• Follow Us on

Home ႐ု႐ွားႏိုင္ငံ၏ေကာ့ေကးဆပ္ ၂၀၂၀ စစ္ေရးေလ့က်င့္မႈတြင္ တ႐ုတ္ႏိုင္ငံပါ၀င္မည္

႐ု႐ွားႏိုင္ငံ၏ေကာ့ေကးဆပ္ ၂၀၂၀ စစ္ေရးေလ့က်င့္မႈတြင္ တ႐ုတ္ႏိုင္ငံပါ၀င္မည္

Share this post

ေဘက်င္း၊ စက္တင္ဘာ ၁၀

ယခုလအတြင္း ႐ု႐ွားႏိုင္ငံတြင္ျပဳလုပ္မည့္ ေကာ့ေကးဆပ္ ၂၀၂၀ မဟာဗ်ဴဟာေျမာက္စစ္ေရးေလ့က်င့္မႈတြင္ တ႐ုတ္စစ္တပ္ပါ၀င္ေလ့က်င့္မည္ဟု တ႐ုတ္ကာကြယ္ေရး၀န္ႀကီးဌာနက ၾကာသပေတးေန႔တြင္ေၾကညာသည္။

“တ႐ုတ္ႏိုင္ငံနဲ႔႐ု႐ွားႏိုင္ငံတို႔ၾကားသေဘာတူညီခ်က္ေတြအရ ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္က ႐ု႐ွားႏိုင္ငံ၊ အက္စထရာခန္ေဒသမွာ စက္တင္ဘာ ၂၁ ရက္ကေန ၂၆ ရက္အတြင္းက်င္းပမယ့္ ေကာ့ေကးဆပ္ ၂၀၂၀ မဟာဗ်ဴဟာစစ္ေရးေလ့က်င့္မႈမွာပါ၀င္ဖို႔ စစ္မႈထမ္းေတြေစလႊတ္သြားမွာပါ” ဟုထုတ္ျပန္ခ်က္တြင္ပါ၀င္သည္။

အာေမးနီးယား၊ ဘီလာ႐ုစ္၊ အီရန္၊ ျမန္မာ၊ ပါကစၥတန္ႏွင့္တျခားႏိုင္ငံမ်ားလည္း ပါ၀င္သြားမည္ဟု ထုတ္ျပန္ခ်က္တြင္ေဖာ္ျပသည္။

စစ္ေရးေလ့က်င့္မႈတြင္ ႏိုင္ငံ ၉ ႏိုင္ငံမွစစ္ဘက္ဆိုင္ရာကိုယ္စားျပဳအဖြဲ႔မ်ားပါ၀င္မည္ျဖစ္ၿပီး ေနာက္ထပ္ ၉ ႏိုင္ငံမွတပ္ဖြဲ႔မ်ားက ေလ့လာသူမ်ားေစလႊတ္သြားမည္ဟု အဂၤါေန႔တြင္ ႐ု႐ွားကာကြယ္ေရး၀န္ႀကီး ဆာေဂး ႐ႊိဳင္ဂူကထုတ္ေဖာ္ေျပာၾကားသည္။

Ref : China to take part in Russia’s ‘Caucasus 2020’ military drills

#PeopleMedia

(unicode)
ရုရှားနိုင်ငံ၏ကော့ကေးဆပ် ၂၀၂၀ စစ်ရေးလေ့ကျင့်မှုတွင် တရုတ်နိုင်ငံပါဝင်မည်
…………………………………………

ဘေကျင်း၊ စက်တင်ဘာ ၁၀

ယခုလအတွင်း ရုရှားနိုင်ငံတွင်ပြုလုပ်မည့် ကော့ကေးဆပ် ၂၀၂၀ မဟာဗျူဟာမြောက်စစ်ရေးလေ့ကျင့်မှုတွင် တရုတ်စစ်တပ်ပါဝင်လေ့ကျင့်မည်ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင်ကြေညာသည်။

“တရုတ်နိုင်ငံနဲ့ရုရှားနိုင်ငံတို့ကြားသဘောတူညီချက်တွေအရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က ရုရှားနိုင်ငံ၊ အက်စထရာခန်ဒေသမှာ စက်တင်ဘာ ၂၁ ရက်ကနေ ၂၆ ရက်အတွင်းကျင်းပမယ့် ကော့ကေးဆပ် ၂၀၂၀ မဟာဗျူဟာစစ်ရေးလေ့ကျင့်မှုမှာပါဝင်ဖို့ စစ်မှုထမ်းတွေစေလွှတ်သွားမှာပါ” ဟုထုတ်ပြန်ချက်တွင်ပါဝင်သည်။

အာမေးနီးယား၊ ဘီလာရုစ်၊ အီရန်၊ မြန်မာ၊ ပါကစ္စတန်နှင့်တခြားနိုင်ငံများလည်း ပါဝင်သွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

စစ်ရေးလေ့ကျင့်မှုတွင် နိုင်ငံ ၉ နိုင်ငံမှစစ်ဘက်ဆိုင်ရာကိုယ်စားပြုအဖွဲ့များပါဝင်မည်ဖြစ်ပြီး နောက်ထပ် ၉ နိုင်ငံမှတပ်ဖွဲ့များက လေ့လာသူများစေလွှတ်သွားမည်ဟု အင်္ဂါနေ့တွင် ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂေး ရွှိုင်ဂူကထုတ်ဖော်ပြောကြားသည်။

Ref : China to take part in Russia’s ‘Caucasus 2020’ military drills

#PeopleMedia


Share this post