• Follow Us on
Latest News

Home ရုရှားနှင့် ဘယ်လာရုစ်တို့ ခြိမ်းခြောက်မှုများကြားမှ တပ်မတော်အင်အားတိုးမြှင့်ရန် ပိုလန်ဒုတိယဝန်ကြီးချုပ် ပြော

ရုရှားနှင့် ဘယ်လာရုစ်တို့ ခြိမ်းခြောက်မှုများကြားမှ တပ်မတော်အင်အားတိုးမြှင့်ရန် ပိုလန်ဒုတိယဝန်ကြီးချုပ် ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၉ (People Media)

 

အိမ်နီးချင်းနိုင်ငံများဖြစ်သော ဘယ်လာရုစ်နှင့် ရုရှားနိုင်ငံတို့ထံမှ ဖိအားပေးမှုများကြားတွင် နိုင်ငံ၏ကာကွယ်ရေး အင်အားတိုးမြှင့်နိုင်ရေး ဥပဒေတစ်ရပ်ပြဋ္ဌာန်းရန် ပိုလန်ဒုတိယဝန်ကြီးချုပ် ဂျာရော့စလောက်ကာချင်းစကီက ပြောကြားလိုက်သည်။

 

ဝါဆောမြို့တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် စကားပြောကြားရာ၌ ပြည်တွင်းကာကွယ်ရေးအ သုံးစရိတ်ဥပဒေကြမ်းသည် ယိုယွင်းပျက်စီးလာသောနိုင်ငံတကာအခြေအနေနှင့် ပိုလန်နိုင်ငံ၏ ပထဝီနိုင်ငံရေး အနေအထားအရဖြစ်ပေါ်လာသည့် ပြဿနာများကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ် ကာချင်းစကီက ပြောသည်။

 

ကာကွယ်ရေးဘတ်ဂျက်အဆိုပြုလွှာတွင် နိုင်ငံတော်ပိုင်နက်ကိုကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် လက်ရှိ တပ်မတော်အင်အား ၁၁၀,၀၀၀ မှ ၂၅၀,၀၀၀ အထိလည်းကောင်း အရန်ကာကွယ်ရေးအင်အားကို ၅၀,၀၀၀ အထိလည်းကောင်းတိုးမြှင့်သွားရန် တင်ပြထားသည်။

 

သို့သော် တပ်မတော်အင်အားတိုးမြှှုင့်ခြင်းသည် မရှိမဖြစ်အမျိုးသားတပ်မတော်တစ်ရပ်ပြန်လည်ဖွဲ့စည်းသည်ဟု အဓိပ္ပာယ်မသက်ရောက်ကြောင်း ကာချင်းစကီက ပြောသည်။

 

ပိုလန်တပ်မတော်အနေဖြင့် စစ်လက်နက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းများကို အမေရိကန်နိုင်ငံမှဖြစ်စေ ဥရောပသမဂ္ဂအတွင်းရှိ နိုင်ငံတစ်နိုင်ငံထံမှဖြစ်စေ ဝယ်ယူရန် ပိုလန်လွှတ်တော်က ခွင့်ပြုသွားမည်ဖြစ်သည်။

 

မီဒီယာသို့ထုတ်ဖော်ပြောဆိုထားသည့် အဆိုပြုထားသောဥပဒေကြမ်းသည် ရုရှားနိုင်ငံ၏ နယ်ချဲ့လိုသောရည် ရွယ်ချက်များနှင့် ပိုလန်နိုင်ငံနှင့် အခြားဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများကို ဘယ်လာရုစ်နိုင်ငံက ဆင်နွှဲနေသည့် မျိုးစပ်စစ်ပွဲအကြောင်းများကို ထည့်သွင်းစဉ်းစားရင်း ပိုလန်တပ်မတော်က လက်ရှိလိုအပ်နေသောအရာများဖြစ် ကြောင်း ကာချင်းစကီက ပြောသည်။

 

ပိုလန်နိုင်ငံအနေဖြင့် အထူးသဖြင့် ဥရောပသမဂ္ဂနှင့် နေတိုးစစ်အင်အားများကို မှီခိုနေရသဖြင့် မဟာမိတ်တပ်ဖွဲ့ များကို အလွန်အကျွံမှီခိုခြင်းမပြုဘဲ ကိုယ့်နိုင်ငံကိုယ်ကာကွယ်ရန်အတွက် ခိုင်မာတောင့်တင်းသောတပ်မတော် တစ်ရပ်ရှိရမည်ဖြစ်ကြောင်း ကာချင်းစကီက ထည့်သွင်းပြောကြားခဲ့သည်။

 

ဘယ်လာရုစ်နိုင်ငံနှင့် ပဋိပက္ခဖြစ်ပွားလာပါက ခိုင်မာတောင့်တင်းသောတပ်မတော်တစ်ရပ်ရှိရန် လိုအပ်ကြောင်း ၎င်းကပြောသည်။ အရှေ့အလယ်ပိုင်းဒေသနှင့် အာဖရိကဒေသမှ တရားမဝင်ရွှေ့ပြောင်းသူများကို ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့သွားရောက်နိုင်ရေးအတွက် ပိုလန်နိုင်ငံမှတစ်ဆင့်ဖြတ်သန်းသွားရောက်ရန် ဘယ်လာ ရုစ်နိုင်ငံက အားပေးအားမြှောက်လုပ်နေကြောင်း ပိုလန်နိုင်ငံက စွပ်စွဲခဲ့သည်။

 

“အခြေအနေဆိုး ဒါမှမဟုတ် စစ်ပွဲကို ကျွန်တော်တို့ရှောင်ရှားလိုတယ်ဆိုရင် နည်းလမ်းဟောင်းအတိုင်းပဲ ကျွန် တော်တို့လုပ်ရလိမ့်မယ်။ ခင်ဗျား ငြိမ်းချမ်းရေးကိုလိုချင်ရင် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားပါ။” ဟု ကာချင်း စကီ၏ စကားကိုကိုးကား၍ AP သတင်းဌာနကဖော်ပြခဲ့သည်။

 

Ref: Poland Deputy PM Suggest Strengthening Military Amid Russia, Belarus Threats

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 

Ref: Poland Deputy PM Suggest Strengthening Military Amid Russia, Belarus Threats

 

#PeopleMedia


Share this post