• Follow Us on

Home ႐ု႐ွားကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး၏အခ်က္အလက္အစီရင္ခံစာထုတ္ျပန္

႐ု႐ွားကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး၏အခ်က္အလက္အစီရင္ခံစာထုတ္ျပန္

Share this post

ေမာ္စကို၊ စက္တင္ဘာ ၅

႐ု႐ွားသိပၸံပညာ႐ွင္မ်ားက ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးပထမဆံုးအစီရင္ခံစာထုတ္ျပန္လိုက္ၿပီး အေစာပိုင္းစမ္းသပ္မႈမ်ားတြင္ ေရာဂါၿပီးေသာလကၡဏာမ်ားျပေနသည္ဟုပါဝင္သည္။

The Lancet ေဆးပညာဂ်ာနယ္တြင္ေဖာ္ျပသည့္အစီရင္ခံစာအရ ပါဝင္စမ္းသပ္ခံသူအားလံုးတြင္ ဗိုင္းရပ္စ္ကိုတိုက္ဖ်က္ရန္ပဋိပစၥည္းမ်ားထြက္လာၿပီး ေဘးထြက္ဆိုးက်ိဳးျပင္းျပင္းထန္ထန္မ႐ွိေၾကာင္းသိရသည္။

ထိုေဆးကို ျပည္တြင္းအသံုးျပဳရန္ ၾသဂုတ္လတြင္ ႐ု႐ွားႏိုင္ငံကလိုင္စင္ထုတ္ေပးၿပီး ကမာၻ့ပထမဆံုး COVID-19 ကာကြယ္ေဆးလိုင္စင္ထုတ္ေပးခဲ့ျခင္းျဖစ္သည္။

ေဆးႏွင့္ပတ္သက္ေသာအခ်က္အလက္မ်ားထုတ္မျပခင္ လိုင္စင္ထုတ္ေပးခဲ့ျခင္းျဖစ္သည္။

စမ္းသပ္မႈမ်ားသည္ ေဆးစြမ္းေၾကာင္းႏွင့္ေဘးကင္းေၾကာင္း သက္ေသျပရန္ ပမာဏေသးသယ္လြန္းသည္ဟု ကြၽမ္းက်င္သူမ်ားကေျပာသည္။

ထိုရလဒ္မ်ားသည္ ေဝဖန္သူမ်ားအတြက္ အေျဖျဖစ္ေနေၾကာင္း ႐ု႐ုားႏိုင္ငံကေႂကြးေၾကာ္ထားသည္။

Ref : Coronavirus Russian vaccine shows signs of immune response

#PeopleMedia

(unicode)
ရုရှားကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး၏အချက်အလက်အစီရင်ခံစာထုတ်ပြန်
………………………………………………

မော်စကို၊ စက်တင်ဘာ ၅

ရုရှားသိပ္ပံပညာရှင်များက ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးပထမဆုံးအစီရင်ခံစာထုတ်ပြန်လိုက်ပြီး အစောပိုင်းစမ်းသပ်မှုများတွင် ရောဂါပြီးသောလက္ခဏာများပြနေသည်ဟုပါဝင်သည်။

The Lancet ဆေးပညာဂျာနယ်တွင်ဖော်ပြသည့်အစီရင်ခံစာအရ ပါဝင်စမ်းသပ်ခံသူအားလုံးတွင် ဗိုင်းရပ်စ်ကိုတိုက်ဖျက်ရန်ပဋိပစ္စည်းများထွက်လာပြီး ဘေးထွက်ဆိုးကျိုးပြင်းပြင်းထန်ထန်မရှိကြောင်းသိရသည်။

ထိုဆေးကို ပြည်တွင်းအသုံးပြုရန် ဩဂုတ်လတွင် ရုရှားနိုင်ငံကလိုင်စင်ထုတ်ပေးပြီး ကမ္ဘာ့ပထမဆုံး COVID-19 ကာကွယ်ဆေးလိုင်စင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

ဆေးနှင့်ပတ်သက်သောအချက်အလက်များထုတ်မပြခင် လိုင်စင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။

စမ်းသပ်မှုများသည် ဆေးစွမ်းကြောင်းနှင့်ဘေးကင်းကြောင်း သက်သေပြရန် ပမာဏသေးသယ်လွန်းသည်ဟု ကျွမ်းကျင်သူများကပြောသည်။

ထိုရလဒ်များသည် ဝေဖန်သူများအတွက် အဖြေဖြစ်နေကြောင်း ရုရုားနိုင်ငံကကြွေးကြော်ထားသည်။

Ref : Coronavirus Russian vaccine shows signs of immune response

#PeopleMedia


Share this post