• Follow Us on

Home ရုရှားဖရီးဂိတ်စစ်သင်္ဘောများက လာမည့်လတွင် ဆာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်မည်

ရုရှားဖရီးဂိတ်စစ်သင်္ဘောများက လာမည့်လတွင် ဆာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်များ စမ်းသပ်ပစ်ခတ်မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၃၀ (People Media)

 

ဗိုလ်ချုပ်ကြီးဂက်ရှ်ကော့ဗ်အမည်ရှိ ဖရီးဂိတ်စစ်သင်္ဘော ဦးဆောင်သော မြောက်ပိုင်းဖရီးဂိတ်စစ်သင်္ဘောအုပ်စုမှ ဆာကွန်ဟိုက်ပါဆောနစ်ခရုစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို လာမည့်လတွင်ဆောင်ရွက်သွားရန် စီစဉ်ထား ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနနှင့် နီးစပ်သူတစ်ဦးက TASS သတင်းဌာနသို့ အောက်တိုဘာလ ၃၀ ရက်နေ့တွင်ပြောကြားလိုက်သည်။

 

“နိုင်ငံတော်အဆင့် ဆာကွန်ဟိုက်ပါဆောနစ်ခရုစ်ဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို နိုဝင်ဘာလမှာ စတင်မှာဖြစ်ပြီး ဒီဇင်ဘာလအထိ စမ်းသပ်ပစ်ခတ်သွားမှာဖြစ်ပါတယ်။ ဒုံးပစ်စင်ငါးခုစလုံးကို စီစဉ်ထားပြီး ရေပြင်ပစ်မှတ်တွေ ရော မြေပြင်ပစ်မှတ်တွေကိုပါ ပစ်ခတ်သွားမှာဖြစ်ပါတယ်။” ဟု အဆိုပါသတင်းရင်းမြစ်ကပြောသည်။

 

ဘာရိန်းပင်လယ်ပြင်တွင် စစ်ရေးလေ့ကျင့်မှုဆောင်ရွက်နေစဉ်အတွင်း ဗိုလ်ချုပ်ကြီးဂက်ရှ်ကော့ဗ်ဖရီးဂိတ်စစ် သ င်္ဘောမှ  ဝေဟင်/ ရေပြင်ပစ်မှတ်များကို ဒုံးကျည်များဖြင့်ပစ်ခတ်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းရေယာဉ်အုပ် သတင်းထုတ်ပြန်ရေးရုံးက အောက်တိုဘာလ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

ဆာကွန် ဘက်စုံသုံးဟိုက်ပါဆောနစ်ဒုံးကျည်ကို ရေပြင်/ မြေပြင် ပစ်မှတ်များကို တိုက်ခိုက်ရန် ပုံစံရေးဆွဲထုတ် လုပ်ထားခြင်းဖြစ်သည်။

 

ဆာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်သည် Mach 9 (အသံထက်ကိုးဆမြန်သည့်နှှုန်း) နှုန်းဖြင့် ပျံသန်းနိုင်စွမ်းရှိပြီး ကီလိုမီတာ ၁,၀၀၀ ကျော်က ပစ်မှတ်ကို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က အစော ပိုင်းကာလကပြောဆိုခဲ့သည်။

 

ရုရှားအစိုးရက ရုရှားရေတပ်၏ ရေငုပ်သင်္ဘောများနှင့် စစ်သင်္ဘောများတွင် ဆာကွန်ဟိုက်ပါဆောနစ်ဒုံးကျည် စနစ်ကို တပ်ဆင်သွားရန် ရည်ရွယ်ထားသည်။

 

ဗိုလ်ချုပ်ကြီးဂက်ရှ်ကော့ဗ်အမည်ရှိ ဖရီးဂိတ်စစ်သင်္ဘောမှာ မြောက်ပိုင်းရေယာဉ်အုပ်စုတွင် ခေတ်အမီဆုံး သင်္ဘောများထဲက သင်္ဘောတစ်စင်းဖြစ်သည်။ အဆိုပါသင်္ဘောကို ရုရှားနိုင်ငံ အနောက်မြောက်ပိုင်း စိန့် ပီ တာစဘတ်မြို့ရှိ ဆီဗာနာယာဗက်ဗ် သင်္ဘောကျင်းတွင် တည်ဆောက်ခဲ့ပြီး ၂၀၁၈ ခုနှစ် ဇူလိုင်လအတွင်းက စစ်ဆင်ရေးတာဝန်များ စတင်ထမ်းဆောင်ခဲ့သည်။

 

ယခုနှစ်အစောပိုင်းကာလကပြုလုပ်ခဲ့သော ဆာကွန်ဟိုက်ပါဆောနစ်ဒုံးကျည်များ ပစ်ခတ်ခဲ့သည့် စစ်ရေးလေ့ ကျင့်မှုတွင် ဗိုလ်ချုပ်ကြီးဂက်ရှ်ကော့ဗ်ဖရီးဂိတ်စစ်သင်္ဘော ပါဝင်ခဲ့သည်။ စစ်ရေးလေ့ကျင့်နေစဉ်အတွင်း အဆို ပါ ဖရီးဂိတ်စစ်သင်္ဘောသည် ဒုံးကျည်များကို အောင်မြင်စွာပစ်ခတ်နိုင်ခဲ့ကြောင်းသိရသည်။

 

Ref: Trial launches of Tsirkon hypersonic missiles from surface vessel to begin next month

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Trial launches of Tsirkon hypersonic missiles from surface vessel to begin next month

 

#PeopleMedia


Share this post