• Follow Us on
Latest News

Home ရုရှားနှင့် ဗဟိုအာရှနိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

ရုရှားနှင့် ဗဟိုအာရှနိုင်ငံများ ပူးတွဲစစ်ရေးလေ့ကျင့်မှု ပြုလုပ်

Share this post

နိုင်ငံတကာ၊ သြဂုတ် ၆ (People Media)

 

အာဖဂန်နစ္စတန်နိုင်ငံ၌ လုံခြုံရေးအခြေအနေ ဆိုးရွားလာနေစဉ် ရုရှားနိုင်ငံက ဥဇဘတ်ကစ္စတန်၊ တာဂျစ် ကစ္စတန်နိုင်ငံတို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုများ စတင်လိုက်သည်။

 

အာဖဂန်နစ္စတန်နယ်စပ်အနီး တာဂျစ်ကစ္စတန်နိုင်ငံရှိ စစ်ရေးလေ့ကျင့်ရေးကွင်းတစ်ခု၌ သုံးနိုင်ငံ စစ်ရေး လေ့ကျင့်မှု စတင်ခဲ့ခြင်းဖြစ်သည်။

 

စစ်ရေးလေ့ကျင့်မှုတွင် တပ်ဖွဲ့ဝင် ၂၅၀၀၀ ကျော်အပြင် တင့်ကားများ၊ မောင်းသူမဲ့လေယာဉ်များလည်း ပါဝင်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

 

အကြမ်းဖက်သမားများ၏ ကျူးကျော်တိုက်ခိုက်မှုကို စုပေါင်းတိုက်ခိုက်သည့် ပုံစံတစ်ရပ်ဖြင့် တပ်ဖွဲ့ဝင်များက စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်သည်။

 

အမေရိကန်တပ်မတော်က အာဖဂန်နစ္စတန်နိုင်ငံရှိ တပ်ဖွဲ့များကို ယခုလမကုန်မီ ရုတ်သိမ်းနေချိန်တွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခြင်းဖြစ်သည်။ တာလီဘန်အဖွဲ့ကလည်း အာဖဂန်အစိုးရအပေါ် ထိုးစစ် ဆင်တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။

 

အာဖဂန်နစ္စတန်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ဗဟိုအာရှနိုင်ငံများက အကြမ်းဖက်သမားများ ဝင်ရောက်လာနိုင်မှုနှင့်ပတ်သက်၍ အဆိုပါနိုင်ငံများကြား စိုးရိမ်မှုများ ပျံ့နှံ့လျက်ရှိသည်။

 

ရုရှားတပ်မတော်က ဥဇဘတ်ကစ္စတန်နိုင်ငံသို့ စစ်လက်နက်များတင်ပို့မ ှုတိုးမြှင့်ရန် စီစဉ်နေကြောင်း ရု ရှားလက်နက်ကိုင်တပ်ဖွဲ့ စစ်ဦးစီးချုပ်ဗိုလ်ချုပ်ကြီး ဗယ်လာရီဂီရာစီမော့ဗ်က ပြောကြားသည်။

 

အမေရိကန်တပ်မတော်က အာဖဂန်နစ္စတန်နိုင်ငံမှ တပ်ဖွဲ့များရုတ်သိမ်းနေစဉ် ဗဟိုအာရှဒေသ၌ စစ်ရေးအရ သြဇာလွှမ်းမိုးရန် ရုရှားနိုင်ငံက ရည်ရွယ်နေသည်။

 

Ref; Russia, Central Asian nations hold joint drills

 

#PeopleMedia #EPN #international #ရုရှား

 

(unicode)


……………………………………………………

 


 


 


 


 


 


 


 


 


 

Ref; Russia, Central Asian nations hold joint drills

 



Share this post