• Follow Us on

Home ႐ု႐ွားထုတ္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၉၀ ရာခိုင္ႏႈန္းေက်ာ္အစြမ္း႐ွိဟုဆို

႐ု႐ွားထုတ္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ၉၀ ရာခိုင္ႏႈန္းေက်ာ္အစြမ္း႐ွိဟုဆို

Share this post

ေမာ္စကို၊ ႏို၀င္ဘာ ၁၀
 
႐ု႐ွားႏိုင္ငံကထုတ္လုပ္သည့္ COVID-19 ေရာဂါကာကြယ္ေဆး စပြတ္ညစ္ ၅ သည္ ၉၀ ရာခိုင္ႏႈန္း ေက်ာ္အစြမ္း႐ွိေၾကာင္း ႐ု႐ွားက်န္းမာေရး၀န္ႀကီးဌာနကိုယ္စားလွယ္တေယာက္က တနလၤာေန႔တြင္ေျပာသည္။
 
စမ္းသပ္ေနသည့္ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးက ၉၀ ရာခိုင္ႏႈန္းေက်ာ္အစြမ္းထက္သည္ဟု ဖီဇာႏွင့္ BioNTech ကုမၸဏီတို႔က တနလၤာေန႔တြင္ေျပာၿပီးေနာက္ ႐ု႐ွားဘက္က ယခုမွတ္ခ်က္ေပၚထြက္လာ ျခင္းျဖစ္သည္။
 
ေလ့လာမႈမ်ားအရ ၉၀ ရာခိုင္ႏႈန္းေက်ာ္အစြမ္း႐ွိၿပီး ေနာက္ထပ္အစြမ္း႐ွိေသာကာကြယ္ေဆးတမ်ိဳး ေပၚထြက္လာျခင္းသည္ လူတိုင္းအတြက္ သတင္းေကာင္းတခုျဖစ္ေၾကာင္း ႐ု႐ွားက်န္းမာေရး၀န္ႀကီးဌာန လက္ေအာက္ခံ သုေတသနအင္စတီက်ဳ႕တခုမွၫႊန္ၾကားေရးမွဴး ေအာ့ဆာနာ ဒရာကီနာ ကေျပာသည္။
 
တနလၤာေန႔တြင္ ႐ု႐ွားႏိုင္ငံ၌ ကို႐ိုနာဗိုင္းရပ္စ္အတည္ျပဳလူနာ ၂၁၇၉၈ ေယာက္ျဖင့္စံခ်ိန္တင္ကူးစက္မႈ႐ွိခဲ့ၿပီး ေဒသတခ်ိဳ႕တြင္ ဗိုင္းရပ္စ္ကိုထိန္းခ်ဳပ္ႏိုင္ရန္ ပိုတင္းၾကပ္သည့္အစီအမံမ်ားသတ္မွတ္ေရး အာဏာပိုင္မ်ားကို တိုက္တြန္းေနသည္။
 
မၾကာေသးမီလမ်ားအတြင္း ႐ု႐ွားႏိုင္ငံတြင္ ျပင္းထန္သည့္ကန္႔သတ္မႈမ်ားလိုအပ္ေၾကာင္း အာဏာပိုင္မ်ား ကေျပာၿပီး က်န္းမာေရးႏွင့္ေဘးကင္းလံုျခံဳေရးႀကိဳတင္သတိေပးခ်က္မ်ားအေရးႀကီးပံုတို႔ကိုလည္း တိုက္တြန္း ခဲ့သည္။
 
ကမာၻ႔ကပ္ေရာဂါအစပိုင္းတြင္ျပဳလုပ္ခဲ့သည့္အလံုပိတ္ကန္႔သတ္မႈမ်ားျပန္လုပ္ၿပီး ကူးစက္မႈေလွ်ာ့ခ်ရန္စီ စဥ္ထားျခင္းမ႐ွိဘဲ လိုအပ္ပါက ပစ္မွတ္ထားသည့္အစီအမံမ်ားသာခ်မွတ္သြားမည္ဟု ႐ု႐ွားသမၼတ ဗလာဒီမ်ာ ပူတင္ကေျပာသည္။
 
Ref : Russia’s Sputnik V vaccine more than 90% effective: Health ministry
 
#PeopleMedia
 
(unicode)
ရုရှားထုတ်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ၉၀ ရာခိုင်နှုန်းကျော်အစွမ်းရှိဟုဆို
……………………………………..
 
မော်စကို၊ နိုဝင်ဘာ ၁၀
 
ရုရှားနိုင်ငံကထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေး စပွတ်ညစ် ၅ သည် ၉၀ ရာခိုင်နှုန်း ကျော်အစွမ်းရှိကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာနကိုယ်စားလှယ်တယောက်က တနင်္လာနေ့တွင်ပြောသည်။
 
စမ်းသပ်နေသည့်ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးက ၉၀ ရာခိုင်နှုန်းကျော်အစွမ်းထက်သည်ဟု ဖီဇာနှင့် BioNTech ကုမ္ပဏီတို့က တနင်္လာနေ့တွင်ပြောပြီးနောက် ရုရှားဘက်က ယခုမှတ်ချက်ပေါ်ထွက်လာ ခြင်းဖြစ်သည်။
 
လေ့လာမှုများအရ ၉၀ ရာခိုင်နှုန်းကျော်အစွမ်းရှိပြီး နောက်ထပ်အစွမ်းရှိသောကာကွယ်ဆေးတမျိုး ပေါ်ထွက်လာခြင်းသည် လူတိုင်းအတွက် သတင်းကောင်းတခုဖြစ်ကြောင်း ရုရှားကျန်းမာရေးဝန်ကြီးဌာန လက်အောက်ခံ သုတေသနအင်စတီကျု့တခုမှညွှန်ကြားရေးမှူး အော့ဆာနာ ဒရာကီနာ ကပြောသည်။
 
တနင်္လာနေ့တွင် ရုရှားနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အတည်ပြုလူနာ ၂၁၇၉၈ ယောက်ဖြင့်စံချိန်တင်ကူးစက်မှုရှိခဲ့ပြီး ဒေသတချို့တွင် ဗိုင်းရပ်စ်ကိုထိန်းချုပ်နိုင်ရန် ပိုတင်းကြပ်သည့်အစီအမံများသတ်မှတ်ရေး အာဏာပိုင်များကို တိုက်တွန်းနေသည်။
 
မကြာသေးမီလများအတွင်း ရုရှားနိုင်ငံတွင် ပြင်းထန်သည့်ကန့်သတ်မှုများလိုအပ်ကြောင်း အာဏာပိုင်များ ကပြောပြီး ကျန်းမာရေးနှင့်ဘေးကင်းလုံခြုံရေးကြိုတင်သတိပေးချက်များအရေးကြီးပုံတို့ကိုလည်း တိုက်တွန်း ခဲ့သည်။
 
ကမ္ဘာ့ကပ်ရောဂါအစပိုင်းတွင်ပြုလုပ်ခဲ့သည့်အလုံပိတ်ကန့်သတ်မှုများပြန်လုပ်ပြီး ကူးစက်မှုလျှော့ချရန်စီ စဉ်ထားခြင်းမရှိဘဲ လိုအပ်ပါက ပစ်မှတ်ထားသည့်အစီအမံများသာချမှတ်သွားမည်ဟု ရုရှားသမ္မတ ဗလာဒီမျာ ပူတင်ကပြောသည်။
 
Ref : Russia’s Sputnik V vaccine more than 90% effective: Health ministry
 
#PeopleMedia

Share this post