• Follow Us on

Home ရုရှားနိုင်ငံသည် ယူကရိန်းကို အချိန်မရွေးတိုက်ခိုက်နိုင်ပြီး နေတိုးအဖွဲ့ကို သွေးခွဲနိုင်ကြောင်း အမေရိကန် လွှတ်တော်အမတ်များပြော

ရုရှားနိုင်ငံသည် ယူကရိန်းကို အချိန်မရွေးတိုက်ခိုက်နိုင်ပြီး နေတိုးအဖွဲ့ကို သွေးခွဲနိုင်ကြောင်း အမေရိကန် လွှတ်တော်အမတ်များပြော

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၅ (People Media)

 

ရုရှားသမ္မတဗလာဒီမာပူတင်၏စစ်တပ်သည် ယူကရိန်းနိုင်ငံကို အချိန်မရွေးဝင်ရောက်တိုက်ခိုက်ရန် အဆင်သင့် ဖြစ်နေပြီး ပူတင်အနေဖြင့် နေတိုးအဖွဲ့နှင့် ဥရောပသမဂ္ဂတို့၏ သဘောထားကွဲလွဲမှုများကို အခွင့်ကောင်းယူသွေး ခွဲသွားနိုင်ကြောင်း အမေရိကန်လွှတ်တော်အမတ်များနှင့် စောင့်ကြည့်လေ့လာသူများက ပြောကြားလိုက်သည်။

 

“ကျွန်တော်နားလည်သလောက်ပြောရရင် သူတို့ (ရုရှား) လိုချင်တာကိုရအောင် လုပ်နိုင်စွမ်းရှိနေပါတယ်။ သူတို့ လိုချင်တဲ့အရာအတွက် အလွန်ကောင်းမွန်တဲ့အခြေခံစနစ်တစ်ခုရှိပြီးဖြစ်ပါတယ်။ ကျွန်တော်ပြောနေတာ လုံးဝ ပြီးပြည့်စုံနေပြီလို့ ဆိုလိုတာမဟုတ်ဘူးနော်။ အလွန်ကောင်းမွန်တဲ့အခြေခံစနစ်ရှိနေတယ်လို့ပြောတာပါ။” ဟု အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဘော့မီနန်ဒက်ဇ်က Washington Examiner မဂ္ဂဇင်း ကိုပြောသည်။

 

သမ္မတပူတင်အနေဖြင့် ၎င်းဘာလိုချင်သည်ကို တိတိကျကျ သိရှိပုံမရသေးသော်လည်း ယူကရိန်းဝန်းကျင်တစ် ဝိုက်တွင် ရုရှားတပ်များ အင်အားအလုံးအရင်းစုဖွဲထံထားသည်မှာ အတ္တလန်တိတ်မဟာမိတ်အဖွဲ့ကို ဖြိုခွင်းချင် နေပုံရကြောင်း အမေရိကန်ထိပ်တန်းအရာရှိများကပြောသည်။

 

သို့သော် ယင်းအခြေအနေကို ယူကရိန်းတစ်နိုင်ငံလုံးကို ကျူးကျော်တိုက်ခိုက်သိမ်းပိုက်ခြင်းဟု မယူဆဘဲ ထိပ်တိုက်တွေ့ဆုံခြင်းကို ရှောင်ရှားလိုသည့် အနောက်ဥရောပ၏ဆန္ဒကို အသုံးချရင်း ယူကရိန်းနိုင်ငံ၏ ကာ ကွယ်ရေးကို ပြိုကွဲစေနိုင်သော တဖြည်းဖြည်း ဆိုးရွားစွာ ဖရိုဖရဲဖြစ်စေသည့် နည်လးမ်းကို အသုံးပြုနိုင်ကြောင်း ၎င်းတို့က ပြောသည်။

 

“အဲဒီမှာရောက်နေတဲ့ ပူတင်ရဲ့တပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနိုင်ငံနဲ့ အနောက်နိုင်ငံတွေကို ဖိအားပေးဖို့အတွက် ပူ တင်ညွှန်ကြားချက်အတိုင်း နည်းလမ်းလေးငါးခုလောက်ကို ရွေးချယ်လုပ်ကိုင်နိုင်တဲ့စွမ်းရည်ရှိနေတဲ့ တပ်ဖွဲ့ဝင် တွေဖြစ်ပါတယ်။” ဟု အငြိမ်းစား ကြယ်လေးပွင့် လေတပ်ဗိုလ်ချုပ်ကြီး ဖိလစ်ဘရက်ဒ်လဗ်က Washington Examiner မဂ္ဂဇင်း ကိုပြောသည်။ ဗိုလ်ချုပ်ကြီး ဖိလစ်ဘရက်ဒ်လဗ်သည် ရုရှားနိုင်ငံ ခရိုင်းမီးယားကို ကျူးကျော် သိမ်းပိုက်ခဲ့သည့် ၂၀၁၄ ခုနှစ်က နေတိုးမဟာမိတ်အဖွဲ့အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ထပ်မံကျူးကျော်မည်ဆိုပါက အမေရိကန်ပြည်ထောင်စုအနေဖြင့်  ရုရှားနိုင်ငံ အား အရေးကြီးသောစီးပွားရေးအရေး ယူဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန် ကြီး အန်တိုနီဘလင်ကန်က ပြောဆိုထားသည်။

 

အထက်လွှတ်တော်နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဘော့မီနန်ဒက်ဇ်ကမူ ၎င်းအနေဖြင့် ပိတ်ဆို့အရေးယူ မှုအားလုံး၏မိခင်ဟုယူဆထားသော ဥပဒေတစ်ရပ်ကိုပြဋ္ဌာန်းခြင်းဖြင့် ခြိမ်းခြောက်သွားနိုင်ရန် ကြိုးစားခဲ့ကြောင်း ပြောသည်။

 

သို့သော် ပူတင်အနေဖြင့် အနောက်အုပ်စုမဟာမိတ်နိုင်ငံများကြား သဘောထားကွဲလွဲမှုများကို ဆွပေးရန်အ တွက် ယူကရိန်းနိုင်ငံကို အတိုင်းအတာတစ်ခုအထိ တိုက်ခိုက်မည်ဆိုသည့်အချက်အား ဗိုလ်ချုပ်ကြီး ဖိလစ်ဘ ရက်ဒ်လဗ်နှင့် ဆန်းစစ်လေ့လာသူများက သံသယရှိနေကြသည်။

 

“ပူတင်ရဲ့ ရည်ရွယ်ချက်တစ်ခုလုံးက ယူကရိန်းက ဇီလန်စကီးအစိုးရကို ဖယ်ရှားကပစ်ဖို့တစ်ခုတည်းဆိုရင်တော့ ကောင်းမွန်တဲ့ရည်ရွယ်ချက်ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒီလိုမှ မဟုတ်ရင် ဝါရှင်တန်နဲ့ မျက်နှာချင်းဆိုင် ဗာဂျီးနီးယား ပြည်နယ်ထဲမှာ လာထိုင်နေသလို ဖြစ်သွားမှာပေါ့။” ဟု ဖိလစ်ဘရက်ဒ်လဗ်က ပြောသည်။

 

ယင်းနည်းဗျူဟာအရ ရုရှားစစ်သားများ အကျအဆုံးမရှိဘဲ စစ်ရေးအရဖိအားပေးမှုကို ပူတင်အနေဖြင့် မြှင့်တင် နိုင်သော်လည်း ထိုနည်းလမ်းမျာ အားသာချက်များရရှိရန် တစ်ခုတည်းသောနည်းလမ်းမဟုတ်ကြောင်း ဘရက်ဒ်  လဗ်က ပြောသည်။

 

ရုရှားအစိုးရက ပြည်တွင်းစစ်ပွဲတစ်ခုအဖြစ် တောက်လျှောက်ပုံဖော်ပြောဆိုနေသည့် ပဋိပက္ခဖြစ်သော ယူကရိန်း  နိုင်ငံမှ ဒွန်ဘတ်စ်ဒေသကို ပူတင်အစိုးရကာလရှည်ကိုင်တွယ်ထိန်းချုပ်နေမှုက ယူကရိန်းနိုင်ငံ၏ နိုင်ငံတကာ နယ်စပ်အတွင်း ရုရှားတပ်များ၏ ကျူးကျော်တိုက်ခိုက်မည့်အရိပ်လက္ခဏာကို လမ်းခင်းပေးထားခြင်းဖြစ်သည်။ ယင်းဒေသမှတစ်ဆင့် ပူတင်မကျေနပ်ပါက ရုရှားတပ်များသည် အက်ဇော့ (Azov) ပင်လယ်ကမ်းခြေ တစ် လျှောက် တောင်ပိုင်းသို့ ချီတက်သွားနိုင်သည်။

 

“ဒီဖြစ်နိုင်ခြေရှိတဲ့ရွေးချယ်မှုမှာ အရေးကြီးတာက မာရီယာပိုးလ် (ယူကရိန်း၏ ဆိပ်ကမ်းမြို့) ဟာ လက်ရှိတပ်စွဲ ထားတဲ့နေရာတွေကနေ ကီလိုမီတာ ၄၀ လောက်ပဲဝေးတာဖြစ်တယ်။ မြို့ပြစစ်ပွဲက အတိုင်းအတာကြီးကြီးမား မား အကျအဆုံးရှိနိုင်တာကြောင့် သူတို့တွေ မာရီယာပိုးလ်မြို့ထဲကို ဝင်မယ်လို့ မထင်ဘူး။ ဒါပေမဲ့ သူတို့တွေ မာရီယာပိုးလ်မြို့ကို ဝိုင်းထားပြီး အဆက်အသွယ်ဖြတ်တောက်ထားမယ်၊ ခရိုင်းမီးယားနှင့် ဆက်သွယ်ထားတဲ့ ရေလှောင်ကန်တွေကို သိမ်းဆည်းထားမယ်ဆိုရင်တော့ အလွန်အရေးကြီးတဲ့ပြဿနာဖြစ်သွားပြီ။” ဟု ဘရက်ဒ် လဗ်ကပြောသည်။

 

Ref: Russian military ready ‘right now’ to attack Ukraine and divide NATO

 

#PeopleMedia

 

(unicode)


………………………………………………………………………….

 


 


 


 


 


 


 


 


 


 


 


 


 


 

Ref: Russian military ready ‘right now’ to attack Ukraine and divide NATO

 

#PeopleMedia


Share this post