• Follow Us on

Home ႐ု႐ွားၾကား၀င္ေစ့စပ္ညွိႏႈိင္းေပးမႈျဖင့္ ယခင္ဆိုဗီယက္ျပည္ေထာင္စုမွ ခြဲထြက္ခဲ့သည့္ အာေမးနီးယားႏွင့္ အဇာ ဘိုင္ဂ်န္တို႔ အပစ္ရပ္ရန္သေဘာတူ

႐ု႐ွားၾကား၀င္ေစ့စပ္ညွိႏႈိင္းေပးမႈျဖင့္ ယခင္ဆိုဗီယက္ျပည္ေထာင္စုမွ ခြဲထြက္ခဲ့သည့္ အာေမးနီးယားႏွင့္ အဇာ ဘိုင္ဂ်န္တို႔ အပစ္ရပ္ရန္သေဘာတူ

Share this post

ေမာ္စကို၊ ေအာက္တိုဘာ ၁၀

ပိုက္နက္အျငင္းပြားေနသည့္နာေဂၚႏို-ကာရာဘာ့ေဒသတြင္ အာေမးနီးယားႏွင့္အဇာဘိုင္ဂ်န္တို႔က ယာယီအပစ္ရပ္သေဘာတူလိုက္သည္။

႐ု႐ွားၿမိဳ႕ေတာ္ေမာ္စကိုတြင္ ၁၀ နာရီေက်ာ္ၾကာေဆြးေႏြးၿပီးေနာက္ ယာယီအပစ္ရပ္ေၾကာင္း ႐ု႐ွားႏုိင္ငံျခားေရး၀န္ႀကီး ဆာေဂး လာေရာ့ဗ္ကေၾကညာသည္။

လက္႐ွိတြင္ ၂ ႏိုင္ငံက ထိေရာက္ေသာေဆြးေႏြးမႈမ်ားစတင္ေနသည္ဟုလည္း လာေရာ့ဗ္ကေျပာသည္။

စက္တင္ဘာ ၂၇ ရက္တြင္စတင္သည့္စစ္ပြဲေၾကာင့္ လူ ၃၀၀ ေက်ာ္ေသဆံုးၿပီး လူေထာင္ခ်ီထြက္ေျပးေနရသည္။

စေနေန႔မနက္ ၈ နာရီမွစတင္ၿပီး တိုက္ခိုက္မႈမ်ားရပ္ဆိုင္းကာ သံု႔ပန္းမ်ားလဲလွယ္ျခင္းႏွင့္အေလာင္းမ်ား႐ွာေဖြျခင္းျပဳလုပ္မည္ျဖစ္သည္။

ယခုတႀကိမ္တိုက္ပြဲမ်ားသည္ ဆယ္စုႏွစ္ ၃ ခုနီးပါး ပိုင္နက္အျငင္းပြားေနသည့္နယ္ေျမတြင္ အျပင္းထန္ဆံုးတိုက္ပြဲမ်ားျဖစ္ၿပီး ေဒသခံ ၇၀၀၀၀ ခန္႔ထြက္ေျပးေနရသည္။

ထိုေဒသသည္ အဇာဘိုင္ဂ်န္ႏိုင္ငံ၏တရား၀င္ပိုက္နက္ျဖစ္ေသာ္လည္း အာေမးနီးယားမ်ိဳးႏြယ္စုမ်ားက စီမံအုပ္ခ်ဳပ္ေနသည္။

Ref : Nagorno-Karabakh Armenia and Azerbaijan agree ceasefire

#Peoplemedia

(Unicode)
ရုရှားကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုဖြင့် ယခင်ဆိုဗီယက်ပြည်ထောင်စုမှ ခွဲထွက်ခဲ့သည့် အာမေးနီးယားနှင့် အဇာ ဘိုင်ဂျန်တို့ အပစ်ရပ်ရန်သဘောတူ
……………………………………………………

မော်စကို၊ အောက်တိုဘာ ၁၀

ပိုက်နက်အငြင်းပွားနေသည့်နာဂေါ်နို-ကာရာဘာ့ဒေသတွင် အာမေးနီးယားနှင့်အဇာဘိုင်ဂျန်တို့က ယာယီအပစ်ရပ်သဘောတူလိုက်သည်။

ရုရှားမြို့တော်မော်စကိုတွင် ၁၀ နာရီကျော်ကြာဆွေးနွေးပြီးနောက် ယာယီအပစ်ရပ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာရော့ဗ်ကကြေညာသည်။

လက်ရှိတွင် ၂ နိုင်ငံက ထိရောက်သောဆွေးနွေးမှုများစတင်နေသည်ဟုလည်း လာရော့ဗ်ကပြောသည်။

စက်တင်ဘာ ၂၇ ရက်တွင်စတင်သည့်စစ်ပွဲကြောင့် လူ ၃၀၀ ကျော်သေဆုံးပြီး လူထောင်ချီထွက်ပြေးနေရသည်။

စနေနေ့မနက် ၈ နာရီမှစတင်ပြီး တိုက်ခိုက်မှုများရပ်ဆိုင်းကာ သုံ့ပန်းများလဲလှယ်ခြင်းနှင့်အလောင်းများရှာဖွေခြင်းပြုလုပ်မည်ဖြစ်သည်။

ယခုတကြိမ်တိုက်ပွဲများသည် ဆယ်စုနှစ် ၃ ခုနီးပါး ပိုင်နက်အငြင်းပွားနေသည့်နယ်မြေတွင် အပြင်းထန်ဆုံးတိုက်ပွဲများဖြစ်ပြီး ဒေသခံ ၇၀၀၀၀ ခန့်ထွက်ပြေးနေရသည်။

ထိုဒေသသည် အဇာဘိုင်ဂျန်နိုင်ငံ၏တရားဝင်ပိုက်နက်ဖြစ်သော်လည်း အာမေးနီးယားမျိုးနွယ်စုများက စီမံအုပ်ချုပ်နေသည်။

Ref : Nagorno-Karabakh Armenia and Azerbaijan agree ceasefire

#Peoplemedia


Share this post