• Follow Us on

Home ရုရှားနိုင်ငံက ‘Marker’ အမည်ရှိ မြေပြင်တိုက်ခိုက်ရေးစက်ရုပ်ကို အဆင့်မြှင့်တင်

ရုရှားနိုင်ငံက ‘Marker’ အမည်ရှိ မြေပြင်တိုက်ခိုက်ရေးစက်ရုပ်ကို အဆင့်မြှင့်တင်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၃ (People Media)

 

ရုရှားနိုင်ငံ NPO Androidnaya Tekhnika သုတေသနအင်စတီကျုက ‘Marker’ အမည်ရှိ  မြေပြင်တိုက်ခိုက် ရေးစက်ရုပ် RIA Novosti ကို အဆင့်မြှင့်တင်လိုက်ကြောင်း ကုမ္ပဏီအမှုဆောင်ဒါရိုက်တာ Evgeny Dudorov ကပြောသည်။

 

လပေါင်းများစွာကြာအောင် အဆင့်မြှင့်တင်ခဲ့သည့်အတွက် ‘Marker’ စက်ရုပ်မှာ အခြားမြေပြင်စက်ရုပ်များနှင့် အလိုအလျောက်ဆက်သွယ်နိုင်စွမ်းမြင့်တက်လာခဲ့ကြောင်း Dudorov က ပြောသည်။

 

သုံးတန်အလေးချိန်ရှိသည့် အဆိုပါစက်ရုပ် အဆင့်မြှင့်တင်ရန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ဆုံးဖြတ် ချက်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

အဆိုပါစက်ရုပ်တွင် ဒရုန်းများကိုကြားဖျက်နှောင့်ယှက်နိုင်သည့် anti-drone electronic jamming capability လက်နက် တပ်ဆင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာလအတွင်းထုတ် ပြန်ခဲ့သည့် အစီရင်ခံစာ တစ်စောင်  အရသိရသည်။ ၎င်းအပြင် ရန်သူ့ကျူးကျော်ဝင်ရောက်မှုကို သတိပေးနိုင် သည့် အချက်ပေးစနစ်အတွက် audio system တစ်ခုကိုလည်းတပ်ဆင်သွားမည်ဖြစ်သည်။

 

‘Marker’ စက်ရုပ်သည် မောင်းသူမဲ့လုံခြုံရေးတာဝန်များကို ထမ်းဆောင်သွားမည့်အပြင် အနာဂတ်တွင်ထွက် ပေါ်လာမည့် မျိုးဆက်သစ်စက်ရုပ်နည်းပညာများအတွက်လည်း နည်းပညာသရုပ်ပြစက်ရုပ်တစ်ခုအဖြစ် တာ ဝန်ထမ်းဆောင်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်သုတေသနစီမံကိန်းများဆိုင်ရာ ရုရှားဖောင်ဒေးရှင်းမှ အမှု ဆောင်အရာရှိချုပ် Andrei Grigoriyev ပြောသည်။

 

“ Marker စက်ရုပ်က လက်ရှိအချိန်မှာ သဘောတရားဖွံ့ဖြိုးတိုးတက်ရေးအဆင့်ကိုရောက်နေတဲ့ ဒုတိယ မျိုး ဆက် တိုက်ခိုက်ရေးစက်ရုပ်တွေအတွက် ခေတ်အမီဆုံးနည်းပညာတွေကို စမ်းသပ်ဖို့ အသုံးပြုနေတဲ့ စက်ရုပ် တီထွင်အသုံးချမှုနည်းပညာနယ်ပယ်တစ်ခုပါ။” ဟု ၎င်းကပြောသည်။

 

“Marker စက်ရုပ်က အထူးသဖြင့် တတိယမျိုးဆက်၊ စတုတ္ထမျိုးဆက်နဲ့ ပဉ္စမမျိုးဆက် နည်းပညာတွေအတွက် ထုတ်လုပ်ထားတဲ့ အယူအဆသဘောထားတစ်ရပ်ပါ။ ဒါပေမဲ့ နောက်ဆုံးမှာ နည်းပညာနဲ့ပတ်သက်ပြီးအသေး စိတ်တိတိကျကျ တပ်ဆင်ထားတဲ့ စက်ရုပ်တွေကိုတော့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်လုပ်သွားမှာဖြစ်ပါ တယ်။’ ဟု ၎င်းကပြောသည်။

 

Ref: Russia Upgrades ‘Marker’ Ground Combat Robot

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Russia Upgrades ‘Marker’ Ground Combat Robot

 

#PeopleMedia


Share this post