• Follow Us on

Home ရုရှားနိုင်ငံက VM-V မောင်းသူမဲ့ရဟတ်ယာဉ်ကို အဆင်မြှင့်တင်နေ

ရုရှားနိုင်ငံက VM-V မောင်းသူမဲ့ရဟတ်ယာဉ်ကို အဆင်မြှင့်တင်နေ

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၃၁ (People Media)

 

လေကြောင်းတိုက်ခိုက်မှုနှင့် လေကြောင်းကင်းထောက်စစ်ဆင်ရေးများဆောင်ရွက်ရာတွင် အထောက်အကူဖြစ် စေရန်အတွက် VM-V မောင်းသူမဲ့ရဟတ်ယာဉ်ကို အဆင့်မြှင့်တင်မှုများပြုလုပ်နေကြောင်း ရုရှားစစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးကုမ္ပဏီ Technodinamika Group က ဒီဇင်ဘာလ ၂၉ ရက်နေ့ကပြောကြားလိုက်သည်။

 

မောင်းသူမဲ့ရဟတ်ယာဉ်အတွက် အဆင့်မြင့်ပြုပြင်မှုများကို ကုမ္ပဏီက စတင်ဆောင်ရွက်နေပြီဖြစ်ရာ အဆိုပါ မောင်းသူမဲ့ရဟတ်ယာဉ်၏ ဝန်တင်သယ်ဆောင်နိုင်သည့်ပမာဏ၊ တိုက်ခိုက်ရေးစွမ်းရည် အထူးသဖြင့် ပျံသန်း နိုင်သည့်အကွာအဝေးနှင့် ပျံသန်းနိုင်သည့်အချိန်တို့ကို မြှင့်တင်ရန်ဆောင်ရွက်နေကြောင်း Technodinamika Group ၏ CEO အီဂါနာဆန်ကော့ဗ်က ပြောသည်။

 

သဏ္ဍန်တူ VM-V မောင်းသူမဲ့ရဟတ်ယာဉ်သည် တစ်ပြိုင်တည်း ၂ နာရီကြာအောင်ပျံသန်းနိုင်ပြီး အမြင့်ဆုံး အ မြင့်ပေ ၂.၅ ကီလိုမီတာ (၁.၅ မိုင်) ပျံသန်းနိုင်သည်။ ယင်းရဟတ်ယာဉ်သည် ကီလိုမီတာ ၁၅၀ (၉၃ မိုင) အထိ ရေဒီယိုဆက်သွယ်ရေးပြတ်တောက်မသွားအောင် ထိန်းသိမ်းထားနိုင်ကြောင်းသိရသည်။

 

“ဒီအဆင့်မြှင့်တင်မှုတွေအားလုံးဟာ ဒရုန်းတွေအသုံးပြုတဲ့ကဏ္ဍတိုးချဲ့ရာမှာ အထောက်အကူပေးပါလိမ့်မယ်။ ရှေ့ပြေးပုံစံခေတ်မီဒရုန်းတွေကို စစ်ဆင်ရေးကင်းထောက်တာဝန်တွေ၊ ပစ်မှတ်စုံစမ်းထောက်လှမ်းပြီး ရှာဖွေ ဖော်ထုတ်တဲ့တာဝန်တွေ၊ တိုက်လေယာဉ်တွေမပါဘဲ ထမ်းဆောင်တဲ့တိုက်ခိုက်ရေးတာဝန်တွေ စတဲ့တာဝန် တွေထမ်းဆောင်ရာမှာ အသုံးပြုနိုင်ပါတယ်။” ဟု အီဂါနာဆန်ကော့ဗ်၏ စကားကို ကိုးကား၍ ရုရှားအစိုးရပိုင် TASS သတင်းဌာနကဖော်ပြခဲ့သည်။

 

လွန်ခဲ့သည့်နှစ်က ချက်ကာလပ်ဗ်အစိုးရလေကြောင်းပျံသန်းရေးစမ်းသပ်မှုဌာနချုပ်၏ လေ့ကျင့်ကွင်းတွင် VM-V မောင်းသူမဲ့ရဟတ်ယာဉ်ကို အောင်မြင်စွာစမ်းသပ်မောင်းနှင် ပျံသန်းခဲ့သည်။ သဏ္ဍန်တူ VM-V မောင်းသူမဲ့ ရ ဟတ်ယာဉ် ပထမအသုတ်ကို ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းကာလတွင် ရုရှားတပ်မတော်သို့ ပို့ဆောင်ခဲ့ပြီး ဒုတိယ အသုတ်ကို ၂၀၂၂ ခုနှစ် အစောပိုင်းကာလတွင် ပို့ဆောင်သွားရန် မျှော်လင့်ထားသည်။

 

ယခုလအစောပိုင်းက ရုရှားနိုင်ငံ၏ အိုရီယွန်တိုက်ခိုက်ရေးဒရုန်း၏ တိုက်ပွဲဝင်စွမ်းရည်များကို စမ်းသပ်ရန် အ တွက် VM-V မောင်းသူမဲ့ရဟတ်ယာဉ်ကို အသုံးပြုခဲ့သည်။

 

လေ့ကျင့်ခန်းတွင် ကင်းထောက်နှင့် တိုက်ခိုက်ရေး ဒရုန်းလေယာဉ်က ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်ဖြင့် မောင်း သူမဲ့ရဟတ်ယာဉ် (ဒရုန်းရဟတ်ယာဉ်) ကို အောင်မြင်စွာ ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန် ကြီးဌာနက ထုတ်ဖော်ပြောကြားခဲ့သည်။

 

Ref: Russia Upgrading VM-V Unmanned Target Helicopter

 

#PeopleMedia

 

(unicode)


…………………………………………………………..

 


 


 


 


 


 


 


 


 

Ref: Russia Upgrading VM-V Unmanned Target Helicopter

 

#PeopleMedia


Share this post