• Follow Us on

Home ႐ုရွားေထာင္အရာရွိေဟာင္းတစ္ေယာက္ တရား႐ုံးမွာ ကိုယ့္ကိုယ္ကိုေသနတ္နဲ ႔ေသေၾကာင္းႀကံ

႐ုရွားေထာင္အရာရွိေဟာင္းတစ္ေယာက္ တရား႐ုံးမွာ ကိုယ့္ကိုယ္ကိုေသနတ္နဲ ႔ေသေၾကာင္းႀကံ

Share this post

ေမာ္စကို၊ ေဖေဖာ္ဝါရီ ၁၃

ေထာင္ ၃ ႏွစ္က်ခံရဖို့ တရား႐ုံးကအမိန္႔ခ်ၿပီးေနာက္ ႐ုရွားေထာင္အရာရွိေဟာင္းတစ္ေယာက္ ကိုယ့္ကိုယ္ကိုေသနတ္နဲ႔ပစ္ေသေၾကာင္းႀကံခဲ့တယ္လို့ ႐ုရွားမီဒီယာေတြမွာေဖာ္ျပပါတယ္။

ဗစ္တာ ဆဗီရီေဒါ့ဟာ ႐ုရွားဗဟိုအက်ဥ္းဌာနရဲ့ေမာ္ေတာ္ယာဥ္ဌာနအႀကီးအကဲျဖစ္ခဲ့ပါတယ္။

ေထာင္ဒုတိယညႊန္ၾကားေရးမွူးေဟာင္းဆီကေန အေမရိကန္ေဒၚလာ ၁၅၅၀၀၀ ေလာက္တန္ဖိုးရွိတဲ့႐ုရွား႐ူဘယ္ေငြေတြေငြညႇစ္ခဲ့တယ္ဆိုၿပီး ျပစ္ဒဏ္ခ်မွတ္လိုက္တာပါ။

သူ႔ကိုထိန္းသိမ္းထားဖို့ အမိန္႔ခ်ၿပီးတဲ့ေနာက္ ဆဗီရီေဒါ့က သူကိုယ္တိုင္ဖြက္ယူလာခဲ့တယ္လို့ယူဆရတဲ့ေသနတ္နဲ႔သူ႔ကိုယ္သူပစ္ၿပီးေသေၾကာင္းႀကံခဲ့ပါတယ္။

ဆရီဗီေဒါ့ဟာ ေရာဂါကၽြမ္းေနတဲ့ကင္ဆာျဖစ္ေနၿပီး တရားမရင္ဆိုင္ခင္က ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ထိန္းသိမ္းခံထားရပါတယ္။

သူ႔အမွုသည္မွာ ျပစ္ဒဏ္ခ်ခံရမယ္ဆိုတဲ့ေမၽွာ္လင့္ခ်က္နဲ႔ ေသေၾကာင္းႀကံဖို့ရည္ရြယ္ခ်က္မရွိဘူးလို့ သူ႔ေရွ႕ေနကေျပာပါတယ္။

Source- BBC

Photo- The Moscow Times

#PeopleMedia #Russia #Suicide

(unicode)
ရုရှားထောင်အရာရှိဟောင်းတစ်ယောက် တရားရုံးမှာ ကိုယ့်ကိုယ်ကိုသေနတ်နဲ့သေကြောင်းကြံ
……………………………………………….

မော်စကို၊ ဖေဖော်ဝါရီ ၁၃

ထောင် ၃ နှစ်ကျခံရဖို့ တရားရုံးကအမိန့်ချပြီးနောက် ရုရှားထောင်အရာရှိဟောင်းတစ်ယောက် ကိုယ့်ကိုယ်ကိုသေနတ်နဲ့ပစ်သေကြောင်းကြံခဲ့တယ်လို့ ရုရှားမီဒီယာတွေမှာဖော်ပြပါတယ်။

ဗစ်တာ ဆဗီရီဒေါ့ဟာ ရုရှားဗဟိုအကျဉ်းဌာနရဲ့မော်တော်ယာဉ်ဌာနအကြီးအကဲဖြစ်ခဲ့ပါတယ်။

ထောင်ဒုတိယညွှန်ကြားရေးမှူးဟောင်းဆီကနေ အမေရိကန်ဒေါ်လာ ၁၅၅၀၀၀ လောက်တန်ဖိုးရှိတဲ့ရုရှားရူဘယ်ငွေတွေငွေညှစ်ခဲ့တယ်ဆိုပြီး ပြစ်ဒဏ်ချမှတ်လိုက်တာပါ။

သူ့ကိုထိန်းသိမ်းထားဖို့ အမိန့်ချပြီးတဲ့နောက် ဆဗီရီဒေါ့က သူကိုယ်တိုင်ဖွက်ယူလာခဲ့တယ်လို့ယူဆရတဲ့သေနတ်နဲ့သူ့ကိုယ်သူပစ်ပြီးသေကြောင်းကြံခဲ့ပါတယ်။

ဆရီဗီဒေါ့ဟာ ရောဂါကျွမ်းနေတဲ့ကင်ဆာဖြစ်နေပြီး တရားမရင်ဆိုင်ခင်က နေအိမ်အကျယ်ချုပ်နဲ့ထိန်းသိမ်းခံထားရပါတယ်။

သူ့အမှုသည်မှာ ပြစ်ဒဏ်ချခံရမယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ သေကြောင်းကြံဖို့ရည်ရွယ်ချက်မရှိဘူးလို့ သူ့ရှေ့နေကပြောပါတယ်။

Source- BBC

Photo- The Moscow Times

#PeopleMedia #Russia #Suicide


Share this post