• Follow Us on

Home ရုရှား မဟာဗျူဟာဒုံးကျည်တပ်ဖွဲ့စသည့်အဖွဲ့များ တိုက်ပွဲဝင် အသင့်အနေအထား စတင်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

ရုရှား မဟာဗျူဟာဒုံးကျည်တပ်ဖွဲ့စသည့်အဖွဲ့များ တိုက်ပွဲဝင် အသင့်အနေအထား စတင်ပြီဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးဌာန ပြောကြား

Share this post

နိုင်ငံတကာ၊ မတ် ၁

 

ရုရှား မဟာဗျူဟာဒုံးကျည်တပ်ဖွဲ့၊ မြောက်ပိုင်းရေတပ်နှင့် ပစိဖိတ်ရေတပ်၊ တာဝေးလေကြောင်းစစ်သည်အင် အားကို အားဖြည့်ထားပြီး တိုက်ပွဲဝင်အသင့်အနေထားစတင်နေပြီဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီး Sergey Shoygu က ဇန်နဝါရီ ၂၈ ရက်တွင် ရုရှားသမ္မတ ပူတင်ကို အစီရင်ခံခဲ့ကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ သတင်းများအရ သိရသည်။

 

ရုရှားစစ်တပ် မဟာဗျူဟာ ဟန့်တားရေးအင်အားကို အထူးတိုက်ပွဲဝင် အသင့်အနေအထားအဖြစ် ပြောင်းလဲ ထားရန် ရုရှားသမ္မတ ပူတင်က ဖေဖော်ဝါရီ ၂၇ ရက်တွင် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။

 

ရုရှား၏ မဟာဗျူဟာ ဟန့်တားရေးအင်အားရည်ရွယ်ချက်မှာ ရုရှားနှင့် ၎င်း၏မဟာမိတ်များအပေါ် ပြင်ပမှ ကျူးကျော်လာမှုကို ဟန့်တားရန်ဖြစ်ပြီး စစ်ပွဲ၌ အသုံးပြုသည့်လက်နက်များတွင် နျူကလီးယားလက်နက် အပါအဝင် ကျူးကျော်သူအားဖြိုခွင်းနိုင်သည့် လက်နက်မျိုးစုံပါဝင်ကြောင်း TASS သတင်းအေဂျင်စီက ဖော်ပြထားသည်။

 

(Xinhua)

 

#PeopleMedia

 

(unicode)


…………………………………………..

 


 


 


 


 

(Xinhua)

 

#PeopleMedia


Share this post