• Follow Us on

Home ရုရှားဘက်ကို လိုက်လျောတဲ့အနေနဲ့ ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်လျှောက်ထား ခြင်းမလုပ်တော့ပါဘူးလို့ ယူကရိန်းသမ္မတပြော

ရုရှားဘက်ကို လိုက်လျောတဲ့အနေနဲ့ ယူကရိန်းနိုင်ငံဟာ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ် ဆက်လက်လျှောက်ထား ခြင်းမလုပ်တော့ပါဘူးလို့ ယူကရိန်းသမ္မတပြော

Share this post

နိုင်ငံတကာ၊ မတ် ၉

 

ယူကရိန်းနိုင်ငံ နေတိုးအဖွဲ့ဝင်နိုင်ငံအဖြစ်ဝင်ခွင့်ရဖို့ ဆက်ပြီးတော့ မတောင်းဆိုတော့ပါဘူးလို့ ယူကရိန်းသမ္မတ ဗလာဒီမာဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

 

အဲဒီတောင်းဆိုချက်ဟာ အနောက်လိုလားတဲ့ယူကရိန်းနိုင်ငံ ကို ဝင်ရောက်တိုက်ခိုက်ရတဲ့အကြောင်းရင်းတွေထဲက အချက်တစ်ချက်ဖြစ်တယ်လို့ ရုရှားနိုင်ငံကဖော်ပြထား တဲ့အကြောင်းရင်းတွေထဲမှာပါပါတယ်။

 

ရုရှားဒေါသကို ပြေလျော့စေဖို့ နောက်ထပ်လိုက်လျောမှုတစ်ခုအနေနဲ့ ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်လာတဲ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မတိုင်ခင်မှာ ယူကရိန်းကနေ ခွဲထွက်သွားတဲ့ ရုရှားလိုလားတဲ့ နယ်မြေနှစ်ခုနဲ့ ပတ် သက်ပြီးတော့လည်း အပေးအယူအလျှော့အတင်းလုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ ဇီလန်စကီးက ပြောပါတယ်။ အဲ ဒီခွဲထွက်နယ်မြေနှစ်ခုရဲ့ လွတ်လပ်ရေးကြေညာချက်ကို ရုရှားနိုင်ငံက တရားဝင်အသိအမှတ်ပြုထားပါတယ်။

 

“နေတိုးအဖွဲ့ဟာ ယူကရိန်းကိုလက်ခံဖို့ အဆင်သင့်မဖြစ်ဘူးဆိုတာကို သဘောပေါက်လိုက်ပြီးတဲ့နောက်ပိုင်းမှာ ဒီမေးခွန်းနဲ့ပတ်သက်ပြီး အချိန်အကြာကြီးကတည်းက ကျွန်တော့်စိတ်ကို ဖြေလျှော့ထားလိုက်ပြီးပါပြီ။” လို့ သမ္မတဇီလန်စကီးက ABC သတင်းဌာနနဲ့ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောပါတယ်။

 

“မဟာမိတ်နိုင်ငံတွေဟာ အငြင်းပွားဖွယ်ရာအကြောင်းအရာတွေနဲ့ ရုရှားနိုင်ငံနဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာကို စိုးရိမ် ကြောက်လန့်နေကြတယ်။” လို့ ဇီလန်စကီးက ဖြည့်စွက်ပြောပါတယ်။

 

တစ်ခုခုကို ဒူးထောက်အသနားခံပြီးတောင်းနေရတဲ့နိုင်ငံတစ်နိုင်ငံမှာ သူ သမ္မတမဖြစ်ချင်ဘူးလို့ သမ္မတဇီလန်စ ကီးက နေတိုးအဖွဲ့ဝင်အဖြစ် လက်ခံဖို့တောင်းပန်နေရတဲ့ကိစ္စကို ရည်ညွှန်းပြီးပြောလိုက်ပါတယ်။

 

ရုရှားနိုင်ငံက ယူကရိန်းနေတိုးအဖွဲ့ထဲဝင်တာကို မလိုလားဘူးလို့ ပြောဆိုခဲ့ပြီးသားပါ။ နေတိုးအဖွဲ့ဆိုတာ ဥရောပ ဒေသကို ဆိုဗီယက်ပြည်ထောင်စုရန်ကနေ ကာကွယ်ဖို့အတွက် စစ်အေးတိုက်ပွဲအစကာလမှာ အတ္တလန်တိတ် သမုဒ္ဒရာကို ကျော်လွန်ဖွဲ့စည်းထားတဲ့ မဟာမိတ်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

 

လတ်တလောကာလတွေမှာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကို အရှေ့ဘက်ကိုတဖြည်းဖြည်းတိုး ချဲ့လာလိုက်တာ အ ရင်ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်ဟောင်းတွေပါ နေတိုးအဖွဲ့တွေထဲပါကုန်တဲ့အတွက် ရုရှားနိုင်ငံက အလွန်အ မင်းဒေါသထွက်နေပါတယ်။

 

နေတိုးအဖွဲ့ဝင်သစ်တွေက ရုရှားနိုင်ငံရဲ့ ဝင်ထွက်ပေါက်မှာလာရှိနေတာဟာ စစ်ရေးအရခြိမ်းခြောက်မှုတစ်ခုဖြစ် တာမို့ နေတိုးအင်အားကြီးမားလာတာကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ရုရှားနိုင်ငံက ရှုမြင်ထားပါတယ်။

 

၂၀၁၄ ခုနှစ်မှာ ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံအရှေ့ပိုင်းက ခွဲထွက် နယ်မြေနှစ်ခုဖြစ်တဲ့ ဒွန်းညှက်နဲ့ လူးဂန့်စ်ခ် နယ်မြေနှစ်ခုက လွတ်လပ်ရေးကြေညာလိုက်တာကို ရုရှားသမ္မတ ပူတင်က တရားဝင်အသိအမှတ်ပြုလိုက်ပြီး သိပ်မကြာခင်မှာပဲ ယူကရိန်းနိုင်ငံကို ရုရှားတပ်တွေဝင်ရောက်ကျူး ကျော်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

လက်ရှိအချိန်မှာ အဲဒီခွဲထွက်နှစ်နိုင်ငံကို ယူကရိန်းက အသိအမှတ်ပြုတာကို သမ္မတပူတင်က လိုလားနေပါ တယ်။ ရုရှားရဲ့ လိုလားချက်နဲ့ပတ်သက်ပြီး ABC သတင်းဌာနက သမ္မတဇီလန်စကီးကိုမေးမြန်းတဲ့အခါ ဇီလန် စကီးက “လုံခြုံရေးအာမခံချက်နဲ့ပတ်သက်ပြီး ကျွန်တော်ဆွေးနွေးသွားပါ့မယ်။” လို့ ပြောပါတယ်။

 

ယင်းခွဲထွက်သမ္မတနိုင်ငံအတုနှစ်နိုင်ငံကို ရုရှားနိုင်ငံကလွဲလို့ တခြားဘယ်နိုင်ငံကမှ အသိအမှတ်ပြုထားတာ မရှိ ကြောင်း ဇီလန်စကီးကပြောပါတယ်။ ဒါပေမဲ့ ဒီနယ်မြေနှစ်ခု ဘယ်လိုဆက်လက်ရှင်သန်ရပ်တည်မယ်ဆိုတာနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ဆွေးနွေးပြီး အပေးအယူအလျှော့အတင်းလုပ်ဖို့ နည်းလမ်းရှာဖွေနိုင်တယ်လို့လည်း သမ္မတဇီလန်စကီးက ပြောပါတယ်။

 

“ကျွန်တော့်အတွက်အရေးကြီးတာကတော့ အဲဒီဒေသတွေမှာရှိတဲ့ပြည်သူတွေ ဘယ်လိုဆက်လက် ရပ်တည် ရှင်သန်ကြမလဲဆိုတာပါပဲ။ ဘယ်သူက ယူကရိန်းနိုင်ငံသားအဖြစ် နေချင်သလဲ၊ ဘယ်သူက ယူကရိန်းနိုင်ငံထဲ မှာနေချင်သလဲဆိုတာ အရေးကြီးပါတယ်။ သူတို့ကို နိုင်ငံအဖြစ်အသိအမှတ်ပြုတာထက် အဲဒီမေးခွန်းကပိုပြီး တော့အရေးကြီးပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ဒါက နောက်ဆုံးရာဇသံပါ။ ကျွန်တော်တို့ ပြင်ဆင်မထားရသေးတဲ့ နောက်ဆုံးရာဇသံပါ။ လုပ်ရမယ့်အလုပ်က သမ္မတပူတင်အနေနဲ့ စပြီး စကားပြောဖို့ဖြစ်ပါတယ်။ အောက်ဆီဂျင်မပါတဲ့ လေပူပေါင်းသတင်းအချက်အလက် တွေထဲမှာ နေထိုင်နေမယ့်အစား စတင်ဆွေးနွေးဖို့ဖြစ်ပါတယ်။” လို့ သမ္မတဇီလန်စကီးကပြောပါတယ်။

 

Ref: In Nod to Russia, Ukraine Says No Longer Insisting on NATO Membership

 

#PeopleMedia

 

(unicode)


…………………………………………..

 


 


 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: In Nod to Russia, Ukraine Says No Longer Insisting on NATO Membership

 

#PeopleMedia


Share this post