• Follow Us on

Home ႐ုရွားေရတပ္က ဘာရင္ပင္လယ္ျပင္အတြင္း စစ္ေအးေခတ္ေနာက္ပိုင္း အႀကီးမားဆုံး စစ္ေရးေလ့က်င့္မႈ ျပဳလုပ္

႐ုရွားေရတပ္က ဘာရင္ပင္လယ္ျပင္အတြင္း စစ္ေအးေခတ္ေနာက္ပိုင္း အႀကီးမားဆုံး စစ္ေရးေလ့က်င့္မႈ ျပဳလုပ္

Share this post

ႏိုင္ငံတကာ၊ စက္တင္ဘာ ၄

႐ုရွားေရတပ္က အလက္စကားကြၽန္းအနီး ဒါဇင္ႏွင့္ခ်ီေသာ စစ္သေဘၤာမ်ား၊ တိုက္ေလယာဉ္မ်ားပါဝင္ သည့္ အေရးပါေသာ စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေနၿပီး အဆိုပါစစ္ေရးေလ့က်င့္မႈမ်ားက ဆိုဗီယက္ေခတ္ ေနာက္ပိုင္း အႀကီးမားဆုံး စစ္ေရးေလ့က်င့္မႈျဖစ္သည္။

ဒုံးက်ည္ပစ္ခတ္မႈအမ်ိဳးမ်ိဳး ပါဝင္သည့္ ဘာရင္ပင္လယ္ ျပင္အတြင္း ယင္းစစ္ေရးေလ့က်င့္မႈမ်ားတြင္ စစ္သေဘၤာ ၅၀ ေက်ာ္ႏွင့္ တိုက္ေလယာဉ္ အစင္း ၄၀ ခန္႔ ပါဝင္ ေၾကာင္း ႐ုရွားေရတပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး နီကိုလိုင္းယက္ဗ္မီေနာ႔ဗ္က ေျပာၾကားခဲ့သည္။

“ဒီလို ႀကီးက်ယ္ခမ္းနားတဲ့ စစ္ေရးေလ့က်င့္မႈေတြကို ဘာရင္ပင္လယ္ျပင္မွာ ပထမဆုံးအႀကိမ္ ျပဳလုပ္ ေနပါတယ္” ဟု ဗိုလ္ခ်ဳပ္ႀကီး နီကိုလိုင္းက ေျပာၾကားခဲ့ေၾကာင္း ႐ုရွား ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္ တစ္ခုအတြင္း ေျပာၾကားခဲ့သည္။ သို႔ေသာ္လည္း စစ္ေရးေလ့က်င့္မႈမ်ား မည္သည့္အခ်ိန္တြင္ စတင္ခဲ့ၿပီး မည္ သည့္အခ်ိန္ ၿပီးဆုံးမည္ဆိုသည္မွာ မရွင္းလင္းေပ။

စစ္ေရးေလ့က်င့္မႈမ်ားက အာတိတ္ေဒသ၌ ေျခကုပ္ရယူလိုၿပီ ႏိုင္ငံ့၏ အရင္းအျမစ္မ်ား ကာကြယ္ေစာင့္ေရွာက္လိုသည့္ ႐ုရွားႏိုင္ငံ၏ ႀကိဳးပမ္းမႈမ်ား၏ တစ္စိတ္ တစ္ေဒသျဖစ္ ေၾကာင္း ဗိုလ္ခ်ဳပ္ႀကီး နီကိုလိုင္းက ဆိုသည္။

“အာတိတ္ေဒသ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ကြၽန္ေတာ္တို႔ တပ္ဖြဲ႕အင္အား တည္ေဆာက္ေနပါ တယ္။ ကြၽန္ေတာ္တို႔ အာတိတ္ေဒသရဲ႕ ပိုင္နက္ေတြကို အသုံးျပဳႏိုင္ေတာ့မွာ ျဖစ္ပါတယ္” ဟု ၄င္းက ေျပာသည္။ ႐ုရွားတပ္မေတာ္သည္ မၾကာေသးမီႏွစ္မ်ားအတြင္း ကမၻာ့ဝင္႐ိုးစြန္းေဒသ၌ စစ္ဘက္စခန္းမ်ားစြာ ျပန္လည္တည္ ေဆာက္၍ တိုးခ်ဲ႕ခဲ့ရာ ေလယာဉ္ေျပးလမ္းမ်ား တည္ေဆာက္ျခင္းႏွင့္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား ျဖန္႔ ၾကက္ျခင္းတို႔ ပါဝင္သည္။

ကမၻာေပၚတြင္ မတူးေဖာ္ရေသးေသာ ေရနံႏွင့္ဓာတ္ေငြ႕မ်ား၏ ေလးပုံတစ္ပုံ ခိုေအာင္း မည္ဟု ယူဆရေသာ အာတိတ္ေဒသ၌ ႐ုရွားႏိုင္ငံက စစ္ေရးအရအေျခစိုက္ရန္ ဦးစားေပးေဆာင္ရြက္ခဲ့သည္။

အာတိတ္ေဒသ၏ သတၳဳအရင္းအျမစ္မ်ားတန္ဖိုးက ေဒၚလာ ၃၀ ထရီလီယံဖိုးခန္႔ရွိမည္ဟု ႐ုရွားသမၼတ ဗ လာဒီမာပူတင္က ခန္႔မွန္းခ်က္မ်ားကိုကိုးကား၍ ေျပာၾကားခဲ့သည္။ စစ္ေရးေလ့က်င့္မႈ၏ တစ္စိတ္တစ္ေဒသအ ျဖစ္ အိုမစ္ခ္ ႏ်ဴကလီးယား ေရငုပ္သေဘၤာႏွင့္ ဗာရတ္ဂ်္ ဒုံးက်ည္တပ္ခ႐ူဆာသေဘၤာတို႔က ဘာရင္ပင္လယ္ျပင္၌ ေလ့က်င့္မႈမ်ား ျပဳလုပ္ေနေၾကာင္း စစ္ေရးေလ့က်င့္မႈတြင္ ပါဝင္ေနသည့္ ႐ုရွားႏိုင္ငံ၏ ပစိဖိတ္ေရယာဉ္စုက ေျပာ ၾကားခဲ့သည္။

စစ္ေရးေလ့က်င့္မႈတြင္ ခ်ပ္ခ်ီကြၽန္းဆြယ္ကမ္း႐ိုးတန္းမွ အနာဒါပင္လယ္ေကြ႕ထဲရွိ ပစ္မွတ္တစ္ခုကို အိုနက္ဖ္ဒုံးက်ည္ျဖင့္ ပစ္ခတ္ေလ့က်င့္မႈလည္း ပါဝင္ခဲ့သည္။
စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္ေနစဉ္ အလက္စကားကြၽန္းအနီး ႐ုရွားေရငုပ္သေဘၤာတစ္စီး ျမင္ေတြ႕ခဲ့ရ ေၾကာင္း အေမရိကန္တပ္မေတာ္က ေျပာၾကားခဲ့သည္။

႐ုရွားတပ္မေတာ္၏ စစ္ေရးေလ့က်င့္မႈမ်ားကို အေမရိကန္ ႏိုင္ငံ ပိုင္နက္ျပင္ပရွိ ႏိုင္ငံတကာေရျပင္အတြင္း ျပဳလုပ္ေနသည္ဟု အေမရိကန္ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္မွ ေျပာေရးဆိုခြင့္ရွိသူ ဘီလ္လူးဝစ္က ေျပာၾကားခဲ့သည္။

အေမရိကန္ေျမာက္ပိုင္း အာကာသကြပ္ကဲမႈဌာနခ်ဳပ္ႏွင့္ အေမရိကန္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တို႔က ေရငုပ္သေဘၤာမ်ားကို အနီးကပ္ ေစာင့္ၾကည့္ေနသည္ဟု လူးဝစ္ က ေျပာသည္။ ႐ုရွားေရတပ္ထံမွ မည္သည့္ အကူအညီေတာင္းခံမႈမွ် မရရွိေသးေသာ္လည္း ကူညီရန္ အဆင္သင့္ ရွိေၾကာင္း ၄င္းက ဆိုသည္။

အိုမက္ခ္ေရငုပ္သေဘၤာကို ျမင္ေတြ႕ရသည္မွာ မၾကာခဏဆိုသလိုျဖစ္ေၾကာင္း ႐ုရွားသတင္းဌာန အာအိုင္ ေအႏိုဗိုစတီးက ႐ုရွားေရတပ္၏ ပစိဖိတ္ေရ ယာဉ္စုအားကိုးကား၍ ေဖာ္ျပခဲ့သည္။

အလက္စကာကြၽန္းအနီး ခ်ည္းကပ္လာခဲ့ေသာ ႐ုရွားေရတပ္မွ တူး-၁၄၂ ကင္းလွည့္ေလယာဉ္မ်ားပါဝင္သည့္ ေလယာဉ္အုပ္စုမ်ားကို ၾကား ျဖတ္ဟန္႔တားရန္ အက္ဖ္ -၂၂ ဂ်က္တိုက္ေလယာဉ္မ်ား ေစလႊတ္ခဲ့ရသည္ဟု အေမရိကန္တပ္မေတာ္က ေျပာ ၾကားခဲ့သည္။

႐ုရွားေလယာဉ္မ်ားက အဆိုပါဧရိယာအတြင္း ငါးနာရီနီးပါးၾကာ ဆက္လက္ရွိေနခဲ့ၿပီး အလက္စ ကားကြၽန္းႏွင့္ ေရမိုင္ ၅၀ အကြာအထိ ခ်ည္းကပ္လာခဲ့သည္။

႐ုရွားဂ်က္တိုက္ေလယာဉ္မ်ားက ႏိုင္ငံတကာေလပိုင္နက္ အတြင္း ရွိေနခဲ့ၿပီး အေမရိကန္ သို႔မဟုတ္ က ေနဒါေလပိုင္နက္အတြင္း ဝင္ေရာက္ခဲ့ျခင္းမရွိဟု တာဝန္ရွိသူမ်ားက ေျပာၾကားခဲ့သည္။

“ကြၽန္ေတာ္တို႔ရဲ႕ၿပိဳင္ ဘက္ေတြက စစ္ေရးလႈပ္ရွားမႈေတြ တိုးခ်ဲ႕လာၿပီး ကြၽန္ေတာ္တို႔ရဲ႕ ကာကြယ္ေရးစြမ္းပကားကို ေသြးတိုးစမ္းၿပီး ေျမာက္ပိုင္းနယ္ေျမမွာ ခ်ည္းကပ္မႈေတြ ျပဳလုပ္ေနပါတယ္” ဟု အေမရိကန္ ေျမာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တပ္မွဴး ဗိုလ္ခ်ဳပ္ႀကီး ဂလင္းဒီဗန္ဟက္ခ္က ထုတ္ျပန္ခ်က္တစ္ခုအတြင္း ေျပာၾကားခဲ့သည္။

ယခုႏွစ္အတြင္း ႐ုရွားေလ ယာဉ္မ်ားအား ၾကားျဖတ္ဟန္႔တားမႈ အႀကိမ္ေရတစ္ဒါဇင္ထက္မနည္း လုပ္ေဆာင္ခဲ့ရေၾကာင္း၊ မိမိတို႔၏ ေလပိုင္ နက္ကို ဆက္လက္ကာကြယ္သြားမည္ျဖစ္ေၾကာင္း ၄င္းက ဆိုသည္။

အလက္စကာကြၽန္းအနီး ေရငုပ္သေဘၤာ ေစလႊတ္ျခင္းအားျဖင့္ ႐ုရွားေရတပ္က အေမရိကန္ႏိုင္ငံအား သ တိေပးမႈတစ္ခု ျပဳလုပ္ျခင္းျဖစ္ႏိုင္ေၾကာင္း ႐ုရွားေရတပ္၏ စစ္ဦးစီးခ်ဳပ္ေဟာင္း အၿငိမ္းစား ဗိုလ္ခ်ဳပ္ႀကီး ဗစ္တာ ကရာခ်န္ကိုအား ကိုးကား၍ ေျပာၾကားခဲ့သည္။

မိမိတို႔အလိုရွိရာေနရတိုင္းကို မိမိတို႔ေရာက္ရွိႏိုင္သည္ဟု ကရာ ခ်န္ကိုအား ကိုးကား၍ အာအိုင္ေအႏိုဗိုစတီသတင္းဌာနက ေဖာ္ျပခဲ့သည္။ ႐ုရွားတပ္မေတာ္က စစ္ေရယာဉ္မ်ားရွိ ေနမႈက ဘာရင္ပင္လယ္အတြင္းရွိ အေမ ရိကန္ ငါးဖမ္းေလွမ်ားအတြက္ အဟန္႔အတားတစ္ခုျဖစ္ေစသည္။

“ဘာ ရင္ပင္လယ္ျပင္အတြင္းမွာ အေမရိကန္ငါးဖမ္းေလွေတြ အမ်ားအျပားရွိေနၿပီး ဒီငါးဖမ္းေလွေတြအတြက္ လုံၿခဳံေရး အရ စိုးရိမ္ရေစပါတယ္” ဟု အေမရိကန္ ကမ္းေျခေစာင့္တပ္ဖြဲ႕မွ ေျပာေရးဆိုခြင့္ရွိသူ ကက္ပ္ဝပ္လိုးက ေျပာၾကား ခဲ့သည္။

႐ုရွားႏိုင္ငံက ၂၀၁၄ ခုႏွစ္ တြင္ ယူကရိန္းႏိုင္ငံပိုင္ ခ႐ိုင္းမီးယားေဒသကို က်ဴးေက်ာ္တိုက္ခိုက္ၿပီးေနာက္ ႐ုရွားႏိုင္ငံႏွင့္ အေနာက္ဥေရာပ တိုင္းျပည္မ်ားၾကား ဆက္ဆံေရးမွာ စစ္ေအးေခတ္ေနာက္ပိုင္း အဆိုးရြားဆုံးအ ေျခအေန ေရာက္ရွိလာခဲ့ရာ ႐ုရွားတပ္မေတာ္က မၾကာေသးမီႏွစ္မ်ားအတြင္း တပ္ဖြဲ႕ဝင္အေရအတြက္ႏွင့္ စစ္ေရး ေလ့က်င့္မႈမ်ား တိုးျမႇင့္လုပ္ေဆာင္ခဲ့သည္။

ကိုးကား – မီလီထရီတိုင္းမ္

Ref; Russian navy conducts major maneuvers near Alaska

#PeopleMedia

(unicode)
ရုရှားရေတပ်က ဘာရင်ပင်လယ်ပြင်အတွင်း စစ်အေးခေတ်နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်
………………………………………………………

နိုင်ငံတကာ၊ စက်တင်ဘာ ၄

ရုရှားရေတပ်က အလက်စကားကျွန်းအနီး ဒါဇင်နှင့်ချီသော စစ်သင်္ဘောများ၊ တိုက်လေယာဉ်များပါဝင် သည့် အရေးပါသော စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေပြီး အဆိုပါစစ်ရေးလေ့ကျင့်မှုများက ဆိုဗီယက်ခေတ် နောက်ပိုင်း အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုဖြစ်သည်။

ဒုံးကျည်ပစ်ခတ်မှုအမျိုးမျိုး ပါဝင်သည့် ဘာရင်ပင်လယ် ပြင်အတွင်း ယင်းစစ်ရေးလေ့ကျင့်မှုများတွင် စစ်သင်္ဘော ၅၀ ကျော်နှင့် တိုက်လေယာဉ် အစင်း ၄၀ ခန့် ပါဝင် ကြောင်း ရုရှားရေတပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး နီကိုလိုင်းယက်ဗ်မီနော့ဗ်က ပြောကြားခဲ့သည်။

“ဒီလို ကြီးကျယ်ခမ်းနားတဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဘာရင်ပင်လယ်ပြင်မှာ ပထမဆုံးအကြိမ် ပြုလုပ် နေပါတယ်” ဟု ဗိုလ်ချုပ်ကြီး နီကိုလိုင်းက ပြောကြားခဲ့ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် တစ်ခုအတွင်း ပြောကြားခဲ့သည်။ သို့သော်လည်း စစ်ရေးလေ့ကျင့်မှုများ မည်သည့်အချိန်တွင် စတင်ခဲ့ပြီး မည် သည့်အချိန် ပြီးဆုံးမည်ဆိုသည်မှာ မရှင်းလင်းပေ။

စစ်ရေးလေ့ကျင့်မှုများက အာတိတ်ဒေသ၌ ခြေကုပ်ရယူလိုပြီ နိုင်ငံ့၏ အရင်းအမြစ်များ ကာကွယ်စောင့်ရှောက်လိုသည့် ရုရှားနိုင်ငံ၏ ကြိုးပမ်းမှုများ၏ တစ်စိတ် တစ်ဒေသဖြစ် ကြောင်း ဗိုလ်ချုပ်ကြီး နီကိုလိုင်းက ဆိုသည်။

“အာတိတ်ဒေသ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် ကျွန်တော်တို့ တပ်ဖွဲ့အင်အား တည်ဆောက်နေပါ တယ်။ ကျွန်တော်တို့ အာတိတ်ဒေသရဲ့ ပိုင်နက်တွေကို အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်” ဟု ၄င်းက ပြောသည်။ ရုရှားတပ်မတော်သည် မကြာသေးမီနှစ်များအတွင်း ကမ္ဘာ့ဝင်ရိုးစွန်းဒေသ၌ စစ်ဘက်စခန်းများစွာ ပြန်လည်တည် ဆောက်၍ တိုးချဲ့ခဲ့ရာ လေယာဉ်ပြေးလမ်းများ တည်ဆောက်ခြင်းနှင့် လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဖြန့် ကြက်ခြင်းတို့ ပါဝင်သည်။

ကမ္ဘာပေါ်တွင် မတူးဖော်ရသေးသော ရေနံနှင့်ဓာတ်ငွေ့များ၏ လေးပုံတစ်ပုံ ခိုအောင်း မည်ဟု ယူဆရသော အာတိတ်ဒေသ၌ ရုရှားနိုင်ငံက စစ်ရေးအရအခြေစိုက်ရန် ဦးစားပေးဆောင်ရွက်ခဲ့သည်။

အာတိတ်ဒေသ၏ သတ္ထုအရင်းအမြစ်များတန်ဖိုးက ဒေါ်လာ ၃၀ ထရီလီယံဖိုးခန့်ရှိမည်ဟု ရုရှားသမ္မတ ဗ လာဒီမာပူတင်က ခန့်မှန်းချက်များကိုကိုးကား၍ ပြောကြားခဲ့သည်။ စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသအ ဖြစ် အိုမစ်ခ် နျူကလီးယား ရေငုပ်သင်္ဘောနှင့် ဗာရတ်ဂ်ျ ဒုံးကျည်တပ်ခရူဆာသင်္ဘောတို့က ဘာရင်ပင်လယ်ပြင်၌ လေ့ကျင့်မှုများ ပြုလုပ်နေကြောင်း စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်နေသည့် ရုရှားနိုင်ငံ၏ ပစိဖိတ်ရေယာဉ်စုက ပြော ကြားခဲ့သည်။

စစ်ရေးလေ့ကျင့်မှုတွင် ချပ်ချီကျွန်းဆွယ်ကမ်းရိုးတန်းမှ အနာဒါပင်လယ်ကွေ့ထဲရှိ ပစ်မှတ်တစ်ခုကို အိုနက်ဖ်ဒုံးကျည်ဖြင့် ပစ်ခတ်လေ့ကျင့်မှုလည်း ပါဝင်ခဲ့သည်။
စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေစဉ် အလက်စကားကျွန်းအနီး ရုရှားရေငုပ်သင်္ဘောတစ်စီး မြင်တွေ့ခဲ့ရ ကြောင်း အမေရိကန်တပ်မတော်က ပြောကြားခဲ့သည်။

ရုရှားတပ်မတော်၏ စစ်ရေးလေ့ကျင့်မှုများကို အမေရိကန် နိုင်ငံ ပိုင်နက်ပြင်ပရှိ နိုင်ငံတကာရေပြင်အတွင်း ပြုလုပ်နေသည်ဟု အမေရိကန်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဘီလ်လူးဝစ်က ပြောကြားခဲ့သည်။

အမေရိကန်မြောက်ပိုင်း အာကာသကွပ်ကဲမှုဌာနချုပ်နှင့် အမေရိကန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့က ရေငုပ်သင်္ဘောများကို အနီးကပ် စောင့်ကြည့်နေသည်ဟု လူးဝစ် က ပြောသည်။ ရုရှားရေတပ်ထံမှ မည်သည့် အကူအညီတောင်းခံမှုမျှ မရရှိသေးသော်လည်း ကူညီရန် အဆင်သင့် ရှိကြောင်း ၄င်းက ဆိုသည်။

အိုမက်ခ်ရေငုပ်သင်္ဘောကို မြင်တွေ့ရသည်မှာ မကြာခဏဆိုသလိုဖြစ်ကြောင်း ရုရှားသတင်းဌာန အာအိုင် အေနိုဗိုစတီးက ရုရှားရေတပ်၏ ပစိဖိတ်ရေ ယာဉ်စုအားကိုးကား၍ ဖော်ပြခဲ့သည်။

အလက်စကာကျွန်းအနီး ချည်းကပ်လာခဲ့သော ရုရှားရေတပ်မှ တူး-၁၄၂ ကင်းလှည့်လေယာဉ်များပါဝင်သည့် လေယာဉ်အုပ်စုများကို ကြား ဖြတ်ဟန့်တားရန် အက်ဖ် -၂၂ ဂျက်တိုက်လေယာဉ်များ စေလွှတ်ခဲ့ရသည်ဟု အမေရိကန်တပ်မတော်က ပြော ကြားခဲ့သည်။

ရုရှားလေယာဉ်များက အဆိုပါဧရိယာအတွင်း ငါးနာရီနီးပါးကြာ ဆက်လက်ရှိနေခဲ့ပြီး အလက်စ ကားကျွန်းနှင့် ရေမိုင် ၅၀ အကွာအထိ ချည်းကပ်လာခဲ့သည်။

ရုရှားဂျက်တိုက်လေယာဉ်များက နိုင်ငံတကာလေပိုင်နက် အတွင်း ရှိနေခဲ့ပြီး အမေရိကန် သို့မဟုတ် က နေဒါလေပိုင်နက်အတွင်း ဝင်ရောက်ခဲ့ခြင်းမရှိဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ပြိုင် ဘက်တွေက စစ်ရေးလှုပ်ရှားမှုတွေ တိုးချဲ့လာပြီး ကျွန်တော်တို့ရဲ့ ကာကွယ်ရေးစွမ်းပကားကို သွေးတိုးစမ်းပြီး မြောက်ပိုင်းနယ်မြေမှာ ချည်းကပ်မှုတွေ ပြုလုပ်နေပါတယ်” ဟု အမေရိကန် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မှူး ဗိုလ်ချုပ်ကြီး ဂလင်းဒီဗန်ဟက်ခ်က ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ရုရှားလေ ယာဉ်များအား ကြားဖြတ်ဟန့်တားမှု အကြိမ်ရေတစ်ဒါဇင်ထက်မနည်း လုပ်ဆောင်ခဲ့ရကြောင်း၊ မိမိတို့၏ လေပိုင် နက်ကို ဆက်လက်ကာကွယ်သွားမည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။

အလက်စကာကျွန်းအနီး ရေငုပ်သင်္ဘော စေလွှတ်ခြင်းအားဖြင့် ရုရှားရေတပ်က အမေရိကန်နိုင်ငံအား သ တိပေးမှုတစ်ခု ပြုလုပ်ခြင်းဖြစ်နိုင်ကြောင်း ရုရှားရေတပ်၏ စစ်ဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး ဗစ်တာ ကရာချန်ကိုအား ကိုးကား၍ ပြောကြားခဲ့သည်။

မိမိတို့အလိုရှိရာနေရတိုင်းကို မိမိတို့ရောက်ရှိနိုင်သည်ဟု ကရာ ချန်ကိုအား ကိုးကား၍ အာအိုင်အေနိုဗိုစတီသတင်းဌာနက ဖော်ပြခဲ့သည်။ ရုရှားတပ်မတော်က စစ်ရေယာဉ်များရှိ နေမှုက ဘာရင်ပင်လယ်အတွင်းရှိ အမေ ရိကန် ငါးဖမ်းလှေများအတွက် အဟန့်အတားတစ်ခုဖြစ်စေသည်။

“ဘာ ရင်ပင်လယ်ပြင်အတွင်းမှာ အမေရိကန်ငါးဖမ်းလှေတွေ အများအပြားရှိနေပြီး ဒီငါးဖမ်းလှေတွေအတွက် လုံခြုံရေး အရ စိုးရိမ်ရစေပါတယ်” ဟု အမေရိကန် ကမ်းခြေစောင့်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ကက်ပ်ဝပ်လိုးက ပြောကြား ခဲ့သည်။

ရုရှားနိုင်ငံက ၂၀၁၄ ခုနှစ် တွင် ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားဒေသကို ကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှားနိုင်ငံနှင့် အနောက်ဥရောပ တိုင်းပြည်များကြား ဆက်ဆံရေးမှာ စစ်အေးခေတ်နောက်ပိုင်း အဆိုးရွားဆုံးအ ခြေအနေ ရောက်ရှိလာခဲ့ရာ ရုရှားတပ်မတော်က မကြာသေးမီနှစ်များအတွင်း တပ်ဖွဲ့ဝင်အရေအတွက်နှင့် စစ်ရေး လေ့ကျင့်မှုများ တိုးမြှင့်လုပ်ဆောင်ခဲ့သည်။

ကိုးကား – မီလီထရီတိုင်းမ်

Ref; Russian navy conducts major maneuvers near Alaska

#PeopleMedia


Share this post