဉ်ကျေးမှုမြို့တော်တွင် ပူဇော်ထားရှိသော ထိုင်တော်မူဆင်တုတော်၊ ရပ်တော်မူ ဆင်းတုတော်နှင့် စြင်္ကံလျှောက်ဆင်းတုတော်တို့ ပလ္လင်တော်ပေါ်ရောက်ရှိ

ရုရှားနိုင်ငံ အတာနာမီယဉ်ကျေးမှုမြို့တော်တွင် ပူဇော်ထားရှိသော ထိုင်တော်မူဆင်တုတော်၊ ရပ်တော်မူ ဆင်းတုတော်နှင့် စြင်္ကံလျှောက်ဆင်းတုတော်တို့ ပလ္လင်တော်ပေါ်ရောက်ရှိ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၈ (People Media)

 

ရုရှားနိုင်ငံ၊ အတာနာမီယဉ်ကျေးမှုမြို့တော်တွင် ပူဇော်ထားရှိသော ပုဂံခေတ်ဟန် ထိုင်တော်မူဆင်တုတော်၊ ပုဂံခေတ်ဟန် ရပ်တော်မူ ဆင်းတုတော်၊ ပျူခေတ်ဟန် စြင်္ကံလျှောက်ဆင်းတုတော်တို့သည် ပလ္လင်တော်ပေါ် အသီးသီးသို့ ရောက်ရှိပါပြီဖြစ်ကြောင်း သီတဂူသတင်းနှင့် ပြန်ကြားရေးအဖွဲ့မှ သိရသည်။

 

အဆိုပါ ဆင်းတုတော်တို့သည် ရုရှားနိုင်ငံ မော်စကို စံတော်ချိန် ညနေ ၃ နာရီ ၁၅ မိနစ်အချိန်မှာ ရောက်ခဲ့ခြင်း ဖြစ်ပြီး၊ အလှူရှင်များသည် မန္တလေးမြို့မှ ကျောင်းဒကာ ကျောင်းအမများဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၈ ရက်နေ့တွင်လည်း Etnomir World Cultural Center ၏ ဥယျာဉ်ပြင်ပနေရာတွင် အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော်ကြီး ကိုယ်တိုင်ကြပ်မက်ပြီး သီတဂူအဖွဲ့နှင့် Etnomir အဖွဲ့များက လမ်းလျှောက်ဟန် ဗုဒ္ဓရုပ်ပွားတော်ကို တပ်ဆင်ခဲ့သည်။

 

အဆိုပါ လမ်းလျှောက်ဟန် ရုပ်တုတော်ကို ရွှေစည်းဂုံစေတီတော်၏ အရှေ့မြောက်ဘက်မှာ တည်ရှိပြီး၊ မြန်မာ့ နိုင်ငံမှာ အစောဆုံး ဟန် A.D ခေတ်က ပုဂံအနုပညာ၏ ထူးခြားသည့် လက်ရာရှိသည့် ပေ ၂၀ အမြင့်ရှိ ကြေး ရုပ်တုကို မန္တလေးမြို့မှာ ပြုလုပ်ပြီး ရုရှားနိုင်ငံကို ပင်လယ်ကတဆင့် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သီတဂူသတင်း နှင့် ပြန်ကြားရေးအဖွဲ့မှ သိရသည်။

 

#PeopleMedia #သီတဂူဆရာတော်

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post