• Follow Us on

Home ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမည်

ရုရှားကာကွယ်ရေးဝန်ကြီး မြန်မာနိုင်ငံသို့ တရားဝင်ခရီးစဉ်ရောက်ရှိနေ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမည်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၂၁ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူ ကြာသပတေးနေ့တွင် နေပြည်တော်သို့ရောက်ရှိနေသည်ဟု ရုရှား ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရသူ ရိုဆီယာနာ မာကော့စကာယာကပြောသည်။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်တွေ့ဆုံပြီး စစ်ရေး၊ စစ်ဘက်ဆိုင်ရာနည်းပညာပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေးမည်ဟု မစ္စ မာကော့စကာယာ ကပြောသည်။

ထို့အပြင် အာရှ-ပစိဖတ်ဒေသအခြေအနေများကိုလည်း ဆွေးနွေးသွားမည်ဟုသိရသည်။

Photo – ၂၀၁၉ ခုနှစ်တွင် ရုရှားကာကွယ်ရေးဝန်ကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ ရုရှားနိုင်ငံတွင် တွေ့ဆုံစဉ်

Ref : Russian defense minister arrives in Myanmar on official visit

#PeopleMedia

(unicode)
………………………………………………………






Ref : Russian defense minister arrives in Myanmar on official visit

#PeopleMedia


Share this post