• Follow Us on

Home ရုရှားနိုင်ငံက ရေငုပ်သင်္ဘောအခြေစိုက် ဟိုက်ပါဆောနစ်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်ခဲ့

ရုရှားနိုင်ငံက ရေငုပ်သင်္ဘောအခြေစိုက် ဟိုက်ပါဆောနစ်ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်ခဲ့

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၅ (People Media)

 

ရုရှားနိုင်ငံပိုင်ရေငုပ်သင်္ဘောမှ ဇာကွန်ဟိုက်ပါဆောနစ်ခရုစ်ဒုံးကျည်တစ်စင်းကို ပထမဦးဆုံးအကြိမ်အဖြစ် အောင်မြင်စွာစမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။

 

ယင်းဟိုက်ပါဆောနစ်ဒုံးကျည်မှာ နိုင်ငံတကာလက်နက်စနစ်များတွင် မျိုးဆက်သစ်လက်နက်စနစ်များ၏ အ စိတ်အပိုင်းတစ်ရပ်အဖြစ် သမ္မတဗလာဒီမာပူတင်က ချီးကျူးပြောကြားခဲ့သည်။

 

ဘာရန်းပင်လယ်ပြင်တွင် တပ်ဖြန့်ချထားသည့် ဆေးဗယ်ရာဒနိစ်ခ်ရေငုပ်သင်္ဘောသည် အဆိုပါ ဟိုက်ပါဆော နစ်ဒုံးကျည်ကိုပစ်ခတ်ခဲ့ရာ ရွေးချယ်ထားသောပစ်မှတ်ကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ကပြောသည်။ ရုရှားကာကွယ်ရေးဝန်ကြီးသည် ဇူလိုင်လအတွင်းက ရုရှားရေတပ်သင်္ဘောတစ်စီးပေါ်မှ ဇာကွန် ဟိုက်ပါဆောနစ်ဒုံးကျည်တစ်စင်းကို စမ်းသပ်ပစ်ခတ်ခဲ့သည်။

 

ရုရှားရေငုပ်သင်္ဘောက ဇာကွန်ဟိုက်ပါဆောနစ်ခရုစ်ဒုံးကျည်တစ်စင်းပစ်ခတ်နေပုံ၊ ဒုံးကျည်ပစ်ခတ်မှုကြောင့် ကောင်းကင်ယံတွင် လင်းထိန်သွားပုံနှင့် ပင်လယ်ပြင်တွင် အလင်းရောင်များပျံနှံ့သွားပုံကို အရည်အသွေးညံံ့ ဖျင်းသော ဗီဒီယိုဖိုင်တစ်ခုတွင် တွေ့မြင်ရသည်။

 

“ရေငုပ်င်္ဘောတစ်စီးကနေ ဇာကွန်ဟိုက်ပါဆောနစ်ခရုစ်ဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့တာ အောင်မြင်စွာ ပစ် ခတ်နိုင်ခဲ့ပါတယ်။” ဟု ကာကွယ်ရေးဝန်ကြီးဌာနကပြောသည်။

 

ဟိုက်ပါဆောနစ်ဒုံးကျည်များတွင် အမြန်နှုန်းပေါင်းစပ်ထားခြင်း၊ စစ်ကစားနိုင်သည့်စွမ်းရည်ရှိခြင်းနှင့် အမြင့်မှ ပျံ သန်းနိုင်ခြင်းတို့ရှိပြီး ယင်းစွမ်းရည်များက ဒုံးကျည်ကို ခြေရာခံနိုင်ရန်နှင့် ကြားဖြတ်တိုက်ခိုက်ရန် ခက်ခဲစေနိုင် ကြောင်း အသိအမှတ်ပြုထားသော်လည်း ရုရှား၏ မျိုးဆက်သစ်လက်နက်စွမ်းရည်မည်မျှအထိ ခေတ်မီတိုးတက် သည်ကို အနောက်နိုင်ငံလက်နက်ကျွမ်းကျင်သူများကမေးခွန်းထုတ်ခဲ့သည်။

 

ဇူလိုင်လအတွင်းက ရုရှားနိုင်ငံထုတ် မြေပြင်မှ ဝေဟင်ပစ် S-500 ဒုံးကျည်စနစ်ကို ဗီဒီယိုဖိုင်များတွင် မထင်မ ရှားသာတွေ့မြင်ခဲ့ရသဖြင့် အသေးစိတ်စစ်ဆေးပြောဆိုရန် မလွယ်ကူခဲ့ပေ။

 

ရုရှားသမ္မတပူတင်က ဟိုက်ပါဆောနစ်လက်နက်သစ်များကို ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၂၀၁၈ ခုနှစ်က ကြေညာခဲ့ပြီး အဆိုပါလက်နက်သစ်များမှာ ကမ္ဘာပေါ်ရှိ မည်သည့်ပစ်မှတ်ကိုမဆို ပစ်ခတ်နိုင်ကြောင်းနှင့် ကြား ဖြတ်တိုက်ခိုက်လာမည့် အမေရိကန်ဒုံးကျည်များကို ရှောင်တိမ်းနိုင်စွမ်းရှိကြောင်း ပြောဆိုခဲ့သည်။

 

Ref: Russia test fires submarine-launched hypersonic Tsirkon missile for first time

 

#PeopleMedia

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Russia test fires submarine-launched hypersonic Tsirkon missile for first time

 

#PeopleMedia


Share this post