• Follow Us on

Home ရုရှားလေယာဉ် ၅ စင်းနဲ့ ရဟတ်ယာဉ် ၁ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းကပြော၊ ယူကရိန်းလေတပ်စခန်း တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို တိုက်ခိုက်ဖျက်ဆီးပစ်လိုက်ပြီလို့ ရုရှားကပြော

ရုရှားလေယာဉ် ၅ စင်းနဲ့ ရဟတ်ယာဉ် ၁ စင်းကို ပစ်ချခဲ့တယ်လို့ ယူကရိန်းကပြော၊ ယူကရိန်းလေတပ်စခန်း တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေကို တိုက်ခိုက်ဖျက်ဆီးပစ်လိုက်ပြီလို့ ရုရှားကပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၄ (People Media)

 

ရုရှားလေယာဉ် ၅ စင်းနှင့် ရဟတ်ယာဉ် ၁ စင်းကို ယူကရိန်းနိုင်ငံ လူးဂန့်စ်ခ်ဒေသမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေက ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်ဘက်က ပြောကြားလိုက်ပါတယ်။

 

ဒီတိုက်ခိုက်မှုဟာ ကြာသာပတေးနေ့မှာ ရုရှားတပ်တွေ ယူကရိန်းကိုတိုက်ခိုက်လာတဲ့အချိန်မှာထွက်ပေါ်လာတဲ့ တိုက်ခိုက်မှုဖြစ်ပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ကတော့ နိုင်ငံတကာစိုးရိမ်ပူပန်မှုတွေ၊ စီးပွားရေးအရေးယူ ပိတ်ဆို့တာတွေကို ဘေးချိတ်ပြီး အထူးစစ်ဆင်ရေးကို စတင်ဆောင်ရွက်ခဲ့တဲ့အပြင် ကြားဝင်ရှုပ်တဲ့နိုင်ငံတွေအ နေနဲ့ ဆိုးရွားတဲ့နောက်ဆက်တွဲအကျိုးဆက်ကို ခံစားရမည်လို့လည်း သတိပေးသွားပါတယ်။

 

ရုရှားလေယာဉ် ၅ စင်းနဲ့ ရဟတ်ယာဉ် ၁ စင်းကို လူးဂန့်စ်ခ်ဒေသမှာ ပစ်ချခဲ့တယ်လို့ ယူကရိန်းစစ်ဘက်က ကြေညာခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။

 

အခြားတစ်ဖက်မှာလည်း ယူကရိန်းလေတပ်စခန်းတွေနဲ့ ယူကရိန်းလေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေကို ရုရှားတပ်မတော်က တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ရုရှားနိုင်ငံကပြောပါတယ်။ ယူကရိန်းနိုင်ငံရဲ့လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့တွေဟာ သုံးစားလို့မရတော့ဘူးလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြောင်း ရုရှား အစိုးရပိုင် စပွတ်နစ်သတင်းဌာနကပြောပါတယ်။

 

“ယူကရိန်းနိုင်ငံရဲ့ လေတပ်အခြေချစခန်းတွေဟာ လုပ်ငန်းဆောင်ရွက်နိုင်ခြင်းမရှိတော့ပါဘူး။ ဒီလိုပဲ ယူကရိန်း လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း သုံးစားလို့မရတော့ပါဘူး။” လို့ ရုရှားကာကွယ်ရေဝန်ကြီးဌာန ကထုတ်ပြန်ချက်ကိုကိုးကားပြီး စပွတ်နစ်သတင်းဌာနက ပြောပါတယ်။

 

ရုရှားတပ်တွေဟာ အိမ်နီးချင်း ဘယ်လာရုစ်နိုင်ငံကနေတစ်ဆင့် ယူကရိန်းနိုင်ငံကို တိုက်ခိုက်နေတာဖြစ်ကြောင်း ယူကရိန်းနယ်ခြားစောင့်တပ်ဖွဲ့ကပြောကြားလိုက်တယ်လို့ AP သတင်းဌာနကပြောပါတယ်။

 

ရုရှားတပ်တွေဟာ ဘယ်လာရုစ်နိုင်ငံထဲကနေ အမြောက်ကြီးတွေနဲ့ ယူကရိန်းနိုင်ငံကိုပစ်ခတ်တိုက်ခိုက်နေတဲ့ အတွက် ယူကရိန်းနယ်ခြားစောင့်တပ်ကလည်း ပြန်လည်ပစ်ခတ်နေကြောင်း၊ အသေအပျောက်စာရင်းမသိရ သေးကြောင်း AP သတင်းမှာဖော်ပြထားပါတယ်။

 

စစ်ရေးလေ့ကျင့်မှုအတွက်ဆိုတဲ့အကြောင်းပြချက်နဲ့ ဘယ်လာရုစ်နိုင်ငံမှာ ရုရှားတပ်တွေကို တပ်ဖြန့်ချထားတာ ဟာ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ ရှေ့ပြေးနိမိတ်ဖြစ်ကြောင်း ပြောပါတယ်။ ယူကရိန်းနိုင်ငံရဲ့ မြို့ တော် ကိယက်ဗ်မြို့ဟာ ဘယ်လာရုစ်နိုင်ငံတောင်ပိုင်းနဲ့ မိုင် ၅၀ ဝန်းကျင်သာကွာဝေးပါတယ်။

 

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသက ခွဲထွက်ရေးဝါဒီတွေကို ကာကွယ်ဖို့အတွက် အထူးစစ်ဆင်ရေးတစ်ရပ်ဆောင် ရွက်သွားမယ်လို့ ရုရှားသမ္မတဗလာဒီမာပူတင်က ကြာသာပတေးနေ့က ကြေညာလိုက်ပြီး ယူကရိန်းနိုင်ငံက ရုရှားတပ်မတော်ရဲ့ဆောင်ရွက်ချက်တွေကို ဆန့်ကျင်စိန်ခေါ်တဲ့ ဘယ်နိုင်ငံကိုမဆို လက်တုံ့ပြန်တိုက်ခိုက်သွား မယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

 

“ကျွန်တော်တို့ဆောင်ရွက်ချက်တွေကို ဝင်ရောက်နှောင့်ယှက်ဖို့ ကြိုးစားတဲ့ ဘယ်နိုင်ငံမဆို၊ ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့လူထုကို ခြိမ်းခြောက်လာတဲ့ ဘယ်နိုင်ငံမဆို သိထားရမှာက ရုရှားနိုင်ငံက ချက်ချင်း လက်တုံ့ပြန် တိုက်ခိုက်သွားမှာဖြစ်ပြီး သမိုင်းတစ်လျှောက်မှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုတွေ့ ကြုံခံစားသွားရမယ်ဆိုတာပါပဲ။” လို့ ပူတင်ကပြောပါတယ်။

 

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတားရက်စ်ကတော့ ရုရှားသမ္မတဗလာဒီမာပူတင်ရဲ့ ကြေညာချက်ဟာ သူ့သက်တမ်းမှာ ဝမ်းနည်းစရာအကောင်းဆုံ ဖြစ်ရပ်ပဲဖြစ်ကြောင်းပြောပါတယ်။

 

“ကုသမဂ္ဂအတွင်းရေးမှူုးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေရတဲ့ ကျွန်တော့်သက်တမ်းမှာ ဒီဖြစ်ရပ်ဟာ ဝမ်းနည်း စရာအကောင်းဆုံးဖြစ်ရပ်ပါပဲ။ လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပပြီး ကျွန်တော့်ရင်ထဲအသည်းထဲကနေ သမ္မတပူတင်ကို စကားပြောခဲ့တာပါဗျာ။ လူတွေအများကြီး သေကြေပျက်စီးကုန်မှာမို့လို့ ယူကရိန်းကို ထိုးစစ် ဆင်မယ့်တပ်တွေကို ရပ်ဆိုင်းထားပြီး ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းပေးပါလို့ ကျွန်တော် တောင်းဆိုခဲ့ပါ တယ်။” လို့ ဂူတားရက်စ်က ကုလသမဂ္ဂရုံးချုပ်မှာ သတင်းထောက်တွေကိုပြောကြားလိုက်ပါတယ်။

 

Ref: Ukraine Shoots Down 5 Russian Planes, 1 Helicopter. Russia Claims Ukraine’s Airbases, Air Defences Destroyed

 

#PeopleMedia

 

(unicode)


…………………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Ukraine Shoots Down 5 Russian Planes, 1 Helicopter. Russia Claims Ukraine’s Airbases, Air Defences Destroyed

 

#PeopleMedia


Share this post