• Follow Us on
Latest News

Home ရုရှားဦးဆောင်သောတပ်ဖွဲ့ဝင်များ ကာဇက်စတန်မှ နှစ်ရက်အတွင်း စတင်ထွက်ခွာမည်

ရုရှားဦးဆောင်သောတပ်ဖွဲ့ဝင်များ ကာဇက်စတန်မှ နှစ်ရက်အတွင်း စတင်ထွက်ခွာမည်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁ (People Media)

 

ရုရှားနိုင်ငံကဦးဆောင်သော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နိုင်ငံတွင်းမှ နှစ်ရက်အတွင်း ပြန်လည်ထွက်ခွာသွား တော့မည်ဖြစ်ကြောင်းနှင့် တပ်ဆုတ်ခွာမှုမှာ ၁၀ ရက်ထက် မပိုကြောင်း ကာဇက်စတန်သမ္မတ ကတ်ဆန်ဂျိုး မတ်တိုကာယက်ဗ်က ဇန်နဝါရီလ ၁၁ ရက်နေ့က ပြောကြားလိုက်သည်။

 

“CSTO (စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့) ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေရဲ့ အဓိကတာဝန်တွေ အောင်မြင်  စွာ ပြီးဆုံးသွားပါပြီ။” ဟု သမ္မတတိုကာယက်ဗ်ကပြောသည်။

 

“နှစ်ရက်အတွင်းမှာ CSTO ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင်တွေ အဆင့်ဆင့် စတင်ဆုတ်ခွာသွားတော့မှာပါ။ တပ်ဖွဲ့အားလုံးဆုတ်ခွာဖို့ အချိန် ၁၀ ရက်ထက် မပိုပါဘူး။” ဟု အွန်လိုင်းမှတစ်ဆင့်ပြောကြားသည့်မိန့်ခွန်းတွင် သမ္မတတိုကာယက်ဗ်ကထည့်သွင်းပြောကြားသွားသည်။

 

ကာဇက်စတန်နိုင်ငံတွင်း အစိုးရဆန့်ကျင်သူများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များကြား လက်နက်ကိုင်ပဋိပက္ခများဖြစ် ပွားကာ မြို့တော်အယ်မာတီတွင် ခိုးဆိုးလုယက်မှုများပေါ်ပေါက်လာခဲ့ပြီးနောက် လွန်ခဲ့သည့်သီတင်းပတ် အ တွင်း အကျပ်အတည်းထိပ်ဆုံးသို့ရောက်ရှိလာသည့်အချိန်တွင် CSTO ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့ဝင် အင် အား ၂,၀၀၀ ကျော်ကို ကာဇက်စတန်နိုင်ငံသို့ စေလွှတ်ခဲ့သည်။

 

သမ္မတတိုကာယက်ဗ်သည် ဇန်နဝါရီလ ၁၁ ရက်နေ့က လွှတ်တော်အမတ်များအားလုံးထောက်ခံမှုနှင့်အတူ အ မည်စာရင်းတင်သွင်းထားသော ခေတ္တဝန်ကြီးချုပ်အလီခန်းဆမီလပ်ဗ်ကို အမြဲတမ်းဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် ထောက်ခံခဲ့ပြီး ၎င်းရာထူးနေရာကို ထပ်မံမြှင့်တင်လိုသည့်သဘောရှိကြောင်းတွေ့ရသည်။

 

ကာဇက်စတန်နိုင်ငံတွင် လွန်ခဲ့သည့်သီတင်းပတ်က နိုင်ငံ၏အနောက်ပိုင်းတွင် လောင်စာဆီဈေးနှုန်းများမြင့် တက်မှုကို အကြောင်းပြ၍ ငြိမ်းချမ်းစွာဆန္ဒပြခဲ့ရာမှ ပေါ်ထွက်လာသော ဆူပူအုံကြွမှုကြောင့် လူအများအပြား သေဆုံးခဲ့ရပြီး ပြည်ပနိုင်ငံမှ အကြမ်းဖက်သမားများ၏ ပံ့ပိုးကူညီမှုဖြင့် အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းခဲ့ကြသည်။ သို့သော် အကျပ်အတည်းမှာ အစိုးရထိပ်ပိုင်းအာဏာလုမှုဖြစ်ကြောင်း  ထုတ်ဖော်ပြသခဲ့သည်။

 

တိုကာယက်ဗ်၏ ဆရာသမားဖြစ်သူ အသက် ၈၁ နှစ်အရွယ် သမ္မတဟောင်းနာဆူလတန်နာဇာဘယက်ဗ်သည် မြို့တော် နာ-ဆူလတန်တွင်ရှိနေပြီး သမ္မတတိုကာယက်ဗ်နှင့် ဆွေးနွေးနေကြောင်း နာဇာဘယက်ဗ်ကိုထောက်  ခံသူကပြောသော်လည်း နာဇာဘယက်ဗ်သည် အကျပ်အတည်းပြဿနာစဖြစ်ကတည်းက လူထုရှေ့သို့ထွက် ပေါ်လာခြင်းမရှိပေ။

 

အစိုးရအပေါ် အငြိမ်းစားသမ္မတ၏သြဇာအာဏာဆက်လက်လွှမ်းမိုးတည်တံ့စေမှုအဖြစ် လူအများက နာဇယဘ ယက်ဗ်၏ အဓိကမဟာမိတ်အဖြစ်ရှုမြင်ထားသူ အမျိုးသားလုံခြုံရေးကော်မတီအကြီးအကဲဟောင်း ကာရမ်မာဆီ မော့ဗ်ကို ဇန်နဝါရီလ ၈ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

 

Ref: Russia-Led Troops to Begin Leaving Kazakhstan in 2 Days — President

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Russia-Led Troops to Begin Leaving Kazakhstan in 2 Days — President

 

#PeopleMedia


Share this post