• Follow Us on

Home ရုရှားဦးဆောင်သောလုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်အကန့်အသတ်တစ်ခုအထိသာ ကာဇက်စတန်တွင် ရှိနေမည် ဖြစ်ကြောင်း ပူတင်ပြော

ရုရှားဦးဆောင်သောလုံခြုံရေးတပ်ဖွဲ့ဝင်များ အချိန်အကန့်အသတ်တစ်ခုအထိသာ ကာဇက်စတန်တွင် ရှိနေမည် ဖြစ်ကြောင်း ပူတင်ပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၁ (People Media)

 

ကာဇက်စတန်နိုင်ငံတွင်း ဆူပူအုံကြွမှုများကို ထိန်းသိမ်းရန် ရုရှားဦးဆောင်သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များစေလွှတ် ခဲ့ရာ အဆိုပါတပ်ဖွဲ့ဝင်များအနေဖြင့် ကာဇက်စတန်နိုင်ငံတွင် အချိန်အကန့်အသတ်တစ်ခုအထိသာ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က ဇန်နဝါရီလ ၁၀ ရက်နေ့ကပြောကြားလိုက်သည်။

 

“CSTO ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့တွေကို ကာဇက်စတန်ကို စေလွှတ်ခဲ့ပါတယ်။ ဒီတပ်ဖွဲ့ဝင်တွေဟာ ကာ ဇက်စတန်မှာ အချိန်အကန့်အသတ်တစ်ခုအထိပဲ ရှိနေမယ်ဆိုတာ ပြောပြချင်ပါတယ်။” ဟု ယခင်ဆိုဗီယက် ပြည်ထောင်စုဟောင်းအဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များအစည်းအဝေးတွင် ရုရှားသမ္မတပူတင်က ပြောကြား ခဲ့ခြင်းဖြစ်သည်။

 

ကာဇက်စတန်နိုင်ငံအနောက်ပိုင်းတွင် လောင်စာဆီဈေးနှုန်းများမြင့်တက်လာမှုကြောင့် ဆန္ဒပြပွဲများပေါ်ထွက် လာခဲ့ပြီး ယခုလအစောပိုင်းက မမျှော်လင့်ဘဲ ဆူပူအုံကြွမှုများဖြစ်ပေါ်လာခဲ့ရာ ယခင်ဆိုဗီယက်အဖွဲ့ဝင်ဟောင်း ကာဇက်စတန်နိုင်ငံမှာ ဝရုန်းသုန်းကားဖြစ်လျက်ရှိသည်။

 

ဆူပူအကြမ်းဖက်မှုတွင် လူအများအပြားသေဆုံးခဲ့ပြီး လူဦးရေ ၈၀၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံထားရကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

 

ကာဇက်စတန်နိုင်ငံတွင် နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းများ အကြမ်းဖက်တိုက်ခိုက်မှုကို ရင်ဆိုင်နေရသ ဖြင့် ကာဇက်စတန်သမ္မတ၏ မေတ္တာရပ်ခံချက်ကြောင့် စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ဝင်နိုင်ငံများမှ တပ်ဖွဲ့ဝင်များ ကို စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း ပူတင်ကပြောသည်။

 

CSTO အဖွဲ့ဝင်နိုင်ငံများက တပ်ဖွဲ့ဝင် ၂၀၃၀ ဦးနှင့် သံချပ်ကာကား ၂၅၀ စီးစေလွှတ်ပေးခဲ့ကြောင်း အစည်းအ ဝေးတွင် ကာဇက်စတန်သမ္မတ ကက်ဆန်ဂျိုးမတ်တိုကာယက်ဗ်က ပြောသည်။

 

ယခင်ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင်နိုင်ငံဟောင်းများမှ တပ်ဖြန့်ချထားမှုသည် ဆိုဗီယက်ပြည်ထောင်စုအဖွဲ့ဝင် နိုင်ငံဟောင်းများရှိ နိုင်ငံ့ခေါင်းဆောင်များအနေဖြင့် မည်သည့် ဆူပူအုံကြွမှုမျိုးကိုမှ လက်မခံနိုင်သည်ကို အချက် ပြလိုက်ခြင်းဖြစ်ကြောင်း သမ္မတပူတင်က အစည်းအဝေးတွင် ပြောသည်။

 

“CSTO အဖွဲ့ဝင်နိုင်ငံတွေက အရေးယူဆောင်ရွက်ခဲ့တာတွေဟာ ကျွန်တော်တို့ပြည်တွင်းမှာ မတည်ငြိမ်အောင် လုပ်မယ့်သူတွေနဲ့ အနာဂတ်မှာရောင်စုံတော်လှန်ရေးဆိုတဲ့ လှုပ်ရှားမှုမျိုးကို အကောင်အထည်ဖော်မယ့်သူတွေ ကို ဘယ်သူ့ကိုမှ လုပ်ခွင့်ပြုမှာမဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်းထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်ပါတယ်။” ဟု ပူတင်က ဖြည့်စွက်ပြောသည်။

 

ရောင်စုံတော်လှန်ရေး (colour revolution) ဆိုသည်မှာ ၂၁ ရာစု အစောပိုင်းကာလတွင် ယခင်ဆိုဗီယက်ပြည် ထောင်စုဟောင်း၊ ယူဂိုဆလားဗီး ယားအဖွဲ့ဝင်ဟောင်းနှင့် တရုတ်နိုင်ငံတို့တွင် အစိုးရအပြောင်းအလဲဖြစ်လာ စေရန် လှုပ်ရှားဆောင်ရွက်မှုများကို ခေါ်ဆိုသောအမည်ဖြစ်သည်။

 

Ref: Putin Says Moscow-Led Forces in Kazakhstan for ‘Limited’ Time

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Putin Says Moscow-Led Forces in Kazakhstan for ‘Limited’ Time

 

#PeopleMedia


Share this post