• Follow Us on
Latest News

Home ႐ု႐ွားပင္လယ္နက္သေဘၤာအုပ္စုရဲ႕ အလံတင္သေဘၤာ ဒံုးပ်ံခ႐ုဇ္သေ ဘၤာႀကီး Moskva ၂၀၄၀ ျပည့္ႏွစ္အထိအမႈထမ္းမယ္

႐ု႐ွားပင္လယ္နက္သေဘၤာအုပ္စုရဲ႕ အလံတင္သေဘၤာ ဒံုးပ်ံခ႐ုဇ္သေ ဘၤာႀကီး Moskva ၂၀၄၀ ျပည့္ႏွစ္အထိအမႈထမ္းမယ္

Share this post

ေမာ္စကို၊ ဇူလိုင္ ၆

႐ု႐ွားပင္လယ္နက္သေဘၤာအုပ္စုရဲ႕ အလံတင္သေဘၤာ Guards ဒံုးပ်ံခ႐ုဇ္သေဘၤာႀကီး Moskva ဟာ ၂၀၄၀ ျပည့္ႏွစ္အထိ အမႈ ထမ္းေနဦးမယ္လို႔ ႐ု႐ွားကာကြယ္ေရးလုပ္ငန္းက႑နဲ႔ နီးစပ္တဲ့ သတင္းရင္းျမစ္တစ္ေယာက္က TASS သတင္းေအဂ်င္စီကို စေနေန႔မွာေျပာပါတယ္။

အဲဒီသေဘၤာႀကီးကို ဧၿပီ ၂၂ ရက္ကစၿပီး ဆီဗာစတိုပိုၿမိဳ႕မွာ႐ွိတဲ့ အမွတ္ ၁၃ သေဘၤာျပဳျပင္စက္႐ံုမွာ ေက်ာက္ခ်ထားတာပါ။

ေက်ာက္ခ်တဲ့ေနရာမွာ သေဘၤာက်င္းရဲ႕အထူးပညာ႐ွင္ေတြနဲ႔ ခ႐ုဇ္သေဘၤာႀကီးကိုျပဳျပင္ထိန္းသိမ္းမႈလုပ္ငန္းေတြလုပ္ေနပါတယ္။

အခုလအေစာပိုင္းမွာ ေက်ာက္ခ်ရာကေနျပန္ထြက္လာပါတယ္။

ေႏြရာသီေႏွာင္းပိုင္းမွာ Moskva ဟာ ေျမထဲပင္လယ္ကိုဦးတည္ခုတ္ေမာင္းၿပီး ႐ု႐ွားေရတပ္အထူးတပ္ဖြဲ႕ကို သြားေရာက္ ပူး ေပါင္းမွာပါ။

Moskva ဟာ စီမံကိန္း ၁၁၆၄ ‘Atlant’ ရဲ႕ဦးေဆာင္သေဘၤာလည္းျဖစ္ၿပီး ၁၉၈၃ ခုႏွစ္မွာ စတင္အမႈထမ္းခဲ့ပါတယ္။

အဓိကလက္နက္ေတြအေနနဲ႔ သေဘၤာမွာ P-1000 Vulkan ဒံုးပ်ံပစ္လႊတ္စင္ ၁၆ ခုပါ၀င္ပါတယ္။

၂၀၁၆ ခုႏွစ္ေႏွာင္းပိုင္းမွာ သေဘၤာႀကီးဟ ႐ု႐ွားေရတပ္ရဲ႕ေျမထဲပင္လယ္အၿမဲတမ္းအထူးတပ္ဖြဲ႕ကို ဦးေဆာင္ခဲ့ၿပီး ေလေၾကာင္း ရန္ကာကြယ္ေရးလက္နက္ေတြနဲ႔ ဆီးရီးယားမွာ႐ွိတဲ့႐ု႐ွားရဲ႕ Hmeymim ေလတပ္အေျခစိုက္စခန္းကို ကာကြယ္ေပးခဲ့ပါတယ္။

၂၀၁၆ ခုႏွစ္၊ ဇူလိုင္ ၂၂ ရက္မွာ Moskva ကို naval Order of Nakhimov ဆုခ်ီးႁမွင့္ခဲ့ပါတယ္။

Ref : Russian Black Sea Fleet’s flagship, missile cruiser Moskva will remain in service until 2040

#PeopleMedia

(unicode)
ရုရှားပင်လယ်နက်သင်္ဘောအုပ်စုရဲ့ အလံတင်သင်္ဘော ဒုံးပျံခရုဇ်သ ေင်္ဘာကြီး Moskva ၂၀၄၀ ပြည့်နှစ်အထိအမှုထမ်းမယ်
……………………………………………………

မော်စကို၊ ဇူလိုင် ၆

ရုရှားပင်လယ်နက်သင်္ဘောအုပ်စုရဲ့ အလံတင်သင်္ဘော Guards ဒုံးပျံခရုဇ်သင်္ဘောကြီး Moskva ဟာ ၂၀၄၀ ပြည့်နှစ်အထိ အမှု ထမ်းနေဦးမယ်လို့ ရုရှားကာကွယ်ရေးလုပ်ငန်းကဏ္ဍနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တစ်ယောက်က TASS သတင်းအေဂျင်စီကို စနေနေ့မှာပြောပါတယ်။

အဲဒီသင်္ဘောကြီးကို ဧပြီ ၂၂ ရက်ကစပြီး ဆီဗာစတိုပိုမြို့မှာရှိတဲ့ အမှတ် ၁၃ သင်္ဘောပြုပြင်စက်ရုံမှာ ကျောက်ချထားတာပါ။

ကျောက်ချတဲ့နေရာမှာ သင်္ဘောကျင်းရဲ့အထူးပညာရှင်တွေနဲ့ ခရုဇ်သင်္ဘောကြီးကိုပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းတွေလုပ်နေပါတယ်။

အခုလအစောပိုင်းမှာ ကျောက်ချရာကနေပြန်ထွက်လာပါတယ်။

နွေရာသီနှောင်းပိုင်းမှာ Moskva ဟာ မြေထဲပင်လယ်ကိုဦးတည်ခုတ်မောင်းပြီး ရုရှားရေတပ်အထူးတပ်ဖွဲ့ကို သွားရောက် ပူး ပေါင်းမှာပါ။

Moskva ဟာ စီမံကိန်း ၁၁၆၄ ‘Atlant’ ရဲ့ဦးဆောင်သင်္ဘောလည်းဖြစ်ပြီး ၁၉၈၃ ခုနှစ်မှာ စတင်အမှုထမ်းခဲ့ပါတယ်။

အဓိကလက်နက်တွေအနေနဲ့ သင်္ဘောမှာ P-1000 Vulkan ဒုံးပျံပစ်လွှတ်စင် ၁၆ ခုပါဝင်ပါတယ်။

၂၀၁၆ ခုနှစ်နှောင်းပိုင်းမှာ သင်္ဘောကြီးဟ ရုရှားရေတပ်ရဲ့မြေထဲပင်လယ်အမြဲတမ်းအထူးတပ်ဖွဲ့ကို ဦးဆောင်ခဲ့ပြီး လေကြောင်း ရန်ကာကွယ်ရေးလက်နက်တွေနဲ့ ဆီးရီးယားမှာရှိတဲ့ရုရှားရဲ့ Hmeymim လေတပ်အခြေစိုက်စခန်းကို ကာကွယ်ပေးခဲ့ပါတယ်။

၂၀၁၆ ခုနှစ်၊ ဇူလိုင် ၂၂ ရက်မှာ Moskva ကို naval Order of Nakhimov ဆုချီးမြှင့်ခဲ့ပါတယ်။

Ref : Russian Black Sea Fleet’s flagship, missile cruiser Moskva will remain in service until 2040

#PeopleMedia


Share this post