• Follow Us on

Home ႐ုရွားဦးေဆာင္ေသာ စစ္ေရးမဟာမိတ္အဖြဲ႕ ဘီလာ႐ုဇ္နိုင္ငံ၌ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္

႐ုရွားဦးေဆာင္ေသာ စစ္ေရးမဟာမိတ္အဖြဲ႕ ဘီလာ႐ုဇ္နိုင္ငံ၌ ပူးတြဲစစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္

Share this post

နိုင္ငံတကာ၊ ေအာက္တိုဘာ ၁၃
႐ုရွားနိုင္ငံဦးေဆာင္ေသာ ဆိုဗီယက္ျပည္ေထာင္စုဝင္ေဟာင္း နိုင္ငံေျခာက္နိုင္ငံျဖင့္ဖြဲ႕စည္းထားေသာ စစ္ ေရးမဟာမိတ္အဖြဲ႕က ဘီလာ႐ုဇ္နိုင္ငံ၌ ပူးတြဲ စစ္ေရးေလ့က်င့္မႈမ်ား စတင္လိုက္ၿပီျဖစ္သည္။
မဟာမိတ္အဖြဲ႕တစ္နိုင္ငံျဖစ္သည့္ အာေမးနီးယားနိုင္ငံႏွင့္ ပဋိပကၡျဖစ္ပြားေနသည့္ အဇာဘိုင္ဂ်န္နိုင္ငံရွိ အေျခအေနကို လက္တုံ႔ျပန္မႈျဖစ္နိုင္ေၾကာင္း ေလ့လာသူမ်ားက ေျပာသည္။
႐ုရွားနိုင္ငံက ၾကားခံေဆာင္ရြက္ေပးသည့္ အပစ္အခတ္ရပ္စဲေရးကို သေဘာတူညီထားလင့္ကစား အဇာ ဘိုင္ဂ်န္ႏွင့္ အာေမးနီးယားနိုင္ငံတို႔က အျငင္းပြား အာဂါနို-ကာရာဘာေဒသႏွင့္ပတ္သက္၍ တိုက္ခိုက္မႈမ်ား ဆက္ လက္ျဖစ္ပြားေနသည္။
ယမန္ေန႔ကစတင္သည့္ စစ္ေရးေလ့က်င့္မႈမ်ားတြင္ ႐ုရွား၊ အာေမးနီးယား၊ ဘီလာ႐ုဇ္ႏွင့္ ဆိုဗီယက္ျပည္ ေထာင္စုေဟာင္း သုံးနိုင္ငံမွ တပ္ဖြဲ႕ဝင္ ၉၀၀ ခန္႔ ပါဝင္ခဲ့သည္။
ဆိုဗီယက္ျပည္ေထာင္စုဝင္ေဟာင္း ေျခာက္နိုင္ငံက စုေပါင္းလုံျခဳံေရးစာခ်ဳပ္အဖြဲ႕ေခၚ CSTO ကို ဖြဲ႕စည္း ထားသည္။ အဖြဲ႕ေခါင္းေဆာင္ ႐ုရွားနိုင္ငံက တိုက္ခိုက္မႈျဖစ္ပြားလာ၍ အာေမးနီးယားနိုင္ငံက အကူအညီေတာင္း ပါက ကာကြယ္ေပးရမည္ျဖစ္သည္။
အဇာဘိုင္ဂ်န္နိုင္ငံက CSTO အဖြဲ႕ဝင္နိုင္ငံမဟုတ္ေပ။ အာေမးနီးယား နိုင္ငံျခားေရးဝန္ႀကီး ဇိုရက္ဘ္မတ္ ဆာကန္ရန္သည္ ယမန္ေန႔က ေမာ္စကိုၿမိဳ႕၌ ႐ုရွားနိုင္ငံျခားေရးဝန္ႀကီး ဆာဂ်ီလာေရာ့ဗ္ႏွင့္ ေတြ႕ဆုံခဲ့သည္။
လိုအပ္ပါက ႐ုရွားနိုင္ငံထံမွ စစ္ေရးအကူအညီ ေတာင္းခံမည္ဟု ေဆြးေႏြးပြဲအၿပီး သတင္းစာရွင္းလင္းပြဲ၌ ဇိုရက္ဘ္က ေျပာၾကားခဲ့သည္။
တိုက္ခိုက္မႈ အရွိန္ျပင္းထန္လာမည္ဆိုေသာ စိုးရိမ္မႈမ်ား ျမင့္တက္လာၿပီး ႐ုရွားတပ္မေတာ္က အာေမးနီး ယားနိုင္ငံကို ပံ့ပိုးကူညီရန္ ပဋိပကၡတြင္ ပါဝင္လာဖြယ္ရွိသည္။
နာဂါနို-ကာရာဘာေဒသဆိုင္ရာ တိုက္ခိုက္မႈမွာ ၿပီးခဲ့သည့္လအတြင္း ျဖစ္ပြားခဲ့ၿပီး လူေပါင္း ၅၄၀ ေက်ာ္ ေသဆုံးခဲ့သည္။
ကိုးကား – အန္အိတ္ခ်္ေက
Ref; Russia-led military alliance launches joint drills
(unicode)
ရုရှားဦးဆောင်သော စစ်ရေးမဟာမိတ်အဖွဲ့ ဘီလာရုဇ်နိုင်ငံ၌ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်
…………………………………………………………..
နိုင်ငံတကာ၊ အောက်တိုဘာ ၁၃
ရုရှားနိုင်ငံဦးဆောင်သော ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း နိုင်ငံခြောက်နိုင်ငံဖြင့်ဖွဲ့စည်းထားသော စစ် ရေးမဟာမိတ်အဖွဲ့က ဘီလာရုဇ်နိုင်ငံ၌ ပူးတွဲ စစ်ရေးလေ့ကျင့်မှုများ စတင်လိုက်ပြီဖြစ်သည်။
မဟာမိတ်အဖွဲ့တစ်နိုင်ငံဖြစ်သည့် အာမေးနီးယားနိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားနေသည့် အဇာဘိုင်ဂျန်နိုင်ငံရှိ အခြေအနေကို လက်တုံ့ပြန်မှုဖြစ်နိုင်ကြောင်း လေ့လာသူများက ပြောသည်။
ရုရှားနိုင်ငံက ကြားခံဆောင်ရွက်ပေးသည့် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီထားလင့်ကစား အဇာ ဘိုင်ဂျန်နှင့် အာမေးနီးယားနိုင်ငံတို့က အငြင်းပွား အာဂါနို-ကာရာဘာဒေသနှင့်ပတ်သက်၍ တိုက်ခိုက်မှုများ ဆက် လက်ဖြစ်ပွားနေသည်။
ယမန်နေ့ကစတင်သည့် စစ်ရေးလေ့ကျင့်မှုများတွင် ရုရှား၊ အာမေးနီးယား၊ ဘီလာရုဇ်နှင့် ဆိုဗီယက်ပြည် ထောင်စုဟောင်း သုံးနိုင်ငံမှ တပ်ဖွဲ့ဝင် ၉၀၀ ခန့် ပါဝင်ခဲ့သည်။
ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်း ခြောက်နိုင်ငံက စုပေါင်းလုံခြုံရေးစာချုပ်အဖွဲ့ခေါ် CSTO ကို ဖွဲ့စည်း ထားသည်။ အဖွဲ့ခေါင်းဆောင် ရုရှားနိုင်ငံက တိုက်ခိုက်မှုဖြစ်ပွားလာ၍ အာမေးနီးယားနိုင်ငံက အကူအညီတောင်း ပါက ကာကွယ်ပေးရမည်ဖြစ်သည်။
အဇာဘိုင်ဂျန်နိုင်ငံက CSTO အဖွဲ့ဝင်နိုင်ငံမဟုတ်ပေ။ အာမေးနီးယား နိုင်ငံခြားရေးဝန်ကြီး ဇိုရက်ဘ်မတ် ဆာကန်ရန်သည် ယမန်နေ့က မော်စကိုမြို့၌ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်နှင့် တွေ့ဆုံခဲ့သည်။
လိုအပ်ပါက ရုရှားနိုင်ငံထံမှ စစ်ရေးအကူအညီ တောင်းခံမည်ဟု ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ ဇိုရက်ဘ်က ပြောကြားခဲ့သည်။
တိုက်ခိုက်မှု အရှိန်ပြင်းထန်လာမည်ဆိုသော စိုးရိမ်မှုများ မြင့်တက်လာပြီး ရုရှားတပ်မတော်က အာမေးနီး ယားနိုင်ငံကို ပံ့ပိုးကူညီရန် ပဋိပက္ခတွင် ပါဝင်လာဖွယ်ရှိသည်။
နာဂါနို-ကာရာဘာဒေသဆိုင်ရာ တိုက်ခိုက်မှုမှာ ပြီးခဲ့သည့်လအတွင်း ဖြစ်ပွားခဲ့ပြီး လူပေါင်း ၅၄၀ ကျော် သေဆုံးခဲ့သည်။
ကိုးကား – အန်အိတ်ချ်ကေ
Ref; Russia-led military alliance launches joint drills


Share this post