• Follow Us on

Home ရုရှားမှအဆင့်မြှင့်တင်ထားသည့် Mi-171Sh Storm သယ်ပို့ရဟတ်ယာဉ်များ ကို ၂၀၂၂ ခုနှစ်တွင် အစဉ်လိုက်ထုတ်လုပ်မည်


Share this post

မော်စကို၊ သြဂုတ် ၂၅






#PeopleMedia

(unicode)
ရုရှားမှအဆင့်မြှင့်တင်ထားသည့် Mi-171Sh Storm သယ်ပို့ရဟတ်ယာဉ်များ ကို ၂၀၂၂ ခုနှစ်တွင် အစဉ်လိုက်ထုတ်လုပ်မည်
…………………………………………………

မော်စကို၊ ဩဂုတ် ၂၅

ရုရှားနိုင်ငံမှအဆင့်မြှင့်တင်ထားသည့် Mi-171Sh Storm သယ်ပို့ရဟတ်ယာဉ်များကို လာမည့်နှစ်နှစ်အတွင်းစတင်မည်ဟု Ulan-Ude Aviation Plant မှအကြီးတန်းအရာရှိတစ်ယောက်က ကြာသပတေးနေ့တွင်ပြောသည်။

ထိုစစ်ဘက်သုံးသယ်ပို့ရဟတ်ယာဉ်များကို ပဲ့ထိန်းဒုံးပျံများတပ်ဆင်အဆင့်မြှင့်ထားခြင်းဖြစ်သည်။
“ခေတ်မီ Mi-171Sh ရဟတ်ယာဉ်တွေကို လာမယ့် ၂ နှစ်မှာစပြီးထုတ်လုပ်တော့မှာပါ။” ဟု Ulan-Ude Aviation Plant ကုမ္ပဏီ အရောင်းမြှင့်တင်ရေး၊ အရောင်းနှင့် ပြုပြင်ထိန်းသိမ်းမှုဌာနဒုတိယအကြီးအကဲ မီခေး ကာပွတ်ရှ်ကင်ကပြောသည်။

ရုရှားနိုင်ငံတွင် ယခု ၂၃ ရက်မှစတင်ပြုလုပ်သည့် Army-2020 ဖိုရမ်တွင် အဆင့်မြှင့်တင်ထားသည့် Mi-171Sh Storm ရဟတ်ယာဉ်များကို ခင်းကျင်းပြသထားသည်။

ထိုရဟတ်ယာဉ်တွင် အကာအကွယ်များအဆင့်မြှင့်ထားပြီး တစ်မူထူးခြာသည့်တိုက်ခိုက်ရေးစွမ်းရည်များရှိနေသည်ကို မြင်တွေ့ရသည်။

Ref : Russia’s upgraded Mi-171Sh Storm to go on serial production in 2022

#PeopleMedia


Share this post