• Follow Us on

Home ရုရှား Tu-95 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များ စစ်ဆင်ရေးအတွက် လက်တွေ့လေ့ကျင့်

ရုရှား Tu-95 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များ စစ်ဆင်ရေးအတွက် လက်တွေ့လေ့ကျင့်

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅ (People Media)

 

ရုရှားတပ်မတော်မှ မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်များဖြစ်သော တူပိုလက် Tu-95 ဗုံးကြဲလေယာဉ်များမှာ စစ်ရေးေ့လကျင့်ခန်းပြုလုပ်ရန်နှင့် ရာသီဥတုအခြေအနေအမျိုးမျိုးတွင် လေကြောင်းတိုက်ခိုက်မှုပြုလုပ်နိုင်ရေးအ တွက် လေ့ကျင့်ရန် အန်ဂယ်လ်လေတပ်အခြေစိုက်စခန်းမှ တက်သွားကြောင်း လေတပ်သတင်းရင်းမြစ်၏ ပြော ကြားချက်အရသိရသည်။

 

Tu-95 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်နှစ်စင်းသည် အခြားတိုက်လေယာဉ်များလိုက်ပါလျက် လေယာဉ် အတက်/ အဆင်းလေ့ကျင့်ခြင်း၊ သီးခြားလမ်းကြောင်းအတိုင်း ပျံသန်းမှုလေ့ကျင့်ခြင်း၊ လေတပ်အခြေစိုက်စခန်း မှ မြေပြင်လေကြောင်းထိန်းချုပ်ရေးအဖွဲ့နှင့်အတူ ပေါင်းစပ်ညှိနှိုင်းမှု လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

 

ဗုံးကြဲလေယာဉ်များ အန်ဂယ်လ်လေတပ်အခြေစိုက်စခန်းသို့ ပြန်လည်ဆင်းသက်လာသည့်အချိန်တွင် အင်ဂျင်နီ ယာအဖွဲ့မှ စံပြဝန်ဆောင်မှုများကို ဆောင်ရွက်ပေးသွားပြီး စပ်ကြားကာလတွင် လေယာဉ်ပျံသန်းမှုမျိုးစုံအတွက် ပြင်ဆင်ပေးသွားခဲ့သည်။

 

လေတပ်စခန်းရှိ နည်းပညာဆိုင်ရာပြုပြင်ထိန်းသိမ်းမှုများအတွက် ဖွဲ့စည်းထားသောအဖွဲ့နှင့်အတူ အထူးထုတ်  လုပ်ထားသောယာဉ်များထားရှိထားသလို Tu-95 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်နှစ်စင်းအနက် လေ့ကျင့် ပျံသန်းမှုအကြိမ်ရေ အများအပြားပြုလုပ်ခဲ့သောတစ်စင်းတွင် လက်နက်စနစ်မျိုးစုံ ၂၀ ကျော်တပ်ဆင်ထား ကြောင်း သတင်းရင်းမြစ်များက ပြောသည်။

 

အန်ဂယ်လ်လေတပ်အခြေစိုက်စခန်း (Engels Air Force Base) သည် ရုရှားနိုင်ငံ ဆာရာတော့ဗ်မြို့၏ အရှေ့ ဘက် ၁၄ ကီလိုမီတာ (၈.၇ မိုင်) အကွာအဝေးတွင်တည်ရှိသော မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်အခြေစိုက် စခန်းတစ်ခုဖြစ်သည်။

 

အန်ဂယ်လ်လေတပ်အခြေစိုက်စခန်းသည် ပင်မဗုံးကြဲလေယာဉ်စစ်ဆင်ရေးအခြေစိုက်စခန်းဖြစ်ပြီး ရုရှားနိုင်ငံ၏ တူပိုလက် Tu-160 မဟာဗျူဟာမြောက်ဗုံးကြဲလေယာဉ်၏ တစ်ခုတည်းသောစစ်ဆင်လှုပ်ရှားရာ အခြေစိုက် စ ခန်းလည်းဖြစ်သည်။

 

မီတာ ၃၅၀၀ (၁၁၅၀၀ ပေ) အရှည်ရှိ လေယာဉ်ပြေးလမ်းတစ်ခုရှိသော ယင်းလေတပ်စခန်း၏ အမည်ကို အနီး ရှိ အန်ဂယ်လ်မြို့ကို အစွဲပြု၍ အန်ဂယ်လ်လေတပ်အခြေစိုက်စခန်းဟု မှည့်ခေါ်ထားခြင်းဖြစ်သည်။ အန်ဂယ်မြို့ မှာလည်း ကွန်မြူနစ်တွေးခေါ်ပညာရှင် Friedrich Engels ၏ အမည်ကိုအစွဲပြု၍ မှည့်ခေါ်ထားခြင်းဖြစ်သည်။

 

“ရုရှားနိုင်ငံနယ်စပ်ဒေသအနီး အနောက်နိုင်ငံမဟာမိတ်တပ်များ၏ လှုပ်ရှားမှုများကို ရုရှားတပ်မတော်က မျက် ကွယ်ပြုထား၍ မရကြောင်း၊ ဒေသတွင်း တင်းမာမှုများမြင့်တက်လာခြင်းမှာ အမေရိကန်ပြည်ထောင်စုနှင့် နေတိုး မဟာမိတ်နိုင်ငံများ၏ ထိန်းချုပ်ဖန်တီးမှုကြောင့် ထွက်ပေါ်လာသည့် သတင်းစိတ္တဇရောဂါကြောင့် ဖြစ်ပေါ်လာရ ခြင်းဖြစ်ကြောင်း၊ တိုင်းပြည်လုံခြုံရေးအတွက် တာဝန်ရှိသော ရုရှားတပ်မတော်က ယင်းသတင်းစိတ္တဇရောဂါကို လျစ်လျူရှုထားမည်ဖြစ်ကြောင်း” ရုရှားအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

 

Ref: Russia has lifted Tu-95 strategic missile bombers into the air

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Russia has lifted Tu-95 strategic missile bombers into the air

 

#PeopleMedia


Share this post