• Follow Us on
Latest News

Home ရုရှားအရေးဆွေးနွေးရန် နေတိုးအဖွဲ့ အထူးအစည်းအဝေးကျင်းပမည်

ရုရှားအရေးဆွေးနွေးရန် နေတိုးအဖွဲ့ အထူးအစည်းအဝေးကျင်းပမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၅ (People Media)

 

ယူကရိန်းနယ်စပ်တွင် ရုရှားတပ်များအင်အားအလုံးအရင်းစုဖွဲ့နေသည်ကိစ္စနှင့်ပတ်သက်၍ ဆွေးနွေးရန်အတွက် နေတိုးအဖွဲ့အနေဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများပါဝင်သည့် အထူးအစည်းအဝေးတစ်  ရပ်ကျင်းပသွားမည်ဖြစ်ကြောင်း ဇန်နဝါရီလ ၄ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

 

အွန်လိုင်းဆွေးနွေးပွဲတွင် နေတိုးအဖွဲ့နိုင်ငံခြားရေးဝန်ကြီးများသည် ရုရှားအရေးနှင့် ဥရောပလုံခြုံရေးကိစ္စရပ်များ ကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။ ယခုဆွေးနွေးပွဲကို နေတိုးအတွင်းရေး မှူး ဂျန်းဆော့တန်းဘာ့ဂျ်ကြေညာထားသည့် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် ပြုလုပ်မည့် နေတိုး-ရုရှားကောင်စီအ စည်းအဝေးမတိုင်မီ ရက်ပိုင်းအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

 

လတ်တလောလများအတွင်း ရုရှားအစိုးရနှင့် အနောက်နိုင်ငံများကြားတွင် ဆက်ဆံရေးတင်းမာမှုများမြင့်တက် လျက်ရှိပြီး ရုရှားနိုင်ငံအနေဖြင့် ယူကရိန်းနယ်စပ်အနီးတွင် စစ်အင်အား ၁၀၀,၀၀၀ ကျော်တပ်ဖြန့်ချထားရာ ယူ ကရိန်းတစ်နိုင်ငံလုံးကိုကျူးကျော်တိုက်ခိုက်ရန်စီစဉ်နေကြောင်း အမေရိကန်အရာရှိများကသတိပေးထားသည်။

 

ဥရောပ၏ ထိပ်တန်းသံတမန်တစ်ဦးဖြစ်သူ ဂျိုးဇက်ဘာရယ်သည် လက်ရှိအချိန်တွင် ယူကရိန်းနိုင်ငံသို့ရောက်ရှိ နေပြီး ၎င်း၏ နှစ်ရက်ကြာခရီးစဉ်တွင် ရုရှားနိုင်ငံကထောက်ပံ့ထားသည့် ခွဲထွက်ရေးဝါဒီများနှင့် ယူကရိန်းတပ်ဖွဲ့ ဝင်များ တိုက်ခိုက်နေကြသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်းသို့လည်း သွားရောက်ရန် စီစဉ်ထားသည်။

 

နေတိုးအစည်းအဝေးနှစ်ခုမှာ ဆက်စပ်နေပြီး သောကြာနေ့ (ဇန်နဝါရီလ ၇ ရက်) တွင်ကျင်းပမည့် နေတိုးနိုင်ငံ ခြားရေးဝန်ကြီးများ၏ အွန်လိုင်းအစည်းအဝေးမှာ ယူကရိန်းနိုင်ငံကို ရုရှားနိုင်ငံက ကျူးကျော်တိုက်ခိုက်လာပါက ဥရောပလုံခြုံရေးနှင့်ပတ်သက်၍ နေတိုးအဖွဲ့ဝင်နိုင်ငံများကြားတွင် ဆက်လက်ပေါင်းစပ်ညှိနှိုင်းရေး၏ အစိတ်အ ပိုင်းတစ်ရပ်ဖြစ်သည်။

 

ရုရှားအစိုးရကမူ ယူကရိန်းနိုင်ငံကို အနောက်အုပ်စုက လက်နက်တပ်ဆင်ပေးနေမှုကို စိုးရိမ်ပူပန်မိကြောင်း၊ ရု ရှားနိုင်ငံအနေဖြင့် နေတိုးလက်နက်များဖြန့်ကျက်ထားမှုနှင့် အရှေ့ဘက်သို့ စစ်အင်အားတိုးချဲ့လာမှုနှင့် ပတ် သက်၍ စိုးရိမ်သဖြင့် ရုရှားနိုင်ငံ၏လုံခြုံရေးကို တရားဝင်စာချုပ်စာတမ်းနှင့် အာမခံချက်ပေးရန် တောင်းဆိုလျက် ရှိသည်။

 

တင်းမာမှုများလျှော့ချရန်အတွက် အနောက်အုပ်စုနိုင်ငံများနှင့် ရုရှားနိုင်ငံကြား အခြားအစည်းအဝေးများလည်း ကျင်းပရန်စီစဉ်ထားပြီးဖြစ်သည်။ ရုရှားအစိုးရသည် ယူကရိန်း၊ ဂျာမနီ၊ ပြင်သစ်နိုင်ငံတို့နှင့် ဇန်နဝါရီ ၆ ရက် နေ့ တွင် ဆွေးနွေးသွားရန်စီစဉ်ထား ကြောင်း ရုရှားအစိုးရပိုင်သတင်းဌာန Interfax က ဇန်နဝါရီ ၃ ရက်နေ့က ကြေ ညာခဲ့သည်။ အမေရိကန်နှင့် ရုရှားအစိုးရတို့သည် ဂျီနီဗာမြို့၌ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် တွေ့ဆုံဆွေး နွေး မည်ဖြစ်သည်။ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် နေတိုး-ရုရှားကောင်စီ ဆွေးနွေးပွဲကို ကျင်းပသွားမည်ဖြစ်သည်။

 

Ref: NATO calls extraordinary meeting to discuss Russia

 

#PeopleMedia

 

(unicode)


………………………………………………………

 


 


 


 


 


 


 


 


 

Ref: NATO calls extraordinary meeting to discuss Russia

 

#PeopleMedia


Share this post