• Follow Us on

Home ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Spuntnik Light COVID-19 ကာကွယ်ဆေး (၄) သိန်း မြန်မာ နိုင်ငံသို့ရောက်ရှိ

ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Spuntnik Light COVID-19 ကာကွယ်ဆေး (၄) သိန်း မြန်မာ နိုင်ငံသို့ရောက်ရှိ

Share this post

ရန်ကုန်၊ ဇန်နဝါရီ ၁၃ (People Media)

 

ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသော Spuntnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး (၄) သိန်း Doses သည် ဇန်နဝါရီ ၁၃ ရက်နေ့၌ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့သည်။

 

ရုရှားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့လှူဒါန်းသော Spuntnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး (၄) သိန်း Doses အားလွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များဧည့်ခန်း မဆောင်တွင်ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ရုရှားသမ္မ တနိုင်ငံသံအမတ်ကြီး H.E Dr. Nikolay Listopadov တို့တက်ရောက်ပါသည်။

 

အခမ်းအနားတွင် ရုရှားနိုင်ငံသံအမတ်ကြီးမှ ကာကွယ်ဆေးများအား ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေး အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် အထောက်အကူဖြစ်စေ ရန်အတွက် ကာကွယ်ဆေးများလှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ ရှေ့ဆက်၍ ရုရှား-မြန်မာချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအား ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယနေ့ရုရှားနိုင်ငံမှ ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် လှူဒါန်းသော Spuntnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေးတွင် များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ကျင်းပပြုလုပ်သည့်အခမ်းအနားသည် သမိုင်းဝင်အ ခမ်းအနားဖြစ်ပြီး ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို အနာဂတ်မျိုးဆက်သစ်များအနေဖြင့် သိ ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

 

ရုရှားနိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေး (၄) သိန်း Doses နှင့် ဝယ်ယူထားသည့်ကာကွယ်ဆေး (၆) သိန်း Doses စုစုပေါင်းကာကွယ်ဆေး (၁) သန်း Doses သည် ယနေ့နှင့် (၁၆-၁-၂၀၂၂) တွင် အသီးသီး ရောက်ရှိ မည်ဖြစ်ပါသည်။

 

#PeopleMedia #ရုရှား #မြန်မာ #SpuntnikLight

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post