• Follow Us on

Home ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း ဘယ်လာရုစ်ကြေညာ

ရုရှားနှင့် ပူးတွဲစစ်ရေးလေ့ကျင့်မည်ဖြစ်ကြောင်း ဘယ်လာရုစ်ကြေညာ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၈ (People Media)

 

ဘယ်လာရုစ်တပ်ဖွဲ့ဝင်များသည် ရုရှားတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း၍ လာမည့်လတွင် စစ်ရေးလေ့ကျင့်မည်ဖြစ် ကြောင်း ဘယ်လာရုစ်သမ္မတအလက်ဇန္ဒားလူကာရှန်ကိုက ဇန်နဝါရီလ ၁၇ ရက်နေ့ကပြောကြားလိုက်သည်။

 

“ဖေဖော်ဝါရီလအတွင်းမှာ စစ်ရေးလေ့ကျင့်ခန်းလုပ်ဖို့အတွက် ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ရုတ်တရုက်ကြီး တပ်တွေ အင်အားအလုံးအရင်း စုဖွဲ့နေပါတယ်၊ စစ်ပွဲတစ်ပွဲဖန်တီးတိုက်ခိုက်ပါတော့မယ်လို့ ကျွန်တော်တို့ကို ဘယ်သူကမှ စွပ်စွဲလို့မရအောင် ရက်အတိအကျသတ်မှတ်ပြီး ကြေညာဖို့လိုပါတယ်။” ဟု သမ္မတလူကာရှန်ကို က ၎င်း၏တပ်ဖွဲ့ဝင်များကိုပြောကြားသည့်စကားကို ကိုးကား၍ အစိုးရပိုင်မီဒီယာက ကြေညာခဲ့သည်။

 

ယူကရိန်းလုံခြုံရေးနှင့်ပတ်သက်၍ လတ်တလောကာလများတွင် အနောက်နိုင်ငံများနှင့် ရုရှားနိုင်ငံတို့ကြား တင်းမာမှုများမြင့်တက်နေစဉ်အတွင်း ယခုကြေညာချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

 

ရုရှားအစိုးရက ယူုကရိန်းနယ်စပ်တစ်လျှောက် တပ်အင်အား အလုံးအရင်းချထားပြီး ယူကရိန်းနိုင်ငံနှင့် အခြား ဆိုဗီယက်အဖွဲ့ဝင်ဟောင်းနိုင်ငံများကို နေတိုးအဖွဲ့အတွင်းသို့ ဝင်ရောက်ခွင့်မပြုရန် ဖိအားပေးတောင်းဆိုလျက် ရှိသည်။

 

ဘယ်လာရုစ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ ပူးတွဲစစ်ရေးလေ့ကျင့်မည့်အစီအစဉ်များကို ရုရှားသမ္မတဗလာဒီမာပူတင်နှင့် ပေါင်းစပ်ညှိနှိုင်းပြီး  ဒီဇင်ဘာလအတွင်းက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သော်လည်း ထိုအချိန်က ယင်းအစီအစဉ်ကို ကြေ ညာခဲ့ခြင်းမရှိပေ။ စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင်အင်အား မည်မျှပါဝင်လေ့ကျင့်မည်ကို လူကာရှန်ကိုက အ သေးစိတ်ထုတ်ဖော်ပြောကြားခြင်းမရှိပေ။

 

စစ်ရေးလေ့ကျင့်မှုကို “Determination of the Union 2022” ဟု အမည်ပေးထားပြီး ၎င်းနိုင်ငံကို အနောက်နိုင် ငံများက တိုက်ခိုက်လာသည့်အချိန်တွင် ခုခံကာကွယ်သည့်သဏ္ဍန်လုပ် လေ့ကျင့်သွားမည်ဖြစ်ကြောင်း သမ္မတ လူကာရှန်ကိုက ပြောသည်။

 

ဘယ်လာရုစ်နိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သော ပိုလန်၊ ယူကရိန်းနှင့် ဘော်လတစ်နိုင်ငံများ၏ နယ်စပ်တစ် လျှောက်တွင် တပ်အင်အားများ အများအပြားစုစည်းထားသည်ကိုတွေ့နေရသဖြင့် ယခုဆောင်ရွက်မည့် စစ် ရေးလေ့ကျင့်မှုများမှာ တရားမျှတမှုရှိပြီး ကျိုးကြောင်းဆီလျော်ကြောင်း နိုင်ငံကို အနှစ်သုံးဆယ်နီးပါးအုပ်ချုပ် ထားသည့် ဘယ်လာရုစ်သမ္မတက ပြောသည်။

 

ယူကရိန်းနိုင်ငံသည် ၎င်း၏ပြောဆိုမှုကို မည်သည့်တုံ့ပြန်မှုသက်သေအထောက်အထားမှ မပေးဘဲ တပ်ဖွဲ့ဝင်များ ကိုသာ အင်အားအလုံးအရင်း စုစည်းနေကြောင်း သမ္မတလူကာရှန်ကိုက စွပ်စွဲပြောဆိုလိုက်ပြီး လောဂျစ်စတစ်၊ ထောက်ပံ့ရေးနှင့် နည်းပညာထောက်ပံ့မှု အလွှာပေါင်းစုံကို တပ်ဖြန့်ချထားရန် ပိုလန်နိုင်ငံက နေတိုးအဖွဲ့ကို မေတ္တာရပ်ခံခဲ့ကြောင်း ပြောသည်။

 

Ref: Belarus Announces Military Drills With Russia

 

#PeopleMedia

 

(unicode)


…………………………………………………………

 


 


 


 


 


 


 


 


 


 

Ref: Belarus Announces Military Drills With Russia

 

#PeopleMedia


Share this post