• Follow Us on

Home ရုရှားနိုင်ငံသည် “မယုံကြည်နိုင်လောက် အင်အားကောင်းသည့် စစ်အင်အား” ကို ပိုင်ဆိုင်ထားကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးပြော

ရုရှားနိုင်ငံသည် “မယုံကြည်နိုင်လောက် အင်အားကောင်းသည့် စစ်အင်အား” ကို ပိုင်ဆိုင်ထားကြောင်း အမေရိကန်ဗိုလ်ချုပ်ကြီးပြော

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၁၈ (People Media)

 

အနှစ် ၂၀ အတွင်း ရုရှားတပ်မတော်ကို ပြောင်းလဲဖွဲ့စည်းပြီးနောက် ရုရှားနိုင်ငံသည် “မယုံကြည်နိုင်လောက် အင်အားကောင်းသည့်စစ်အင်အား” ကို ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း ပူးပေါင်းစစ်ဦးစီးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီးဂျွန်ဟိုက်တန်က စက်တင်ဘာ ၁၇ ရက်နေ့က ပြောကြားလိုက်သည်။

 

“ရုရှားနိုင်ငံဟာ မယုံကြည်နိုင်လောက်အောင် အင်အားကောင်းတဲ့ စစ်အင်အားကို ပိုင်ဆိုင်ထားပါတယ်။ ရုရှား တေါဟာ အနှစ်နှစ်ဆယ်အတွင်းမှာ သူတို့တပ်မတော်ကို ခေတ်မီပြီးအင်အားကြီးမားလာအောင် စွမ်းဆောင်နိုင် ခဲ့ပါတယ်။” ဟု ဗိုလ်ချုပ်ကြီးဂျွန်ဟိုက်တန်က Atlantic Council အွန်လိုင်းမီဒီယာသို့ပြောသည်။

 

ရုရှားနိုင်ငံသည် ၎င်း၏ မဟာဗျူဟာမြောက် နျူကလီးယားလက်နက်များ၊ အာကာသနည်းပညာများနှင့် ဆိုက် ဘာတပ်ဖွဲ့များကို ပို၍ခေတ်မီအောင် အဆင့်မြှင့်တင်ရန် ဆုံးဖြတ်ချက်ချထားခြင်းကို ဖုံးကွယ်ခဲ့ခြင်းအလျဉ်းမရှိ ကြောင်း၊ အမေရိကန်က ယင်းကိစ္စကို စိတ်မဝင်စားခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ်က သမ္မတဘားရက်အိုဘားမား ၏ အမျိုးသားလုံခြုံရေးမဟာဗျူဟာအစည်းအဝေးတွင် ရုရှားနိုင်ငံကို အနာဂတ်ကာလ ပြိုင်ဘက်အဖြစ် ဖော်ပြ ခဲ့ခြင်းမရှိကြောင်း ဗိုလ်ချုပ်ကြီးဂျွန်ဟိုက်တန်က ပြောသည်။

 

“ရုရှားနျူကလီးယားတပ်ဖွဲ့ကို ခေတ်မီအောင် အဆင့်မြှင့်တင်တော့မယ်ဆိုတာ ၂၀၀၆ ခုနှစ်မှာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောခဲ့ပါတယ်။ သူတို့ဟာ ထက်သန်တက်ကြွတဲ့ ဆိုင်ဘာတပ်ဖွဲ့တွေ၊ အာကာသတပ်ဖွဲ့ တွေ ကို တည်ဆောက်ခဲ့ပါတယ်။ အမေရိကန်နဲ့ နေတိုးအဖွဲ့က ဒါတွေ ဘာ့ကြောင့်မလုပ်ခဲ့တာလဲ။” ဟု ၎င်းကပြော သည်။

 

အမေရိကန်ပြည်ထောင်စုအနေဖြင့် ရုရှားနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ တပ်မတော်များကို သမိုင်းတွင် မည်သည့် အချိန်ကမှမကြုံဖူုးသေးသည့် မဟာဗျူဟာမြောက် စိန်ခေါ်ချက်တစ်ရပ်အဖြစ် ရင်ဆိုင်နေရပြီုဖြစ်ကြောင်း၊ တ ပြိုင်တည်းမှာ ပြိုင်ဘက်နှစ်နိုင်ငံကို ရင်ဆိုင်နေရခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

 

“ကျွန်တော်တို့ တပြိုင်တည်းမှာ ရုရှားကိုရော တရုတ်ကိုပါ ရင်ဆိုင်နေရတာဟာ အလွန်အရေးကြီးပါတယ်။ ကျွန် တော်တို့က အမေရိကန်ပြည်ထောင်စုကနေ ဥရောပကို အာရုံစိုက်ပြီးကြည့်နေတယ်။ အနောက်ကိုပြန်ကြည့်နေ တယ်။ တကယ်တော့ ကျွန်တော်တို့ကြည့်ရမှာ တရုတ်နဲ့ ရုရှားကို ကြည့်ရမှာပါ။ အဲဒီတရုတ်နဲ့ ရုရှားဟာ တောင် အမေရိကတိုက်ကိုရောက်နေပြီ။ အာဖရိကတိုက်ကိုရောက်နေပြီ။ အရှေ့အလယ်ပိုင်းကိုရောက်နေပြီ။ သူတို့မှာ နိုင်ငံတကာ စွမ်းအားတွေရှိနေပြီ။” ဟု ဗိုလ်ချုပ်ကြီးဂျွန်ဟိုက်တန်က ပြောသည်။

 

ရုရှားနှင့် တရုတ်နိုင်ငံတို့ကလည်း အသံထက်ငါးဆမြန်သော လက်နက်များကဲ့သို့ ခေတ်အမီဆုံး မဟာဗျူဟာ မြောက်လက်နက်များကို ထုတ်လုပ်ထားကြောင်း ထုတ်ဖော်ပြသခဲ့သလို တရုတ်နိုင်ငံတွင်လည်း တိုက်ချင်းပစ် ဒုံးပျံ အသစ်များထုတ်လုပ်ထားကြောင်းလည်း သိရသည်။

 

Ref: Russia Possesses ‘Unbelievable Military Power’ After Transforming Forces – US General

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Russia Possesses ‘Unbelievable Military Power’ After Transforming Forces – US General

 

#PeopleMedia


Share this post