• Follow Us on

Home ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်ပါက ပြင်းထန်သောတုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပူတင်ကို ဂျိုးဘိုင်ဒန်သတိပေး

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်ပါက ပြင်းထန်သောတုံ့ပြန်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း ပူတင်ကို ဂျိုးဘိုင်ဒန်သတိပေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၈ (People Media)

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်ပါက အမေရိကန်အနေဖြင့် ရုရှားနိုင်ငံကို ပြင်းထန်သော စီး ပွားရေးပိတ်ဆို့မှုများချမှတ်သွားမည်ဖြစ်သလို ဒေသတွင်းစစ်ရေးအကူအညီများကိုလည်း တိုးမြှင့်ပေးသွားမည် ဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ရုရှားသမ္မတဗလာဒီမာပူတင်ကို ဒီဇင်ဘာဘ ၇ ရက်နေ့က ပြော ကြားလိုက်သည်။

 

ရုရှားနိုင်ငံအား စီးပွားရေးပိတ်ဆို့အရေးယူမှုများဆောင်ရွက်သွားမည့်အပြင် ယူကရိန်းနိုင်ငံကို စစ်လက်နက် ပစ္စည်းများ ထပ်မံပေးပို့သွားမည်ဖြစ်ပြီး ရုရှားအိမ်နီးချင်းနိုင်ငံများကိုပါ စစ်ရေးစွမ်းရည်မြှင့်တင်တည်ဆောက် ပေးသွားမည်ဖြစ်ကြောင်း ဘိုင်ဒန်က ပူတင်ကိုပြောသည်။

 

နှစ်နာရီကြာဗီဒီယိုကောဖြင့်စကားပြောရာတွင် တင်းမာမှုများလျှော့ချရန် ဘိုင်ဒန်ကတောင်းဆိုခဲ့ပြီး ယူကရိန်းနိုင် ငံအချုပ်အခြာအာဏာအတွက် အမေရိကန်ကပံ့ပိုးကူညီသွားမည်ဖြစ်သည်ဟု ထပ်လောင်းပြောကြားခဲ့ကြောင်း အိမ်ဖြူတော်၏ ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။ ခေါင်းဆောင်နှစ်ဦးသည် နျူကလီးယားလုံခြုံရေး၊ အီရန်အရေးများအပါအဝင် အခြားပြဿနာများကိုလည်း ဆွေးနွေးခဲ့သည်။

 

“တကယ်လို့ ရုရှားနိုင်ငံက ယူကရိန်းကိုထပ်မံကျူးကျော်ဦးမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပမဟာ မိတ်နိုင်ငံတွေဟာ ပြင်းထန်တဲ့စီးပွားရေးအရေးယူပိတ်ဆို့မှုတွေနဲ့ တုံ့ပြန်သွားမယ်ဆိုတာကို သမ္မတကြီးဘိုင်ဒန် က သမ္မတပူတင်ကို တိုက်ရိုက်ပြောဆိုခဲ့ပါတယ်။ ကျွန်တော်တို့ ထောက်ပံ့ပြီးသားပစ္စည်းတွေအပြင် ယူကရိန်း နိုင်ငံအတွက် နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့သွားမှာဖြစ်ပါတယ်။” ဟု အမျိုးသားလုံခြုံရေး အ ကြံပေးအရာရှိ ဂျိတ်ခ်ဆူလီဗန်ကပြောသည်။

 

မကြာသေးမီကာလက ယူကရိန်းနယ်စပ်သို့ ရုရှားတပ်ဖွဲ့ဝင်အင်အား ၉၀,၀၀၀ ကျော်ကို ရုရှားသမ္မတပူတင်က စေလွှတ်ခဲ့ပြီးနောက် ရုရှားတပ်များ စစ်ရေးအရ ယူကရိန်းကို ကျူးကျော်ဝင်ရောက်လာနိုင်ကြောင်း၊ သို့သော် ယင်းသို့ကျူုးကျော်ရန် ဆုံးဖြတ်ချက် ချမချကို ရှင်းလင်းစွာမသိရကြောင်း အမေရိကန်အရာရှိများကပြောသည်။

 

သြဂုတ်လအတွင်း အမေရိကန်တပ်များ အာဖဂန်နစ္စတန်မှ ဆုတ်ခွာလာပြီးကတည်းက ဘိုင်ဒန်၏ နိုင်ငံခြားရေး မူဝါဒစမ်းသပ်မှုက လိပ်ခဲတည်းလည်းအခြေအနေကိုဖြစ်ပေါ်စေခဲ့သည်။ အာဖဂန်နစ္စတန်အရေးကိုင်တွယ်ပုံနှင့် ပတ်သက်၍ ဒီမိုကရစ်တစ်များရော ရီပတ်ဘလီကန်များပါ ဘိုင်ဒန်ကို ဝေဖန်ခဲ့ကြပြီး ဘိုင်ဒန်ကိုလူကြိုက်များမှု နှုန်းမှာ လျော့ကျလာခဲ့သည်။

 

အမေရိကန်ဒုတိယသမ္မတအနေဖြင့်လည်း ဂျိုးဘိုင်ဒန်သည် ယူကရိန်းနှင့် အမေရိန်ဆက်ဆံရေးတွင် ထဲထဲဝင် ဝင်ပါဝင်ပတ်သက်ခဲ့သည်။ ထိုစဉ်က ယူကရိန်းနိုင်ငံပိုင် ခရိုင်းမီးယားကျွန်းကို ရုရှားတပ်များကဝင်ရောက်သိမ်း ပိုက်ခဲ့သည်။ ယခုအချိန်တွင် ၂၀၁၄ ခုနှစ်တုန်းကဆောင်ရွက်ခဲ့သည်ထက် ပိုမိုပြင်းထန်သောဆောင်ရွက်မှုမျိုး ကို တုံ့ပြန်သွားမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ကြေညာခဲ့သည်။

 

“သမ္မတကြီးဘိုင်ဒန်က ရုရှားသမ္မတပူတင်ရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ၂၀၁၄ ခုနှစ်တုန်းက ကျွန်တော်တို့မလုပ် ခဲ့တဲ့အရာတွေကို ဒီကနေ့ခေတ်မှာ လုပ်ဆောင်သွားဖို့ ပြင်ဆင်ထားပြီးပါပြီလို့ ပြောလိုက်တယ်။” ဟု ဆူလီဗန် ကပြောသည်။

 

ယူကရိန်းနိုင်ငံနယ်စပ်အနီးက ရုရှားတပ်များ၏ လှုပ်ရှားမှုများကိုကြည့်ပြီး ခြိမ်းခြောက်မှုဖြစ်သည်ဟု အမေရိကန် သမ္မတကစွပ်စွဲပြောဆိုနေကြောင်း၊ ရုရှားသမ္မတပူတင်ကလည်း နေတိုးတပ်ဖွဲ့က ယူကရိန်းနယ်မြေကိုသိမ်းပိုက် ရန် ကြိုးစားနေကြောင်း၊ နေတိုးတပ်များသည်လည်း ယူကရိန်းနယ်စပ်တစ်လျှောက်တွင် အင်အားစုဖွဲ့နေသည် ကို တေ့ွရှိရကြောင်း ရုရှားအစိုးရကပြောသည်။

 

Ref: Biden warns Putin of ‘strong’ response if Russia invades Ukraine

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Biden warns Putin of ‘strong’ response if Russia invades Ukraine

 

#PeopleMedia


Share this post