• Follow Us on

Home ရုရှားခြိမ်းခြောက်မှုကြောင့် အရှေ့ဥရောပသို့ နေတိုးအဖွဲ့ဝင်နိုင်ငံများက တပ်ဖွဲ့ဝင်များ၊ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ စေလွှတ်လျက်ရှိ

ရုရှားခြိမ်းခြောက်မှုကြောင့် အရှေ့ဥရောပသို့ နေတိုးအဖွဲ့ဝင်နိုင်ငံများက တပ်ဖွဲ့ဝင်များ၊ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများ စေလွှတ်လျက်ရှိ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁ (People Media)

 

ရုရှားနိုင်ငံက ယူကရိန်းနယ်စပ်တစ်လျှောက်တွင် စစ်အင်အား ၁၀၀၀၀၀ ကျော်စုဖွဲ့ထားသဖြင့် နေတိုးအဖွဲ့ဝင် နိုင်ငံများက ၎င်းတို့တပ်ဖွဲ့ဝင်များ၊ စစ်လေယာဉ်များနှင့် စစ်သင်္ဘောများကို အရှေ့ဥရောပဒေသရှိ မဟာမိတ်နိုင် ငံများထံသို့ စေလွှတ်လျက်ရှိသည်။

 

ဘော်လတစ်ဒေသတွင် နေတိုးတပ်ဖွဲ့၏ လေကြောင်းမူဝါဒစစ်ဆင်ရေးကိုမြှင့်တင်ရန် လွန်ခဲ့သည့်သီတင်းပတ်က လစ်ယူယေးနီးယားနိုင်ငံသို့ ဒိန်းမတ်နိုင်ငံက F-16 ဂျက်တိုက်လေယာဉ်လေးစင်း စေလွှတ်ခဲ့သည်။ ၂၀၁၄ ခုနှစ် တွင် ရုရှားနိုင်ငံက ခရိုင်းမီးယားကို ကျူးကျော်သိမ်းပိုက်ခဲ့သောကြောင့် အက်စ်တိုးနီးယား၊ လတ်ဗီးယား၊ လစ် သူယေးနီးယားနှင့် ပိုလန်နိုင်ငံတို့တွင် နေတိုးတပ်ဖွဲ့ဝင် ၄,၀၀၀ နှင့် ၅,၀၀၀ ကြား တပ်ဖြန့်ချထားခဲ့သည်။

 

အမေရိကန်ပြည်ထောင်စုကလည်း အမေရိကန်တပ်ဖွဲ့ဝင် ၈,၅၀၀ ကို အမြင့်ဆုံးတပ်လှန့်ထားခဲ့သည်။ “သိပ် မကြာခင်ကာလမှာ အမေရိကန်တပ်ဖွဲ့တွေကို အရှေ့ဥရောပနဲ့ နေတိုးမဟာမိတ်နိုင်ငံတွေဆီကို စေလွှတ်သွား မှာဖြစ်ပါတယ်။” ဟု အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က သတင်းထောက်များကို ဇန်နဝါရီလ ၂၈ ရက်နေ့က ပြောသည်။

 

အမေရိကန်တပ်ဖွဲ့ဝင်များသည် ဥရောပဒေသတွင် အထူးသဖြင့် ဂျာမနီနှင့် ဗြိတိန်နိုင်ငံတို့တွင် အင်အားအများ အပြား တပ်စွဲထားပြီးဖြစ်သည်။ ယင်းဒေသမှ အမေရိကန်တပ်ဖွဲ့ဝင်အချို့ကို အရှေ့ဥရောပသို့ ရွှေ့ပြောင်းတပ် ချထားဖွယ်ရှိကြောင်း ခန့်မှန်းထားကြသည်။

 

ပြင်သစ်နိုင်ငံကလည်း ၎င်းတို့၏တပ်ဖွဲ့ဝင်များကို ရိုမေးနီးယားနိုင်ငံတွင် တပ်ဖြန့်ချထားရန် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ စပိန်၊ နယ်သာလန်နှင့် ဂျာမနီနိုင်ငံတို့ကလည်း အရှေ့ဥရောပသို့ တပ်ဖွဲ့ဝင်များ၊ လေယာဉ် များ၊ သင်္ဘောများ စေလွှတ်ရန် စဉ်းစားလျက်ရှိသည်။

 

ဗြိတိန်နိုင်ငံက ယူကရိန်းနိုင်ငံအတွက် တင့်ဖျက်လက်နက် ၂,၀၀၀ ခန့် ထောက်ပံံ့ခဲ့ပြီး ဗြိတိန်တပ်ဖွဲ့ဝင် ၁၁၅၀ စေလွှတ်သွားရန်ကတိပြုထားရန် ယင်းအင်အားနှစ်ဆစေလွှတ်ရန် စဉ်းစားလျက်ရှိသည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်သည် ယခုသီတင်းပတ်အတွင်း ယူကရိန်းနိုင်ငံသို့ သွားရောက်ရန်စီစဉ်ထားသလို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့်လည်း ဖုန်းဖြင့် ပြောဆိုဆွေးနွေးခဲ့သည်။

 

သို့သော် နေတိုးအဖွဲ့အနေဖြင့် ယူကရိန်းနိုင်ငံတွင် နေတိုးတပ်များ တပ်ဖြန့်ချထားရန် အစီအစဉ်မရှိကြောင်း လန်ဒန်ကောလိပ်မှ ဂျူလီနော်မန်က ပြောသည်။

 

ပဋိပက္ခမှာ တိုက်ရိုက်ပါဝင်ပတ်သက် ပြီး တိုက်ရိုက်တိုက်ခိုက်ဖို့ထက် ခုခံစစ်ပွဲနဲ့ အဟန့်အတားအတွက် စစ်ရေးအရ ကြိုတင်ပြင်ဆင်ထားတာသာဖြစ် ပါတယ်။” ဟု ၎င်းကပြောသည်။

 

“တကယ်လို့ စစ်ရေးအရပဋိပက္ခြ့ဖစ်လာပြီဆိုရင် အဲဒီနယ်စပ်ဒေသက နိုင်ငံတွေဆီကို ထပ်ပြီးစစ်ကူပို့ပေးနိုင်ပါ တယ်။ အဲဒီနိုင်ငံတွေမှာ နေတိုးတပ်ဖွဲ့ဝင်တွေ ရှိပြီးသားပါ။ ဒါပေမဲ့ လိုအပ်လာရင် အဲဒီမှာရှိနေတဲ့အင်အားထက် နှစ်ဆထပ်ပို့နိုင်ပါတယ်။” ဟု နေတိုးအဖွဲ့အနေဖြင့် ထပ်မံအင်အားဖြည့်တင်းနိုင်ကြောင်း နော်မန်ကပြောသည်။

 

ရုရှားနိုင်ငံသည် ယူကရိန်းနယ်စပ်တစ်လျှောက် စစ်အင်အား ၁၀၀၀၀၀ ဝန်းကျင်တပ်ဖြန့်ချထားသလို ယခုသီ တင်းပတ်အတွင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုအတွက် ရုရှားတပ်ဖွဲ့ဝင် အင်အားထောင်ကျော်ကို ဘယ်လာရုစ်နိုင်ငံ သို့ စေလွှတ်ထားသည်။

 

Ref: High Alert: NATO Sends Troops, Warplanes East to Counter Russian Threat

 

#PeopleMedia

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 


 

Ref: High Alert: NATO Sends Troops, Warplanes East to Counter Russian Threat

 

#PeopleMedia


Share this post