• Follow Us on
Latest News

Home ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၌ Taxi မောင်းသည့် အမျိုးသမီးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံး

ရှမ်းပြည်နယ်၊ ကျေးသီးမြို့နယ်၌ Taxi မောင်းသည့် အမျိုးသမီးတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံး

Share this post

တောင်ကြီး၊ ဇန်နဝါရီ ၂၆ (People Media)

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဟာဝမ်ကျေးရွာ၌ Taxi မောင်း၍ အသက်မွေး ဝမ်းကျောင်းပြုသူ အမျိုးသမီးတစ်ဦးသည် လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံးခဲ့သည့်ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၃ ရက်နေ့၌ ကျေးသီးမြို့၊ ဟာဝမ်ကျေးရွာ၌ နေထိုင်သည့် Taxi ယာဉ်မောင်းအမျိုးသမီးသည် နေအိမ်မှ ပြင်ပသို့ သွားရောက်စဉ် လမ်းခရီး၌ လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်သည်။

 

“သူက Taxi မောင်းစားနေတဲ့သူ။ ခန္တာကိုယ်စစ်တော့ လည်ပင်းကို ညစ်ပြီးသတ်သွားတာ။ ကားတော့ မယူ သွားဘူး။ လူကိုပဲသတ်သွားတာ။ ခုလိုအသတ်ခံရတာကို ရဲကိုတော့ တိုင်ထားတယ်။ ဖမ်းလို့မမိသေးဘူး” လို့ ကျေးရွာနေပြည်သူတစ်ဦးက ပြောသည်။

 

လုပ်ကြံသတ်ဖြတ်ခံရသည့် အမျိုးသမီးသည် အသက် ၂၈ နှစ် အရွယ်ရှိပြီး လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး မိသား စုဝင်များက သက်ဆိုင်ရာရဲစခန်းထံ တိုင်ကြားထားသည်။

 

Photo – Credit

 

#PeopleMedia #ရှမ်းပြည်နယ်

 

(unicode)


…………………………………………………………….

 


 


 


 


 

Photo – Credit

 



Share this post