• Follow Us on
Latest News

Home ရုရှားမပါဘဲ ကမ္ဘာ့ပြဿနာများကို မဖြေနိုင်ဘူးဆိုတာ အနောက်ကမ္ဘာသိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြော


Share this post






Source – TASS

Photo – TASS


(Unicode)
ရုရှားမပါဘဲ ကမ္ဘာ့ပြဿနာများကို မဖြေနိုင်ဘူးဆိုတာ အနောက်ကမ္ဘာသိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြော
…………………………………………………………

မော်စကို၊ ဖေဖော်ဝါရီ – ၁၀

ကမ္ဘာ့ပြဿနာတွေကို ရုရှားမပါဘဲ ဖြေရှင်းဖို့ ခက်တာ၊ မဖြစ်နိုင်တာတွေရှိနေပြီး ရုရှားနဲ့ဆွေးနွေးဖို့ ရပ်တည်နေ ကြတယ်ဆိုတာ ရုရှားကိုဆန့်ကျင်ပိတ်ဆို့အရေးယူမှုတွေချမှတ်ခဲ့တဲ့ရုရှားမိတ်ဖက်တွေအားလုံးက ဝန်ခံတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂေး လာရော့ဗ်က Rossiiskaya Gazeta နေ့စဉ်ထုတ်သတင်းစာနဲ့ တွေ့ဆုံမေး မြန်းမှုမှာပြောပါတယ်။

ဒီနေ့ခေတ်သံတမန်ရေးမှာ လာရော့ဗ်ကျောင်းရှိတယ်ဆိုရင်မှန်လားလို့ပြောနိုင်သလားလို့မေးရာမှာ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အနေနဲ့ သတ်မှတ်မှာမဟုတ်ဘူးလို့လည်း လာရော့ဗ်ကပြောပါတယ်။ ရုရှားနိုင်ငံရဲ့ နိုင်ငံ ခြားမူဝါဒကို သမ္မတကပဲဆုံးဖြတ်တာလို့လည်းပြောပါတယ်။

ရုရှားနိုင်ငံရဲ့ဒီနေ့ခေတ်နိုင်ငံခြားမူဝါဟာ ထူးချွန်တဲ့သံတမန်တွေဖြစ်တဲ့အလက်ဇန်းဒါး ဂေါ်ချာကော့ဗ်၊ အန်ဒရေ ဂရိုမီကိုနဲ့ ယက်ဗ်ဂီနီ ပရီမာကော့ဗ်တို့ကချမှတ်ခဲ့တဲ့အစဉ်အလာတွေကို ဆက်လုပ်နေတာလို့လည်း ပြောပါ တယ်။

“ဒီနေ့ခေတ်သံတမန်တွေရဲ့အရေးအကြီးဆုံးအောင်မြင်မှုဟာ အစဉ်အလာတွေကိုမဖျက်ဘဲနဲ့ အလုပ်ဆက်လုပ် မယ့်အပြင် အစဉ်အလာတွေကိုဖြစ်နိုင်တဲ့နည်းလမ်းတွေနဲ့ အားကောင်းအောင်လုပ်ဖို့ဖြစ်ပါတယ်” လို့လည်း လာရော့ဗ်က ဖြည့်စွက်ပြောဆိုပါတယ်။

Source – TASS

Photo – TASS

#PeopleMedia #SergeiLarov #Russia #GlobalProblem #West


Share this post