• Follow Us on

Home ရုရှား-အိန္ဒိယ ဖက်စပ်မစ်ဇိုင်းကို ပထမဦးဆုံးဝယ်ယူသောနိုင်ငံမှာ ဖိလစ်ပိုင်ဖြစ်လာဖွယ်ရှိနေ


Share this post






Ref; Hindustan Times


(Unicode)
ရုရှား-အိန္ဒိယ ဖက်စပ်မစ်ဇိုင်းကို ပထမဦးဆုံးဝယ်ယူသောနိုင်ငံမှာ ဖိလစ် ပိုင်ဖြစ်လာဖွယ်ရှိနေ
……………………………………………………………

ရုရှား-အိန္ဒိယဖက်စပ် BrahMos ခရုမစ်ဇိုင်းကို အိန္ဒိယက ဝယ်ယူဖို့အတွက် ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတို့ကြား လာမယ့်နှစ်အတွင်း သဘောတူညီချက်ရရှိဖွယ်ရှိနေတယ်လို့ အိန္ဒိယသတင်းမီဒီယာတွေက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ BrahMos မစ်ဖိုင်းတွေကို ဝယ်ယူတဲ့ ပထမဦးဆုံးနိုင်ငံဖြစ်လာနိုင်ချေရှိနေတယ်လို့ Hindust an Times က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ အဆိုပါမစ်ဇိုင်းတွေကို ဝယ်ယူဖို့ သဘောတူညီချက်ရရှိထားပြီးဖြစ်ပြီး ဈေးနှုန်းကို ညှိနှိုင်း လျှက်ရှိနေတယ်လို့ သိရပါတယ်။

ဖိလစ်ပိုင်နိုင်ငံဟာ ဈေးနှုန်းနဲ့ ပေးချေရမယ့်စနစ်ပေါ်မှာ အာရုံစိုက်နေတယ်လို့လည်း နီးစပ်ရာအသိုင်းအဝန်းက Hindustan Times ကို ပြောပါတယ်။

အခုမစ်ဇိုင်းတွေကို ဝယ်ယူဖို့အတွက် ထိုင်း၊ အင်ဒိုနီးရှားနဲ့ ဗီယက်နမ်နိုင်ငံတို့နဲ့လည်း အိန္ဒိယနိုင်ငံက ဆွေးနွေး လျက်ရှိနေတယ်လို့ သိရပါတယ်။

Ref; Hindustan Times

#PeopleMedia #International


Share this post