• Follow Us on

Home ႐ုရွားသမၼတ ဗလာဒီမာပူတင္ က်န္းမာေရးေၾကာင့္ လာမည့္ႏွစ္အေစာပိုင္းတြင္ ရာထူးမွႏွုတ္ထြက္ဖြယ္ရွိ

႐ုရွားသမၼတ ဗလာဒီမာပူတင္ က်န္းမာေရးေၾကာင့္ လာမည့္ႏွစ္အေစာပိုင္းတြင္ ရာထူးမွႏွုတ္ထြက္ဖြယ္ရွိ

Share this post

႐ုရွားသမၼတ ဗလာဒီမာပူတင္က က်န္းမာေရးအေျခအေနေၾကာင့္ လာမည့္ႏွစ္အေစာပိုင္းတြင္ ရာထူးမွ ႏွုတ္ထြက္ရန္ စီစဥ္ေနေၾကာင္း ေမာ္စကိုၿမိဳ့ရွိ သတင္းရင္းျမစ္မ်ားက ေျပာသည္။
မၾကာေသးမီက ထုတ္ျပန္ခဲ့သည့္ ႐ုပ္သံဖိုင္မ်ားအရ အသက္ ၆၈ ႏွစ္အရြယ္ သမၼတ ဗလာဒီမာပူတင္၌ ပါကင္ဆန္ေရာဂါလကၡဏာမ်ား ရွိေနဖြယ္ရွိေၾကာင္း ေလ့လာေစာင့္ၾကည့္သူမ်ားက ေျပာသည္။
ဗလာဒီမာပူတင္၏ခ်စ္သူ အသက္ ၃၇ ႏွစ္အရြယ္ ကၽြမ္းဘားမယ္ေဟာင္း အလီနာကာေဘဗာက ရာထူးမွ ႏွုတ္ထြက္ရန္ ပူတင္အား ေတာင္းဆိုလ်က္ရွိေၾကာင္း သိရသည္။
ပူတင္၏ ေျခေထာက္မ်ားက စဥ္ဆက္မျပတ္ ေရြ႕လ်ားေနသည္ဟု ထင္ရၿပီး ကုလားထိုင္ကိုကိုင္ထားစဥ္ နာက်င္ေနပုံရေၾကာင္း မၾကာေသးမီက ပူတင္၏ ႐ုပ္သံဖိုင္မ်ားကို ေလ့လာခဲ့သည့္ ေစာင့္ၾကည့္ေလ့လာသူမ်ားက ေျပာသည္။
သမၼတ ဗလာဒီမာပူတင္၌ ပါကင္ဆန္ေရာဂါလကၡဏာမ်ား ရွိေနဖြယ္ရွိေၾကာင္း ေမာ္စကိုၿမိဳ့ရွိ နိုင္ငံေရး သိပၸံ ပါေမာကၡ ဗယ္လာရီဆိုလိုဗီက ေျပာၾကားခဲ့သည္။
အလီနာႏွင့္ သမီးမ်ားျဖစ္သူ အသက္ ၃၅ ႏွစ္အရြယ္ မာရီယာဗိုရြန္ဆိုဗာႏွင့္ အသက္ ၃၄ ႏွစ္အရြယ္ ကတ္ ထရီနာတီခိုနိုဗာတို့က ပူတင္အား ရာထူးမွႏွုတ္ထြက္ရန္ ဖိအားေပးေနသည္ဟု သိရွိထားေၾကာင္း ၄င္းက ဆို သည္။
ပူတင္က ၄င္း၏ေနရာ ဆက္ခံသူျဖစ္လာနိုင္သည့္ ဝန္ႀကီးခ်ဳပ္သစ္တစ္ဦး မၾကာမီ ခန္႔အပ္မည္ဟု ဗယ္ လာရီက ခန္႔မွန္းလိုက္သည္။
ပူတင္ကိုယ္တိုင္က က်န္းမာေၾကာင္း ျပသလိုေသာေၾကာင့္ အမဲလိုက္ျခင္း၊ ေသနတ္ပစ္ခတ္ျခင္း၊ ျမင္းစီး ျခင္းႏွင့္ ေရခဲျပင္ ေဟာ္ကီကစားျခင္း အစရွိသည့္ဓာတ္ပုံမ်ား ပုံမွန္ ထုတ္ျပန္ေလ့ရွိသည္။
Ref; Vladimir Putin, 68, ‘set to resign as Russian president early next year amid fears he has Parkinson’s’
(unicode)
ရုရှားသမ္မတ ဗလာဒီမာပူတင် ကျန်းမာရေးကြောင့် လာမည့်နှစ်အစောပိုင်းတွင် ရာထူးမှနှုတ်ထွက်ဖွယ်ရှိ
……………………………..
ရုရှားသမ္မတ ဗလာဒီမာပူတင်က ကျန်းမာရေးအခြေအနေကြောင့် လာမည့်နှစ်အစောပိုင်းတွင် ရာထူးမှ နှုတ်ထွက်ရန် စီစဉ်နေကြောင်း မော်စကိုမြို့ရှိ သတင်းရင်းမြစ်များက ပြောသည်။
မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ရုပ်သံဖိုင်များအရ အသက် ၆၈ နှစ်အရွယ် သမ္မတ ဗလာဒီမာပူတင်၌ ပါကင်ဆန်ရောဂါလက္ခဏာများ ရှိနေဖွယ်ရှိကြောင်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
ဗလာဒီမာပူတင်၏ချစ်သူ အသက် ၃၇ နှစ်အရွယ် ကျွမ်းဘားမယ်ဟောင်း အလီနာကာဘေဗာက ရာထူးမှ နှုတ်ထွက်ရန် ပူတင်အား တောင်းဆိုလျက်ရှိကြောင်း သိရသည်။
ပူတင်၏ ခြေထောက်များက စဉ်ဆက်မပြတ် ရွေ့လျားနေသည်ဟု ထင်ရပြီး ကုလားထိုင်ကိုကိုင်ထားစဉ် နာကျင်နေပုံရကြောင်း မကြာသေးမီက ပူတင်၏ ရုပ်သံဖိုင်များကို လေ့လာခဲ့သည့် စောင့်ကြည့်လေ့လာသူများက ပြောသည်။
သမ္မတ ဗလာဒီမာပူတင်၌ ပါကင်ဆန်ရောဂါလက္ခဏာများ ရှိနေဖွယ်ရှိကြောင်း မော်စကိုမြို့ရှိ နိုင်ငံရေး သိပ္ပံ ပါမောက္ခ ဗယ်လာရီဆိုလိုဗီက ပြောကြားခဲ့သည်။
အလီနာနှင့် သမီးများဖြစ်သူ အသက် ၃၅ နှစ်အရွယ် မာရီယာဗိုရွန်ဆိုဗာနှင့် အသက် ၃၄ နှစ်အရွယ် ကတ် ထရီနာတီခိုနိုဗာတို့က ပူတင်အား ရာထူးမှနှုတ်ထွက်ရန် ဖိအားပေးနေသည်ဟု သိရှိထားကြောင်း ၎င်းက ဆို သည်။
ပူတင်က ၎င်း၏နေရာ ဆက်ခံသူဖြစ်လာနိုင်သည့် ဝန်ကြီးချုပ်သစ်တစ်ဦး မကြာမီ ခန့်အပ်မည်ဟု ဗယ် လာရီက ခန့်မှန်းလိုက်သည်။
ပူတင်ကိုယ်တိုင်က ကျန်းမာကြောင်း ပြသလိုသောကြောင့် အမဲလိုက်ခြင်း၊ သေနတ်ပစ်ခတ်ခြင်း၊ မြင်းစီး ခြင်းနှင့် ရေခဲပြင် ဟော်ကီကစားခြင်း အစရှိသည့်ဓာတ်ပုံများ ပုံမှန် ထုတ်ပြန်လေ့ရှိသည်။
Ref; Vladimir Putin, 68, ‘set to resign as Russian president early next year amid fears he has Parkinson’s’


Share this post