• Follow Us on

Home “႐ူးေနတာလား” ဟုေျပာ‌ေသာ ဇနီးကို ခင္ပြန္းျဖစ္သူက ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာခုတ္

“႐ူးေနတာလား” ဟုေျပာ‌ေသာ ဇနီးကို ခင္ပြန္းျဖစ္သူက ဓားျဖင့္ အခ်က္ေပါင္းမ်ားစြာခုတ္

Share this post

နမ့္ေတာ၊ စက္တင္ဘာ – ၃

စစ္ကိုင္းတိုင္းေဒသႀကီး၊ကသာၿမိဳ႕နယ္၊ စကားကုန္းအုပ္စု သေျပပင္ေက်းရြာ၌ ခင္ပြန္းျဖစ္သူမွ ဇနီးသည္အား ဓားျဖင့္ခုတ္သျဖင့္ေဆး႐ုံအေရာက္တြင္ ဇနီးျဖစ္သူေသဆုံးသြားသည္။

ျဖစ္စဉ္မွာ စက္တင္ဘာ ၂ ရက္ေန႔ ည ၇ နာရီခန္႔အခ်ိန္တြင္ မေအးေအးမူသည္ မိသားစုႏွင့္ထမင္းအတူစားၿပီး ၎ေနထိုင္ရာ မိဘ၏ေနအိမ္ေနာက္တြင္ ေဆာက္လုပ္ထားသည့္ ၎ေနထိုင္ရာေနအိမ္သို႔ျပန္သြားၿပီးေနာက္ (၅)မိနစ္ခန္႔အၾကာတြင္ “လာၾကပါအုံးရွင္ အမေလး”ဟု ေအာ္ဟစ္အကူအညီေတာင္းသံၾကားသျဖင့္ တရားလိုမွာ မိဘမ်ားႏွင့္အတူ သြားေရာက္ၾကည့္႐ူရာ အသက္(၃၀)ႏွစ္အရြယ္ရွိ မေအးေအးမူသည္ လည္ပင္းဝဲဘက္ ျပတ္ရွဒါဏ္ရာႏွင့္ ဝဲဘက္တံေတာင္ဆစ္ ယာဘက္လက္ေကာက္ဝတ္ ဝဲဘက္နားအနီး ဝဲဘက္လက္ေမာင္းရင္း ဝဲဘက္ဂ်ိဳေစာင္း ျပတ္ရွဒါဏ္ရာမ်ားျဖင့္ ေျမျပင္ေပၚတြင္ေမွာက္လွ်က္လဲ‌‌ေနကာ စိုးရိမ္ရသည့္အေနအထားျဖင့္ေတြ႕ရွိရၿပီး ကသာခ႐ိုင္ျပည္သူ့ေဆး႐ုံသို႔ ေဆးကုသရန္ပို႔ေဆာင္ခဲ့ၾကသည္။

ဓားႏွင့္ခုတ္ခံရသူ အမ်ိဳးသမီးမွာ ကသာခ႐ိုင္ ျပည္သူ့ေဆး႐ုံ၌ အတြင္းလူနာအျဖစ္ ေဆးကုသမႈခံယူေနစဉ္ စက္တင္ဘာ ၃ ရက္ေန႔ မနက္ ၅ နာရီအခ်ိန္ခန္႔တြင္ ေသဆုံးသြားသည္။

ဇနီးျဖစ္သူမွ “႐ူးေနတာလား”ဟု ေျပာဆိုရာ ၎မွ အ႐ူးဟုေျပာရမလားဆိုၿပီး ေနအိမ္ရွိ ကိုင္းခုတ္ဓားကိုယူကာ ဇနီးအား ဓားျဖင့္ခုတ္ခဲ့ေၾကာင္းစစ္ေဆးေပၚေပါက္ခဲ့သည္။

ဇနီးျဖစ္သူကိုဓားႏွင့္ခုတ္သတ္သည့္ ခင္ပြန္းအား သတ္သူ၏ ညီမျဖစ္သူမွ တရားလိုျပဳလုပ္ကာ အမႈအမွတ္(ပ) ၂၂၂/၂၀၂၀ ရာဇသတ္ႀကီးပုဒ္မ- ၃၂၆ မွ ရာဇသတ္ႀကီး ပုဒ္မ-၃၀၂ သို႔ေျပာင္းလဲအမႈဖြင့္အေရးယူေဆာ င္ရြက္ထားသည္။

သတင္း – ေက်ာ္စိုး(နမ့္ေတာ-MPI)

#PeopleMedia

(unicode)
“ရူးနေတာလား” ဟုပြော‌သော ဇနီးကို ခင်ပွန်းဖြစ်သူက ဓားဖြင့် အချက်ပေါင်းများစွာခုတ်
…………………………………………………

နမ့်တော၊ စက်တင်ဘာ – ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ကသာမြို့နယ်၊ စကားကုန်းအုပ်စု သပြေပင်ကျေးရွာ၌ ခင်ပွန်းဖြစ်သူမှ ဇနီးသည်အား ဓားဖြင့်ခုတ်သဖြင့်ဆေးရုံအရောက်တွင် ဇနီးဖြစ်သူသေဆုံးသွားသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂ ရက်နေ့ ည ၇ နာရီခန့်အချိန်တွင် မအေးအေးမူသည် မိသားစုနှင့်ထမင်းအတူစားပြီး ၎င်းနေထိုင်ရာ မိဘ၏နေအိမ်နောက်တွင် ဆောက်လုပ်ထားသည့် ၎င်းနေထိုင်ရာနေအိမ်သို့ပြန်သွားပြီးနောက် (၅)မိနစ်ခန့်အကြာတွင် “လာကြပါအုံးရှင် အမလေး”ဟု အော်ဟစ်အကူအညီတောင်းသံကြားသဖြင့် တရားလိုမှာ မိဘများနှင့်အတူ သွားရောက်ကြည့်ရူရာ အသက်(၃၀)နှစ်အရွယ်ရှိ မအေးအေးမူသည် လည်ပင်းဝဲဘက် ပြတ်ရှဒါဏ်ရာနှင့် ဝဲဘက်တံတောင်ဆစ် ယာဘက်လက်ကောက်ဝတ် ဝဲဘက်နားအနီး ဝဲဘက်လက်မောင်းရင်း ဝဲဘက်ဂျိုစောင်း ပြတ်ရှဒါဏ်ရာများဖြင့် မြေပြင်ပေါ်တွင်မှောက်လျှက်လဲ‌‌နေကာ စိုးရိမ်ရသည့်အနေအထားဖြင့်တွေ့ရှိရပြီး ကသာခရိုင်ပြည်သူ့ဆေးရုံသို့ ဆေးကုသရန်ပို့ဆောင်ခဲ့ကြသည်။

ဓားနှင့်ခုတ်ခံရသူ အမျိုးသမီးမှာ ကသာခရိုင် ပြည်သူ့ဆေးရုံ၌ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေစဉ် စက်တင်ဘာ ၃ ရက်နေ့ မနက် ၅ နာရီအချိန်ခန့်တွင် သေဆုံးသွားသည်။

ဇနီးဖြစ်သူမှ “ရူးနေတာလား”ဟု ပြောဆိုရာ ၎င်းမှ အရူးဟုပြောရမလားဆိုပြီး နေအိမ်ရှိ ကိုင်းခုတ်ဓားကိုယူကာ ဇနီးအား ဓားဖြင့်ခုတ်ခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့သည်။

ဇနီးဖြစ်သူကိုဓားနှင့်ခုတ်သတ်သည့် ခင်ပွန်းအား သတ်သူ၏ ညီမဖြစ်သူမှ တရားလိုပြုလုပ်ကာ အမှုအမှတ်(ပ) ၂၂၂/၂၀၂၀ ရာဇသတ်ကြီးပုဒ်မ- ၃၂၆ မှ ရာဇသတ်ကြီး ပုဒ်မ-၃၀၂ သို့ပြောင်းလဲအမှုဖွင့်အရေးယူဆော င်ရွက်ထားသည်။

သတင်း – ကျော်စိုး(နမ့်တော-MPI)

#PeopleMedia


Share this post