• Follow Us on

Home ရုရှားနျူကလီးယားတပ်ဖွဲ့တွေကို အမြင့်ဆုံးတပ်လှန့်ထားပေမဲ့ အမေရိကန်အနေနဲ့ စိုးရိမ်ပူပန်မှုမရှိဘူးလို့ ဂျိုးဘိုင်ဒန်ပြော

ရုရှားနျူကလီးယားတပ်ဖွဲ့တွေကို အမြင့်ဆုံးတပ်လှန့်ထားပေမဲ့ အမေရိကန်အနေနဲ့ စိုးရိမ်ပူပန်မှုမရှိဘူးလို့ ဂျိုးဘိုင်ဒန်ပြော

Share this post

နိုင်ငံတကာ၊ မတ် ၁ (People Media)

 

ရုရှားအစိုးရက ၎င်းတို့နိုင်ငံရဲ့ နျူကလီးယားတပ်ဖွဲ့ဝင်တွေကို အမြင့်ဆုံးတပ်လှန့်ထားလိုက်ပြီးနောက် အမေရိ ကန်နိုင်ငံအနေနဲ့ နျူကလီးယားစစ်ပွဲဖြစ်ပွားမှာကို စိုးရိမ်ကြောက်လန့်ခြင်းမရှိကြောင်း သမ္မတဂျိုးဘိုင်ဒန်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြောကြားလိုက်ပါတယ်။

 

နျူကလီးယားစစ်ပွဲဖြစ်လာမှာကို အမေရိကန်နိုင်ငံသားတွေအနေနဲ့ စိုးရိမ်ပါသလားလို့ သတင်းထောက်တွေက မေးမြန်းတာကို သမ္မတဂျိုးဘိုင်ဒန်က မစိုးရိမ်ပါဘူးလို့ ဖြေကြားခဲ့တာဖြစ်ပါတယ်။

 

အမေရိကန်ပြည်ထောင်စုအနေနဲ့ ၎င်းတို့ရဲ့နျူကလီးယားတပ်လှန့်မှုအဆင့်ကို ပြောင်းလဲသွားဖို့ ဘာအကြောင်း ပြချက်မှမရှိကြောင်း အိမ်ဖြူတော်အရာရှိများက တနင်္လာနေ့အစောပိုင်းကပြောကြားခဲ့တာကို အိမ်ဖြူတော် သ တင်းစာရှင်းလင်းပွဲအတွင်းရေးမှူးဂျန်းဆာကီက သတင်းစာရှင်းလင်းပွဲမှာထပ်လောင်းပြောကြားလိုက်ပါတယ်။

 

“သမ္မတပူတင်ရဲ့ ညွှန်ကြားချက်ကို ကျွန်တော်တို့ လေ့လာအကဲဖြတ်နေပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ နျူကလီး ယားတပ်ဖွဲ့တွေတပ်လှန့်မှုအဆင့်ကို ပြောင်းလဲစရာအကြောင်းမရှိပါဘူး။” လို့ ဆာကီက ပြောပါတယ်။

 

ရုရှားနျူကလီးယားဒုံးကျည်တပ်ဖွဲ့တွေ၊ မြောက်ပိုင်းနဲ့ ပစိဖိတ်ဒေသက ရေတပ်အုပ်စုတွေကို တိုက်ပွဲဝင်အသင့် ဖြစ်နေစေဖို့ တပ်လှန့်နှိုးဆော်ထားပြီးဖြစ်တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္လာနေ့ကကြေညာခဲ့ ကြောင်း Interfax သူတင်းဌာနက ရေးသားထားပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံပေါင်း ၃၀ ဟာ ရုရှားနိုင်ငံနဲ့ ပဋိပက္ခမဖြစ်ချင်ကြောင်း ဆာကီက ပြောပါတယ်။

 

“နျူကလီးယားလက်နက်တွေနဲ့ ဆက်နွယ်ပြီး အခုလို ရန်စတဲ့စကားတွေပြောဆိုလာတာမျိုးဟာ အန္တရာယ်ကြီးတဲ့အပြင် မှားယွင်းစွာတွက်ချက်တာလည်းဖြစ်တယ်။ ဒီလိုအပြုအမူမျိုးကို ရှောင်ရှားသင့်ပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီလို လုပ်မှာမဟုတ်ပါဘူး။” လို့ ဆာကီက ပြောပါတယ်။

 

ဘိုင်ဒန်က တနင်္လာနေ့မှာ မဟာမိတ်နိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေကို ဖုန်းခေါ်ဆိုပြီး နျူကလီးယားစစ်ပွဲကို ဘယ်တော့မှ တိုက်ခိုက်မှာမဟုတ်ဘူးလို့ ပြောဆိုလိုက်ပါတယ်။

 

ဘိုင်ဒန်က ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ပိုလန်၊ ရိုမေးနီးယားနဲ့ ဗြိတိန်နိုင်ငံတို့က ခေါင်းဆောင်တွေ၊ နေတိုးအဖွဲ့အကြီးအကဲနဲ့ ဥရောပသမဂ္ဂက ထိပ်တန်းအရာရှိတွေကို ဖုန်းခေါ်ဆိုပြီးပြောကြားခဲ့တာဖြစ်ပါတယ်။ နျူကလီးယာလက်နက်တွေကို အသုံးပြုတာဟာ နောက်ဆက်တွဲအကျိုးဆက်တွေအားလုံး ပျက်စီးဆုံးရှုံးမှုနဲ့သာ ကြုံတွေ့ရမှာဖြစ်တယ်ဆိုတာကို ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံစလုံးက အရင်ကတည်းကသဘောတူထားပြီးဖြစ် ကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

 

 

Ref: Biden says Americans should not worry about nuclear war after Russian actions

 

#PeopleMedia

 

(unicode)


………………………………………………………..

 


 


 


 


 


 


 


 


 


 

Ref: Biden says Americans should not worry about nuclear war after Russian actions

 

#PeopleMedia


Share this post