• Follow Us on

Home ရုရှားနှင့် တရုတ် ရေတပ်များ Joint Sea 2021 စစ်ရေးလေ့ကျင့်မှု စတင်ဆောင်ရွက်

ရုရှားနှင့် တရုတ် ရေတပ်များ Joint Sea 2021 စစ်ရေးလေ့ကျင့်မှု စတင်ဆောင်ရွက်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၁၄ (People Media)

 

ရုရှားရေတပ်နှင့် တရုတ်ရေတပ်တို့ ပူးပေါင်း၍ Joint Sea 2021 စစ်ရေးလေ့ကျင့်မှုကို ဂျပန်ပင်လယ်ပြင်တွင် စ တင်ပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံ၏ ပစိဖိတ်ရေတပ်အုပ်စုသတင်းထုတ်ပြန်ရေးအဖွဲ့က အောက်တိုဘာလ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

 

“Joint Sea 2021 စစ်ရေးလေ့ကျင့်မှုကို ရုရှားရေတပ်နဲ့ တရုတ်ရေတပ်တွေပူးပေါင်းပြီး ဂျပန်ပင်လယ်ပြင်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပါတယ်။” ဟု သတင်းထုတ်ပြန်ရေး အဖွဲ့ကြေညာချက်တွင်ဖော်ပြထားသည်။

 

စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့် ရုရှားရေတပ်တွင် ရေငုပ်သင်္ဘောတိုက်ဖျက်ရေး Admiral Panteleyev စစ် သင်္ဘော၊ Aldar Tsydenzhapov ဖျက်သင်္ဘော၊ Gromky ကော်ဗတ်ဖျက်သင်္ဘော၊ coastal-type မိုင်းရှင်း သင်္ဘောနှစ်စီး၊ Ust-Bolsheretsk ရေငုပ်သင်္ဘော၊ ဒုံးကျည်တင်သင်္ဘောတစ်စီးနှင့် ရှာဖွေကယ်ဆယ်ရေး စစ် သင်္ဘောတစ်စီးတို့ပါဝင်သည်။

 

စစ်ရေးလေ့ကျင့်မှုတွင်ပါဝင်သည့် တရုတ်ရေတပ်တွင် ကူမင်းဖျက်သင်္ဘောနှင့် နန်ချောင်ဖျက်သင်္ဘော၊ ကော် ဗတ်အတန်းအစား ရှင်းဂျုံးဖျက်သင်္ဘောနှင့် လူဂျုံးဖျက်သင်္ဘော၊ ဒီဇယ်စမ်းအင်သုံးရေငုပ်သင်္ဘောတစ်စီး၊ ထောက်ပံ့ရေးသင်္ဘောတစ်စီးနှင့် ရှာဖွေကယ်ဆယ်ရေးသင်္ဘောတစ်စီးတို့ပါဝင်သည်။

 

တရုတ်စစ်သင်္ဘောအုပ်စုသည် အောက်တိုဘာလ ၁၃ ရက်နေ့က Great Bay ခေါ် ဟောင်ကောင်၊ မကာအိုနှင့် ဂွမ်ဒေါင်းပြည်နယ်ရှိ မြို့နယ် ၉ မြို့နယ်ဆက်စပ်ပါဝင်နေသည့်ကျွန်းစုများအတွင်းသို့ ဆိုက်ရောက်လာခဲ့ကြောင်း  သတင်းထုတ်ပြန်ရေးအဖွဲ့ကပြောသည်။

 

ပစိဖိတ်ရေတပ်အုပ်စုမှ လေယာဉ် ၁၂ စင်း၊ ရဟတ်ယာဉ်များနှင့် တရုတ်ရေတပ်တို့ စစ်ရေးလေ့ကျင့်မှုတွင်ပါဝင် ကြောင်း ထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။

 

ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် နှစ်နိုင်ငံရေတပ်များမှ ရေတပ်အရာရှိ၊ စစ်သည်များသည် နည်းဗျူဟာစစ်ရေးလေ့ ကျင့်မှုများ၊ ရေတပ်များအတွက် မိုင်းရှင်းလင်းရေးလေ့ကျင့်မှုများတွင် ပါဝင်လေ့ကျင့်ခဲ့ကြပြီး ပင်လယ်ပြင်မှ ပစ် မှတ်များကို အမြောက်ဖြင့်ပစ်ခတ်ခြင်း၊ သတ်မှတ်နယ်မြေတွင် ရန်သူ့ရေငုပ်သင်္ဘောများကို ရှာဖွေတားဆီးခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့ကြသည်။

 

Ref: Russia, China kick off joint naval maneuvers in Sea of Japan

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 

Ref: Russia, China kick off joint naval maneuvers in Sea of Japan

 

#PeopleMedia


Share this post