• Follow Us on

Home ရုရှားအင်ဂျင်နီယာများ အင်စတာဂရမ်နှင့် တစ်ထပ်တည်းတူသော အပလီကေးရှင်းအသစ် ရေးဆွဲပြင်ဆင်နေ

ရုရှားအင်ဂျင်နီယာများ အင်စတာဂရမ်နှင့် တစ်ထပ်တည်းတူသော အပလီကေးရှင်းအသစ် ရေးဆွဲပြင်ဆင်နေ

Share this post

နိုင်ငံတကာ၊ မတ် ၁၇

 

နိုင်ငံရေးအတားအဆီးတစ်ခုကြောင့် လူမှုကွန်ရက်အများစုကို ပိတ်ပင်လိုက်ပြီး ဖေ့စ်ဘွတ်ခ်အပလီကေးရှင်းကို ကျော်လွှားပြီးနောက် သီတင်းပတ်တစ်ပတ်မပြည့်မီအချိန်အတွင်း ရုရှားအင်ဂျင်နီယာတွေက အင်စတာဂရမ်နဲ့ တစ်ထပ်တည်းတူအောင်ပြုလုပ်ထားတဲ့ ဓာတ်ပုံတွေမျှဝေလို့ရတဲ့ လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုကို စတင် အသုံးပြုဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။

 

ရုရှားစွန့်ဦးတီထွင်သူနှစ်ဦးဖြစ်တဲ့ အလက်ဇန္ဒားဇိုဗော့နဲ့ ကီရီလ်ဖီလီမိုနော့ဗ်တို့ဟာ သူတို့လုပ်နေတဲ့အလုပ်နဲ့ ပတ်သက်ပြီး အောင်မြင်ရမယ်လို့ ယုံကြည်ထားသူတွေဖြစ်ပါတယ်။

 

သူတို့နှစ်ဦးရဲ့ “Rossgram” ဆိုတဲ့အပလီ ကေးရှင်းဟာ ရုရှားတွေအတွက် အင်စတာဂရမ်ကိုယ်ပွားအဖြစ် တာဝန်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

 

ဒီအပလီကေးရှင်း ဘယ်လိုအလုပ်လုပ်တယ်ဆိုတာကို အသေးစိတ်ထုတ်ဖော်ပြာဆိုခြင်းမရှိပေမဲ့ စာသား font တွေ၊ အရောင်အသွေးတွေက အင်စတာဂရမ်အတိုင်းထပ်တူနည်းပါးတူညီတယ်လို့ဆိုပါတယ်။

 

အပလီကေးရှင်းအသစ်ဟာ မတ်လ ၂၈ ရက်နေ့မှာ Android နဲ့ iOS တို့ကနေ စတင်ထုတ်လွှင့်အသုံးပြုမယ်လို့ သိရပြီး ပုံမှန်တွေ့မြင်နေကျ အဆင်တန်ဆာများရော monetization အသွင်အပြင်အသစ်တွေပါ ပါဝင်မှာဖြစ် ကြောင်း “Rossgram” ဝက်ဆိုက်မှာဖော်ပြထားချက်အရ သိရပါတယ်။

 

ဒီအပလီကေးရှင်းကို ဒီဇိုင်းရေးဆွဲထုတ်လုပ်သူတွေက အင်စတာဂရမ်သတင်းအချက်အလက်တွေကို အလွယ် တကူ ကျော်လွှားနိုင်ဖို့ နည်းလမ်းရှာဖွေထုတ်လုပ်ထားတာဖြစ်ကြောင်း အပလီကေးရှင်းရဲ့ တရားဝင်တယ်လီဂ ရမ် page မှာဖော်ပြထားပါတယ်။

 

အလက်ဇန္ဒားဇိုဗော့က သူနဲ့ အပလီကေးရှင်းဒီဇိုင်းရေးဆွဲထုတ်လုပ်ခဲ့တဲ့အုပ်စုဟာ ရုရှားအစိုးရရဲ့ အင်စတာ ဂရမ်ပိတ်ပင်မှုအတွက် အသင့်ပြင်ဆင်ထားပြီးဖြစ်တယ်လို့ ပြောဆိုကြောင်း ရိုက်တာသတင်းဌာနမှာဖော်ပြ ထားပါတယ်။

 

ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်ပြီးတဲ့နောက်မှာ Meta (ဖေ့စ်ဘွတ်ကုမ္ပဏီ) က ကြမ်းတမ်း တဲ့စကားလုံးတွေနဲ့ပတ်သက်တဲ့ မူဝါဒကို ပြောင်းလဲခဲ့ပြီး ယူကရိန်းနဲ့ အရှေ့ဥရောပနိုင်ငံတွေမှာရှိတဲ့ ဖေ့စ်ဘွတ် နဲ့ အင်စတာဂရမ်အသုံးပြုသူတွေကို ရုရှားတပ်တွေနဲ့ ဗလာဒီမာပူတင်တို့လို ရုရှားစစ်တပ်အရာရှိတွေကို ခြိမ်း ခြောက်ဖို့အတွက် စစ်ကာလအတွင်း လွတ်လပ်ခွင့်ဆိုပြီး (ကြမ်းတမ်းတဲ့အသုံးအနှုန်းတွေကိုသုံးစွဲခွင့်) ခွင့်ပြုခဲ့ ပါတယ်။

 

Meta (ဖေ့စ်ဘွတ်ကုမ္ပဏီ) ရဲ့ ဆုံးဖြတ်ချက်က အစောပိုင်းနေ့ရက်တွေမှာ တွစ်တာမူဝါဒတွေပြောင်းလဲလိုက်ပြီး ရှေ့ဆင့်နောက်ဆင့်ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပါတယ်။

 

Rossgram အပလီကေးရှင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပြု ပြောကြားပေးဖို့ Gizmodo ဝက်ဆိုက်ရဲ့တောင်းဆို ချက်ကို Meta (ဖေ့စ်ဘွတ်ကုမ္ပဏီ) တုံ့ပြန်ပြောကြားခြင်းမရှိ ပါဘူး။

 

Ref: Iron Curtain Instagram: Russian Engineers Clone Zuck’s Photo App

 

#PeopleMedia

 

(unicode)


………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: Iron Curtain Instagram: Russian Engineers Clone Zuck’s Photo App

 

#PeopleMedia


Share this post