• Follow Us on

Home ရုရှားနိုင်ငံကို ရင်ဆိုင်ရန်အတွက် လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးခွင်းဒုံးအစီအစဉ်များတွင် နေတိုးအဖွဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်သွားမည်

ရုရှားနိုင်ငံကို ရင်ဆိုင်ရန်အတွက် လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးခွင်းဒုံးအစီအစဉ်များတွင် နေတိုးအဖွဲ့ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်သွားမည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၂ (People Media)

 

နေတိုးအဖွဲ့အနေဖြင့် စစ်ရေးအရ ရုရှားနိုင်ငံကို ဟန့်တားကာကွယ်နိုင်ရန် မိမိတို့အဖွဲ့၏ ပဉ္စမမြောက်မျိုးဆက် တိုက်လေယာဉ်များအပြင် လေကြောင်းရန်ကာကွယ်ရေးနှင့် ဒုံးခွင်းဒုံးကာကွယ်ရေးစနစ်များကို အဆင့်မြှင့် တင်သွားရန် စီစဉ်နေကြောင်း နေတိုးအဖွဲ့၏ အထွေထွေအတွင်းရေးမှူး ယန်းစတော့တန်းဘာ့ချ်က အောက်တို ဘာလ ၂၁ ရက်နေ့ကပြောကြားလိုက်သည်။

 

“လိုအပ်တဲ့အချိန်၊ လိုအပ်တဲ့နေရာမှာ လိုအပ်တဲ့အင်အား ဆက်လက်ရှိနေစေရေး တိကျသေချာအောင် လုပ် ဆောင်နိုင်ဖို့ အကြပ်အတည်းကာလနဲ့ ပဋိပက္ခဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ မဟာမိတ်နိုင်ငံတွေကို ကာကွယ်ဖို့ အလွန်အရေးကြီးတဲ့စီမံချက်တစ်ရပ် ချမှတ်ဆောင်ရွက်ဖို့အတွက် ဒီကနေ့ နေတိုးအဖွဲ့ကာကွယ်ရေး ဝန်ကြီးတွေအားလုံး သဘောတူလက်မှတ်ရေးထိုးခဲ့ပါတယ်” ဟု နေတိုးအဖွဲ့ ကာကွယ်ရေးဝန်ကြီးများ နှစ်ရက် ကြာအစည်းအဝေး ပထမရက်တွင် အထွေထွေအတွင်းရေးမှူး ယန်းစတော့တန်းဘာ့ချ်ကပြောသည်။

 

မဟာမိတ်နိုင်ငံများ၏ ပုံမှန်ကာကွယ်ရေးအစီအစဉ်စက်ဝိုင်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ညှိနှိုင်းထားသည့် နေတိုးအဖွဲ့၏ “စွမ်းရည်ရှိသောပစ်မှတ်သစ်များ” ကို ချေမှုန်းနိုင်ရေး နေတိုးမဟာမိတ်နိုင်ငံများမှ ကာကွယ်ရေး ဝန်ကြီးများက ကတိပြုခဲ့ကြသည်။ မဟာမိတ်နိုင်ငံများသည် ရေသီယွန်ကုမ္ပဏီ၏ နည်းပညာအခြေပြု ပက်ထရီ ယော့ဒုံးကျည်များနှင့် SAMP/T လေကြောင်းရန်ကာကွယ်ရေးစနစ်တို့ကဲ့သို့ ဒုံးကျည်စနစ်များတွင် ရင်းနှီးမြှုပ်နှံ ရန် အစီအစဉ်များဆွဲနေကြောင်း သိရသည်။

 

“ဒီခြိမ်းခြောက်မှုကို တုံ့ပြန်နိုင်ဖို့အတွက် နိုင်ငံရေးနဲ့ စစ်ရေးအရ ချိန်ခွင်လျှာညှိနိုင်တဲ့ အစီအစဉ်တစ်ခုကို ကျွန် တော်တို့ အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်” ဟု ယန်းစတော့တန်းဘာ့ချ်ကပြောသည်။

 

“ဒီအစီအစဉ်ထဲမှာ ကျွန်တော်တို့ စစ်ရေးလေ့ကျင့်မှုတွေ ထောက်လှမ်းရေးအဖွဲ့အစည်းတွေကို လိုက်လျောညီ ထွေဖြစ်အောင်ပြင်ဆင်ပြီး ကျွန်တော်တို့ရဲ့ ပဉ္စမမျိုးဆက်တိုက်လေယာဉ်တွေနဲ့ သမရိုးကျလက်နက်တွေကိုအ ဆင့်မြှင့်တင်ရင်း ကျွန်တော်တို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးနဲ့ ဒုံးခွင်းဒုံးအစီအစဉ်တွေကို ပိုမိုခေတ်မီလာ အောင်မြှင့်တင်ရေးနဲ့ ကျွန်တော်တို့ရဲ့ နျူကလီးယားလက်နက်တွေကို အသင့်ရှိနေစေရေးနဲ့ ထိရောက်မှုတွေကို စွမ်းရည်မြှင့်တင်သွားမယ့် အစီအစဉ်တွေပါဝင်ပါတယ်” ဟု ၎င်းကဖြည့်စွက်ပြောသည်။

 

ခေတ်နှင့်အညီပေါ်ထွက်လာသောနည်းပညာများနှင့် အနှောင့်အယှက်ပေးတတ်သော နည်းပညာများကို အကျိုး ရှိစွာသုံးစွဲနိုင်သည့် ပိုမိုခေတ်မီသောတပ်ဖွဲ့များတည်ဆောက်နိုင်ရေးနှင့် ပိုမိုကြီးမားပြီး အလွန်အဆင့်မြင့်သော လက်နက်များကို ပိုင်ဆိုင်ထားသည့်တပ်ဖွဲ့များ ဖွဲ့စည်းတည်ဆောက်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများက သ ဘောတူညီခဲ့ကြကြောင်း ၎င်းကပြောသည်။

 

Ref: NATO to boost air and missile defense investments to counter Russia

 

#PeopleMedia

 

(unicode)


…………………………………………………………………………..

 


 


 


 


 


 


 


 

Ref: NATO to boost air and missile defense investments to counter Russia

 

#PeopleMedia


Share this post