• Follow Us on

Home ရုံး၊ ရဲစခန်းနှင့် ရဲကင်းများ ရန်သူတိုက်ခိုက်ခံရမှုမရှိစေရေးအတွက် ခံစစ်ပြင်ဆင်ဆောင်ရွက်ထားရန် ပြည်ထဲ ရေးဝန်ကြီး ပြောကြား

ရုံး၊ ရဲစခန်းနှင့် ရဲကင်းများ ရန်သူတိုက်ခိုက်ခံရမှုမရှိစေရေးအတွက် ခံစစ်ပြင်ဆင်ဆောင်ရွက်ထားရန် ပြည်ထဲ ရေးဝန်ကြီး ပြောကြား

Share this post

မန္တလေး၊ ဖေဖော်ဝါရီ ၄ (People Media)

 

ကယားပြည်နယ်ခရီးစဉ်အတွင်း၌ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်က “ရုံး၊ ရဲစခန်းနှင့် ရဲကင်းများ ရန်သူတိုက်ခိုက်ခံရမှုမရှိစေရေးအတွက် ခံစစ်ပြင်ဆင်ဆောင်ရွက်ထားရန်လို ကြောင်း” ပြောဆိုလိုက်သည်။

 

ပြည်ထောင်စုဝန်ကြီးသည် ယမန်နေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ကန္ဒရဝတီခန်းမ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံရာ ပြောကြားခဲ့ခြင်းဖြစ်သည်။

 

“ဝန်ထမ်းများသည် အမျိုးသားရေးအသိ စိတ်ဓာတ်ဖြင့် တာဝန်ကိုကျေပွန်စွာထမ်းဆောင်ကြရန်လိုကြောင်း၊ လုံခြုံရေးအမြင်ရှိရန်နှင့် သတိဝီရိယဖြင့် နေထိုင်သွား လာလုပ်ကိုင်ကြရန်လိုကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့် အနေဖြင့် လုံခြုံရေးကျိုးပေါက်မှုမရှိစေရေး အမြဲမပြတ်စစ်ဆေးကြပ်မတ်ရန် လိုကြောင်း၊ ရုံး၊ ရဲစခန်းနှင့် ရဲကင်းများ ရန်သူတိုက်ခိုက်ခံရမှုမရှိစေရေးအတွက် ခံစစ်ပြင်ဆင်ဆောင်ရွက်ထားရန်လိုကြောင်း” ပြည်ထောင်စု ဝန်ကြီးက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးက “မိသားစုဝင် ရဲမေများအနေဖြင့် မိမိကိုယ်ကိုကာကွယ်ခုခံနိုင်ရန် အခြေခံစစ်ပညာတတ် ကျွမ်းပြီး လက်နက်ငယ်ပစ်ခတ်တတ်ရန် လိုအပ်သည့်အတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကာ သင်ကြားပေးထားသည့် အတတ်ပညာနှင့်အညီ လက်တွေ့လိုက်နာဆောင်ရွက်နိုင်ရန်လိုကြောင်းနှင့် စဉ်ဆက် မပြတ်လေ့ကျင့်မှုပြုလုပ်ရန်လိုကြောင်း” ပြောကြားခဲ့သည်။

 

#PeopleMedia #ပြည်ထဲရေး

 

(unicode)


…………………………………………………………….

 

မန်တလေး၊ ဖဖေောျဝါရီ ၄ (People Media)

 


 


 


 


 



Share this post