• Follow Us on
Latest News

Home ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးက အခြားမည်သည့်နိုင်ငံကိုမျှ တိုက်ရိုက်ဆန့်ကျင်ရန်မဟုတ်ဟု သမ္မတ ပူတင်ပြော

ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးက အခြားမည်သည့်နိုင်ငံကိုမျှ တိုက်ရိုက်ဆန့်ကျင်ရန်မဟုတ်ဟု သမ္မတ ပူတင်ပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၂ (People Media)

 

ရုရှား-တရုတ် မိတ်ဖက်ဆက်ဆံရေးသည် အခြားမည်သည့်နိုင်ငံကိုမျှ တိုက်ရိုက်ဆန့်ကျင်ရန်မဟုတ်ကြောင်းနှင့် နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားအတွက်သာဖြစ်ကြောင်း ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဆိုချီမြို့(Sochi) ၌ အောက်တိုဘာ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

 

“ဒီအကြောင်းကို ကျွန်တော်တို့ကြိမ်ဖန်များစွာ ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံနဲ့ ကျွန်တော်တို့ မိတ်ဆွေဖွဲ့တာဟာ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန်အကျိုးစီးပွားအတွက်ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဆက်ဆံရေးဟာ အခြား ဘယ်နိုင်ငံကိုမျှ တိုက်ရိုက်ဆန့်ကျင်ဖို့ မဟုတ်ပါဘူး” ဟု ရုရှားနိုင်ငံ၏ think tank ပညာရှင်အဖွဲ့တစ်ခုဖြစ်သည့် Valdai Discussion Club ၏ ၁၈ ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေး၏ မျက်နှာစုံညီအစည်းအဝေးတွင် သမ္မတပူတင်က မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့သည်။

 

“(NATO) နေတိုးအဖွဲ့ဝင်နိုင်ငံတွေနဲ့ မတူညီတာက ကျွန်တော်တို့ဟာ ဘယ်လိုနီးစပ်မှုရှိတဲ့ စစ်ဘက်ဆိုင်ရာ မဟာမိတ်ဖွဲ့ဖို့ကိုမှ မကြိုးစားခဲ့ခြင်းပါပဲ။ ရုရှားနဲ့ တရုတ်ကြားမှာ စစ်ဘက်ဆိုင်ရာ မဟာမိတ်အဖွဲ့ ဖွဲ့စည်းထား တာမျိုး မရှိပါဘူး။ အဲဒီလိုရည်ရွယ်ချက်မျိုးလည်း ကျွန်တော်တို့မှာမရှိပါဘူး” ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့ သည်။

 

Valdai Discussion Club ပညာရှင်အဖွဲ့၏ ၁၈ ကြိမ်မြောက် နှစ်ပတ်လည်အစီးအဝေးကို ဆိုချီမြို့တွင် အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကျင်းပပြုလုပ်ခဲ့သည်။ ယခုနှစ်အစည်းအဝေးဆောင်ပုဒ်မှာ “၂၁ ရာစုတွင် ကမ္ဘာလုံးဆိုင်ရာလှုပ်ခတ်မှု နိုင်ငံတစ်နိုင်ငံချင်းစီ၊ တန်ဖိုးများနှင့် နိုင်ငံတော်” ဟူ၍ ဖြစ်သည်။

 

Valdai Discussion Club အဖွဲ့ကို ၂၀၀၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှ ကျွမ်းကျင် ပညာရှင်များ၊ နိုင်ငံရေးသမားများနှင့် ထင်ရှားကျော်ကြားသူများ ပါဝင်ကြောင်း သိရသည်။

 

နိုင်ငံအသီးသီးမှ တက်ရောက်လာသူများသည် ချက်ချင်းကိုင်တွယ်ဖြေရှင်းရမည့် ကမ္ဘာလုံးဆိုင်ရာအရေးကိစ္စ ရပ်များနှင့်ပတ်သက်၍ ရှုထောင့်မျိုးစုံဖြင့် ပါဝင်ဆွေးနွေးကြကြောင်း သိရသည်။

 

(Xinhua)

 

#PeopleMedia #နိုင်ငံတကာ

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 


 

(Xinhua)

 



Share this post