• Follow Us on

Home ရုရှား-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး

ရုရှား-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုး

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၇ (People Media)

 

ရုရှား – မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း (RMFAC) နှင့် မြန်မာ -ရုရှားစီးပွားရေး ဖွံ့ဖြိုးမှု အသင်း(MRBDA)တို့၏ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုများ ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှု စာချွန်လွှာရေးထိုးခြင်းအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သည်။

 

မြန်မာနိုင်ငံကို အဓိကလာရောက်ရခြင်းမှာ နှစ်နိုင်ငံ ဘဏ္ဍာရေး၊ ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှုများအတွက် အပြန်အလှန် ဘဏ္ဍာရေးအစီအမံများ ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊ ရုရှားနိုင်ငံမှလည်း ဘဏ္ဍာရေးဆိုင်ရာ စီမံမှုအတွက် အထောက်အပံ့ရရှိထားပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံဘက်မှလည်း အလားတူ အထောက်အပံ့ ရရှိမည်ဟု မျှော်လင့်ပါကြောင်း ရုရှား-မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအသင်း၊ ဒုတိယဥက္ကဋ္ဌက ပြောကြားသည်။

 

ယခုရေးထိုးသော နားလည်မှု စာချွန်လွှာသည် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား စီးပွားရေး ပူးပေါင်းဆောင်ရွက် မှုများဖြစ်သော စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍ၊ ဘဏ္ဍာရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အတူတကွ ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ဆိုင်ရာ ကဏ္ဍ၊ သတ္တုလုပ်ငန်းဆိုင်ရာ ကဏ္ဍ၊ ခရီးသွားလာရေးလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၊ သယ်ယူပို့ဆောင်ရေးကဏ္ဍများ စသည့် ကဏ္ဍများကို နှစ်နိုင်ငံ စီးပွားရေးဆိုင်ရာ အသင်းများအကြား ကုန်သွယ်မှုများတိုးမြှင့် အကောင်အထည် ဖော်ရန်အတွက် အကြိုညှိနှိုင်းသဘောတူရေးထိုးကြသော နားလည်မှုစာချွန်လွှာဖြစ်ကြောင်း သိရသည်။

 

အဆိုပါ အခမ်းအနားကို ရုရှား – မြန်မာချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအသင်း၏ ဒုတိယဥက္ကဋ္ဌ အန်နာသိုလီ ဘူလော့ချ နိကော့နှင့် ရုရှားနိုင်ငံမှ စီးပွားရေးဆိုင်ရာ တာဝန်ရှိကိုယ်စားလှယ်များ၊ မြန်မာ – ရုရှား စီးပွားရေး ဖွံ့ဖြိုးမှုအသင်း ဥက္ကဋ္ဌ ဦးသန်းဇော်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia #ရုရှား #မြန်မာ #ကုန်သွယ်မှု

 

(unicode)


…………………………………………………………………

 


 


 


 


 


 



Share this post