• Follow Us on

Home ႐ုရွားလုပ္ ကိုဗစ္-၁၉ ကာကြယ္ေဆး စမ္းသပ္ခံရန္ အသင့္ရွိဟု ဖိလစ္ပိုင္သမၼတ ဒူတာေတး ေျပာ

႐ုရွားလုပ္ ကိုဗစ္-၁၉ ကာကြယ္ေဆး စမ္းသပ္ခံရန္ အသင့္ရွိဟု ဖိလစ္ပိုင္သမၼတ ဒူတာေတး ေျပာ

Share this post

ႏိုင္ငံတကာ၊ ၾသဂုတ္ ၁၃

ဖိလစ္ပိုင္သမၼတ ေရာ့ဒရီဂိုဒူတာေတးက ႐ုရွားတိုက္႐ိုက္ ရင္းႏွီးျမႇဳပ္ႏွံမႈ ရန္ပုံေငြအဖြဲ႕ (RDIF) က ထုတ္ လုပ္ခဲ့ေသာ ကိုဗစ္-၁၉ ကာကြယ္ေဆး တစ္မ်ိဳးကို ခ်ီးမြမ္းခဲ့ၿပီး သူ့အေနျဖင့္ အဆိုပါ ကာကြယ္ေဆး လက္ေတြ႕စမ္း သပ္ရာတြင္ ပထမဆုံးပါဝင္ရန္ အသင့္ရွိေၾကာင္း ေျပာၾကားလိုက္သည္။

“ကြၽန္ေတာ္ ႐ုရွားသမၼတ ပူတင္ကို ေျပာခ်င္တာကေတာ့ ကိုဗစ္-၁၉ ေရာဂါ တိုက္ဖ်က္ရာမွာ ႀကီးမားတဲ့ ယုံၾကည္မႈရွိၿပီး ႐ုရွားႏိုင္ငံ ထုတ္လုပ္တဲ့ ကာကြယ္ေဆးက လူသားေတြအတြက္ တစ္ကယ္ကို ေကာင္း မြန္ပါတယ္။ ကာကြယ္ေဆး လက္ေတြ႕ စမ္းသပ္မယ္ဆိုရင္ ကြၽန္ေတာ္ အစမ္းသပ္ခံမယ့္ ပထမဆုံးလူ ျဖစ္ႏိုင္ပါတယ္” ဟု ဒူတာေတးက ေျပာၾကားခဲ့သည္။

ကိုဗစ္-၁၉ ကာကြယ္ေဆး လက္ေတြ႕စမ္းသပ္မႈမ်ား၊ ေပးပို႔မႈႏွင့္ ထုတ္လုပ္မႈအတြက္ ႐ုရွားႏိုင္ငံႏွင့္ လက္ တြဲေဆာင္ရြက္ရန္ ဖိလစ္ပိုင္ႏိုင္ငံက အသင့္ရွိေၾကာင္း ဖိလစ္ပိုင္သမၼတ႐ုံးက ယေန႔ ေျပာၾကားသည္။

ယခုလအတြင္း ဖိလစ္ပိုင္ႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္ လက္ေတြ႕ စမ္းသပ္မႈမ်ား လုပ္ေဆာင္ရန္ အသင့္ရွိဟု RDIF အမႈေဆာင္အရာရွိခ်ဳပ္ ကီေရးလ္ဒီမီထရီးယက္ဗ္က ေျပာၾကားခဲ့သည္။

ကိုဗစ္-၁၉ ကာကြယ္ေဆးႏွစ္မ်ိဳး လက္ေတြ႕စမ္းသပ္မႈကို ႐ုရွားႏိုင္ငံ၌ ဇြန္လ ၁၈ ရက္တြင္ အဖြဲ႕အစည္း ႏွစ္ခု၌ စတင္ခဲ့ၿပီး စမ္းသပ္မႈတြင္ ပါဝင္သူ ၃၈ ဦးစလုံး ဗိုင္းရပ္စ္ခံႏိုင္ရည္ရွိကာ ပထမအသုတ္ကို ဇူလိုင္ ၁၅ ရက္၊ ဒုတိယအသုတ္ကို ဇူလိုင္လ ၂၀ ရက္တြင္ ေဆး႐ုံမွ ဆင္းခြင့္ျပဳခဲ့သည္။

ဖိလစ္ပိုင္ႏိုင္ငံတြင္ ကိုဗစ္-၁၉ ကူးစက္မႈ ၁၃၆၀၀၀ ေက်ာ္ႏွင့္ ေသဆုံးသူ ၂၂၉၄ ဦးရွိလာခဲ့သည္။

ဖိလစ္ပိုင္ ႏိုင္ငံ၌ ေန႔အလိုက္ ဗိုင္းရပ္စ္ ကူးစက္မႈမွာ ၇၀၀၀ နီးပါးရွိလာခဲ့ၿပီး ကမၻာေပၚတြင္ ဆဌမေျမာက္ႏွင့္ ေဒသတြင္း အျမင့္ဆုံး ကူးစက္မႈႏႈန္း ျဖစ္လာခဲ့သည္။

ကိုးကား – စပြတ္ညစ္

Ref; Philippine President Duterte ready to be first to test Russian COVID-19 vaccine

#PeopleMedia

(unicode)
ရုရှားလုပ် ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်ခံရန် အသင့်ရှိဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေး ပြော
………………………………………………

နိုင်ငံတကာ၊ ဩဂုတ် ၁၃

ဖိလစ်ပိုင်သမ္မတ ရော့ဒရီဂိုဒူတာတေးက ရုရှားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့ (RDIF) က ထုတ် လုပ်ခဲ့သော ကိုဗစ်-၁၉ ကာကွယ်ဆေး တစ်မျိုးကို ချီးမွမ်းခဲ့ပြီး သူ့အနေဖြင့် အဆိုပါ ကာကွယ်ဆေး လက်တွေ့စမ်း သပ်ရာတွင် ပထမဆုံးပါဝင်ရန် အသင့်ရှိကြောင်း ပြောကြားလိုက်သည်။

“ကျွန်တော် ရုရှားသမ္မတ ပူတင်ကို ပြောချင်တာကတော့ ကိုဗစ်-၁၉ ရောဂါ တိုက်ဖျက်ရာမှာ ကြီးမားတဲ့ ယုံကြည်မှုရှိပြီး ရုရှားနိုင်ငံ ထုတ်လုပ်တဲ့ ကာကွယ်ဆေးက လူသားတွေအတွက် တစ်ကယ်ကို ကောင်း မွန်ပါတယ်။ ကာကွယ်ဆေး လက်တွေ့ စမ်းသပ်မယ်ဆိုရင် ကျွန်တော် အစမ်းသပ်ခံမယ့် ပထမဆုံးလူ ဖြစ်နိုင်ပါတယ်” ဟု ဒူတာတေးက ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး လက်တွေ့စမ်းသပ်မှုများ၊ ပေးပို့မှုနှင့် ထုတ်လုပ်မှုအတွက် ရုရှားနိုင်ငံနှင့် လက် တွဲဆောင်ရွက်ရန် ဖိလစ်ပိုင်နိုင်ငံက အသင့်ရှိကြောင်း ဖိလစ်ပိုင်သမ္မတရုံးက ယနေ့ ပြောကြားသည်။

ယခုလအတွင်း ဖိလစ်ပိုင်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် လက်တွေ့ စမ်းသပ်မှုများ လုပ်ဆောင်ရန် အသင့်ရှိဟု RDIF အမှုဆောင်အရာရှိချုပ် ကီရေးလ်ဒီမီထရီးယက်ဗ်က ပြောကြားခဲ့သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေးနှစ်မျိုး လက်တွေ့စမ်းသပ်မှုကို ရုရှားနိုင်ငံ၌ ဇွန်လ ၁၈ ရက်တွင် အဖွဲ့အစည်း နှစ်ခု၌ စတင်ခဲ့ပြီး စမ်းသပ်မှုတွင် ပါဝင်သူ ၃၈ ဦးစလုံး ဗိုင်းရပ်စ်ခံနိုင်ရည်ရှိကာ ပထမအသုတ်ကို ဇူလိုင် ၁၅ ရက်၊ ဒုတိယအသုတ်ကို ဇူလိုင်လ ၂၀ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက်မှု ၁၃၆၀၀၀ ကျော်နှင့် သေဆုံးသူ ၂၂၉၄ ဦးရှိလာခဲ့သည်။

ဖိလစ်ပိုင် နိုင်ငံ၌ နေ့အလိုက် ဗိုင်းရပ်စ် ကူးစက်မှုမှာ ၇၀၀၀ နီးပါးရှိလာခဲ့ပြီး ကမ္ဘာပေါ်တွင် ဆဌမမြောက်နှင့် ဒေသတွင်း အမြင့်ဆုံး ကူးစက်မှုနှုန်း ဖြစ်လာခဲ့သည်။

ကိုးကား – စပွတ်ညစ်

Ref; Philippine President Duterte ready to be first to test Russian COVID-19 vaccine

#PeopleMedia


Share this post