• Follow Us on
Latest News

Home ရုရှားကွန်ရက်တစ်ခုကို ဖေ့စ်ဘွတ်နှင့် တွစ်တာဖျက်သိမ်း


Share this post

ဝါရှင်တန်၊ စက်တင်ဘာ ၂








#PeopleMedia

(unicode)
ရုရှားကွန်ရက်တစ်ခုကို ဖေ့စ်ဘွတ်နှင့် တွစ်တာဖျက်သိမ်း
…………………………………

ဝါရှင်တန်၊ စက်တင်ဘာ ၂

ရုရှားလွှမ်းမိုးမှုရှိရေးစစ်ဆင်ရေးတစိတ်တပိုင်းတွင်ပါဝင်နေသည့်အကောင့်နှင့်ပေ့ဂ်ျကွန်ရက်အသေးစားတစ်ခုကို ဖျက်သိမ်းလိုက်ကြောင်း ဖေ့စ်ဘွတ်ကုမ္ပဏီကပြောသည်။

ထိုစည်းရုံးလှုံ့ဆော်မှုသည် ရုရှားအစိုးရနှင့်နီးစပ်ပြီး ၂၀၁၆ ခုနှစ်၊ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဝင်စွက်ဖက်ခဲ့သည်ဟုစွပ်စွဲမှုများရှိခဲ့သည့် အင်တာနက်သုတေသနအေဂျင်စီ(IRA)နှင့် ဆက်စပ်နေသည်ဟုလည်း ကုမ္ပဏီကပြောသည်။

အလားတူကွန်ရက်မှအကောင့် ၅ ကောင့်ကိုဖျက်သိမ်းခဲ့သည်ဟုလည်း တွစ်တာက ပြောသည်။

လှုပ်ရှားမှုများသည် အကျိုးအမြတ်မယူဘဲ အင်္ဂလိပ်နှင့်အာရေဗျဘာသာတို့ဖြင့်ဖော်ပြနေသည့် PeaceData သတင်းဝက်ဆိုက်ပေါ်တွင်အခြေခံထားသည်။

ထိုစည်းရုံးလှုံ့ဆော်မှုသည် ကန့်သတ်အောင်မြင်မှုများရှိနေသည်ဟု ကုမ္ပဏီ ၂ ခုစလုံးကပြောသည်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် ဒီမိုကရတ်တစ်သမ္မတလောင်း ဂျိုး ဘိုင်ဒန်တို့၏ အမေရိကန်သမ္မတရွေး ကောက်ပွဲပြုလုပ်ရန် လပိုင်းအလိုတွင် ယခုသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

Ref : Facebook and Twitter ‘dismantle Russian network’

#PeopleMedia


Share this post