• Follow Us on

Home ေရြးေကာက္ပြဲဆုိင္ရာ အေထာက္အထားမ်ားကုိ မည္သည့္အဖြဲ႕အစည္း၊ မည္သူတစ္ဦးတစ္ေယာက္မွ စုံစမ္း ေလ့လာဖုိ႔ ကူးယူခြင့္မရွိေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေျပာဆုိ ေရြးေကာက္ပြဲဆုိင္ရာအေထာက္အထားမ်ားကုိ မည္သည့္အဖြဲ႕အစည္း၊ မည္သူတစ္ဦးတစ္ေယာက္မွ ကူးယူ ခြင့္မျပဳျခင္းသည္ အေကာင္းထက္အဆုိးဘက္ကုိ ဦးတည္ေနေၾကာင္း SNLD ပါတီ ေျပာဆုိ

ေရြးေကာက္ပြဲဆုိင္ရာ အေထာက္အထားမ်ားကုိ မည္သည့္အဖြဲ႕အစည္း၊ မည္သူတစ္ဦးတစ္ေယာက္မွ စုံစမ္း ေလ့လာဖုိ႔ ကူးယူခြင့္မရွိေၾကာင္း NLD ပါတီ CEC အဖြဲ႕ဝင္ ေျပာဆုိ ေရြးေကာက္ပြဲဆုိင္ရာအေထာက္အထားမ်ားကုိ မည္သည့္အဖြဲ႕အစည္း၊ မည္သူတစ္ဦးတစ္ေယာက္မွ ကူးယူ ခြင့္မျပဳျခင္းသည္ အေကာင္းထက္အဆုိးဘက္ကုိ ဦးတည္ေနေၾကာင္း SNLD ပါတီ ေျပာဆုိ

Share this post

UEC သည္ ခြင့္ျပဳခ်က္မရွိဘဲ ေရြးေကာက္ပြဲဆုိင္ရာ စာရြက္စာတမ္း၊ အမွတ္အသား၊ အေထာက္အထားမ်ားကုိ မည္သည့္အဖြဲ႕အစည္း၊ မည္သူတစ္ဦးတစ္ေယာက္ကုိမွ် ကူးယူခြင့္မျပဳရန္ ခရုိင္ေကာ္မရွင္မ်ားထံ ဒီဇင္ဘာ(၁) ရက္ေန႔က ညႊန္ၾကားခဲ့သည္။

အဆုိပါညႊန္ၾကားခ်က္ႏွင့္ပတ္သက္၍ People Media က NLD၊ SNLD၊ KNDP၊ FUP ပါတီတုိ႔၏ သေဘာထား မ်ားကုိ ဆက္သြယ္ေမးျမန္းခဲ့သည္။

#PeopleMedia #Political #UEC #2020election

(unicode)
ရွေးကောက်ပွဲဆိုင်ရာ အထောက်အထားများကို မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်မှ စုံစမ်း လေ့လာဖို့ ကူးယူခွင့်မရှိကြောင်း NLD ပါတီ CEC အဖွဲ့ဝင် ပြောဆို

ရွေးကောက်ပွဲဆိုင်ရာအထောက်အထားများကို မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်မှ ကူးယူ ခွင့်မပြုခြင်းသည် အကောင်းထက်အဆိုးဘက်ကို ဦးတည်နေကြောင်း SNLD ပါတီ ပြောဆို
……………………………………………………………….

UEC သည် ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာ စာရွက်စာတမ်း၊ အမှတ်အသား၊ အထောက်အထားများကို မည်သည့်အဖွဲ့အစည်း၊ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကူးယူခွင့်မပြုရန် ခရိုင်ကော်မရှင်များထံ ဒီဇင်ဘာ(၁) ရက်နေ့က ညွှန်ကြားခဲ့သည်။

အဆိုပါညွှန်ကြားချက်နှင့်ပတ်သက်၍ People Media က NLD၊ SNLD၊ KNDP၊ FUP ပါတီတို့၏ သဘောထား များကို ဆက်သွယ်မေးမြန်းခဲ့သည်။

#PeopleMedia #Political #UEC #2020election

 

ေဒါက္တာမ်ိဳးၫြန႔္ (NLD ပါတီ CEC အဖြဲ႕ဝင္)
“ဥပေဒအရ သူက ေ႐ြးေကာက္ပြဲဆိုင္ရာအညွင္းပြားမႈေပါ့ တရား႐ုံးေရာက္ေနတယ္ သက္ေသျပဖို႔အတြက္ လိုတယ္ဆိုရင္ အဲ့ဒါကေတာ့ ကူးယူခြင့္ရွိတယ္။ အဲ့လိုမဟုတ္ဘဲနဲ႔ စုံစမ္းေလ့လာဖို႔ စိစစ္ဖို႔ ဆိုၿပီးေတာ့ ေတာင္း တာမ်ိဳးဆိုရင္ ကူးယူခြင့္မရွိဘူးခင္ဗ်။ ကြၽန္ေတာ္တို႔ တရား႐ုံးမွာ အမႈအခင္းမရွိဘဲ တရား႐ုံးမွာ သက္ေသ တင္ျပစရာအျဖစ္ ေတာင္းတာမဟုတ္ဘဲနဲ႔ ေတာင္းတာဆိုရင္ ေပးလို႔ မရဘူးဆိုတာသက္ေသခံဥပေဒမွာေကာ ေ႐ြးေကာက္ပြဲ ဥပေဒမွာေကာ ပါပါတယ္။ သက္ေသခံဥပေဒကလည္း တားျမစ္ထားပါတယ္။ ေ႐ြးေကာက္ပြဲ ဥပေဒကလည္း ဒီလိုမ်ိဳးေတာင္းပါဆိုၿပီး ၫြန္ၾကားခ်က္လည္း မရွိပါဘူး။ ဒါဥပေဒပါအခ်က္ကို တိတိက်က် ျပန္ၾကားတာဟာ ထိတ္တိုက္တိုးျခင္း မတိုးျခင္းနဲ႔မဆိုင္ပါဘူး။ ဥပေဒပါ အခ်က္အလက္မ်ားက တိက်ခိုင္မာဖို႔ လိုပါတယ္။ ဥပေဒပညာရွင္ေတြရဲ႕ သေဘာထားကို အေလးထားရမယ္လို႔ ေျပာခ်င္ပါတယ္။ နိုင္ငံေရးခံယူ ခ်က္က ဥပေဒကို လႊမ္းမိုးလို႔ မရပါဘူး”

(unicode)
ဒေါက်တာမျိုးညွန့် (NLD ပါတီ CEC အဖွဲ့ဝင်)
“ဥပဒေအရ သူက ရွေးကောက်ပွဲဆိုင်ရာအညှင်းပွားမှုပေါ့ တရားရုံးရောက်နေတယ် သက်သေပြဖို့အတွက် လိုတယ်ဆိုရင် အဲ့ဒါကတော့ ကူးယူခွင့်ရှိတယ်။ အဲ့လိုမဟုတ်ဘဲနဲ့ စုံစမ်းလေ့လာဖို့ စိစစ်ဖို့ ဆိုပြီးတော့ တောင်း တာမျိုးဆိုရင် ကူးယူခွင့်မရှိဘူးခင်ဗျ။ ကျွန်တော်တို့ တရားရုံးမှာ အမှုအခင်းမရှိဘဲ တရားရုံးမှာ သက်သေ တင်ပြစရာအဖြစ် တောင်းတာမဟုတ်ဘဲနဲ့ တောင်းတာဆိုရင် ပေးလို့ မရဘူးဆိုတာသက်သေခံဥပဒေမှာကော ရွေးကောက်ပွဲ ဥပဒေမှာကော ပါပါတယ်။ သက်သေခံဥပဒေကလည်း တားမြစ်ထားပါတယ်။ ရွေးကောက်ပွဲ ဥပဒေကလည်း ဒီလိုမျိုးတောင်းပါဆိုပြီး ညွန်ကြားချက်လည်း မရှိပါဘူး။ ဒါဥပဒေပါအချက်ကို တိတိကျကျ ပြန်ကြားတာဟာ ထိတ်တိုက်တိုးခြင်း မတိုးခြင်းနဲ့မဆိုင်ပါဘူး။ ဥပဒေပါ အချက်အလက်များက တိကျခိုင်မာဖို့ လိုပါတယ်။ ဥပဒေပညာရှင်တွေရဲ့ သဘောထားကို အလေးထားရမယ်လို့ ပြောချင်ပါတယ်။ နိုင်ငံရေးခံယူ ချက်က ဥပဒေကို လွှမ်းမိုးလို့ မရပါဘူး”

ဦးစိုင္းလိတ္ (SNLD ပါတီ ေျပာေရးဆုိခြင့္ရွိသူ)
“ကူးယူခြင့္မရွိဘူးလို႔ ၫြန္ၾကားလိုက္တာေတာ့ ဟုတ္ပါၿပီ။ ဒါေပမဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ေတြပါမပါ မသိဘူး ေပါ့ေနာ္။ လႊတ္ေတာ္ကိုယ္စားလွယ္ေတြက သူမွာ တစ္မ်က္ႏွာကို ဘယ္ေလာက္ႏႈန္းဆိုတဲ့ သတ္မွတ္ခ်က္နဲ႔ ကူးယူခြင့္ျပဳထားတာလည္း ရွိတယ္။ အဲ့ဒါေတြပါ အႀကဳံးဝင္လား မသိဘူးေပါ့ေနာ္။ အဲ့ဒါေတြပါ အႀကဳံးဝင္ တယ္ဆိုရင္ေတာ့ ဥပေဒက ေရွ႕ေနာက္လြဲေနတယ္လို႔ပဲ ေျပာရမွာဘဲ။ ေ႐ြးေကာက္ပြဲရလဒ္ကို သြားၿပီး ထိခိုက္ေစတာေပ့ါဗ်ာ။ အခုစြပ္စြဲတဲ့ဘက္ကလည္း ေတာ္ေတာ္မ်ားမ်ား စြပ္စြဲေနတယ္ေလ ႀကံခိုင္ဖြံၿဖိဳးေရး ပါတီနဲ႔ တပ္မေတာ္ကပါ ေ႐ြးေကာက္ပြဲရလဒ္နဲ႔ပတ္သက္ၿပီး သူတို႔ အလိုမက်တာေတြ စိတ္ထဲ ရွင္းရွင္း လင္းလင္းမရွိတာေတြက ထုတ္ေဖာ္ေျပာၾကားမႈေတြ တအားမ်ားျပားေနတယ္။ အဲ့ဒါေတြကို ေျပလည္ေအာင္ ေျပလည္ေၾကာင္း ရွင္းလင္းတဲ့ ပုစံမ်ိဳး မသြားဘဲနဲ႔ UEC အေနနဲ႔ ဒီလိုမ်ိဳး ယတိပ်က္ထုတ္ျပန္ခ်က္ေတြ လုပ္လိုက္တာဟာ အေကာင္းထက္ အဆိုးဘက္ကို ဦးတည္ေစနိုင္တယ္လို႔ ကြၽန္ေတာ္ ျမင္တယ္။ တကယ္တမ္းဆို သူတို႔အေနနဲ႔ ဘယ္လိုအေၾကာင္းအရာေၾကာင့္ ဒီလိုမ်ိဳး လုပ္ရပါတယ္ဆိုတာ ျပည္သူ အကုန္လုံး နားလည္ေအာင္ ရွင္းရွင္းလင္းလင္း ျဖစ္သြားေအာင္ ေတြ႕ဆုံရွင္းလင္းတာမ်ိဳး ထုတ္ျပန္ေၾက ညာတာမ်ိဳး က်ယ္က်ယ္ျပန႔္ျပန႔္ လုပ္သင့္တာေပါ့”

(unicode)
ဦးစိုင်းလိတ် (SNLD ပါတီ ပြောရေးဆိုခွင့်ရှိသူ)
“ကူးယူခွင့်မရှိဘူးလို့ ညွန်ကြားလိုက်တာတော့ ဟုတ်ပါပြီ။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေပါမပါ မသိဘူး ပေါ့နော်။ လွှတ်တော်ကိုယ်စားလှယ်တွေက သူမှာ တစ်မျက်နှာကို ဘယ်လောက်နှုန်းဆိုတဲ့ သတ်မှတ်ချက်နဲ့ ကူးယူခွင့်ပြုထားတာလည်း ရှိတယ်။ အဲ့ဒါတွေပါ အကြုံးဝင်လား မသိဘူးပေါ့နော်။ အဲ့ဒါတွေပါ အကြုံးဝင် တယ်ဆိုရင်တော့ ဥပဒေက ရှေ့နောက်လွဲနေတယ်လို့ပဲ ပြောရမှာဘဲ။ ရွေးကောက်ပွဲရလဒ်ကို သွားပြီး ထိခိုက်စေတာပေ့ါဗျာ။ အခုစွပ်စွဲတဲ့ဘက်ကလည်း တော်တော်များများ စွပ်စွဲနေတယ်လေ ကြံခိုင်ဖွံဖြိုးရေး ပါတီနဲ့ တပ်မတော်ကပါ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး သူတို့ အလိုမကျတာတွေ စိတ်ထဲ ရှင်းရှင်း လင်းလင်းမရှိတာတွေက ထုတ်ဖော်ပြောကြားမှုတွေ တအားများပြားနေတယ်။ အဲ့ဒါတွေကို ပြေလည်အောင် ပြေလည်ကြောင်း ရှင်းလင်းတဲ့ ပုစံမျိုး မသွားဘဲနဲ့ UEC အနေနဲ့ ဒီလိုမျိုး ယတိပျက်ထုတ်ပြန်ချက်တွေ လုပ်လိုက်တာဟာ အကောင်းထက် အဆိုးဘက်ကို ဦးတည်စေနိုင်တယ်လို့ ကျွန်တော် မြင်တယ်။ တကယ်တမ်းဆို သူတို့အနေနဲ့ ဘယ်လိုအကြောင်းအရာကြောင့် ဒီလိုမျိုး လုပ်ရပါတယ်ဆိုတာ ပြည်သူ အကုန်လုံး နားလည်အောင် ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် တွေ့ဆုံရှင်းလင်းတာမျိုး ထုတ်ပြန်ကြေ ညာတာမျိုး ကျယ်ကျယ်ပြန့်ပြန့် လုပ်သင့်တာပေါ့”

မန္းေအာင္ျပည္စိုး(ကရင္အမ်ိဳးသားဒီမိုကရက္တစ္ပါတီ ဥကၠ႒)
ကူးယူခြင့္ ၾကည့္႐ူခြင့္ဆိုတာ သူဟာနဲ႔သူ ဥပေဒရွိတယ္ေလ။ အဲ့ဒီဥပေဒအတိုင္း ၾကည့္႐ူခြင့္ကူးယူခြင့္ မေပးဘူးဆိုရင္ေတာ့ ဒါဆို သူဘက္က အလြန္ေပါ့။ အမိန႔္ေပးသံမ်ိဳးမဟုတ္ဘဲနဲ႔ ဥပေဒအရ ေတာင္းခံတဲ့ ဟာကိုေတာ့ ကူးယူခြင့္ေပးသင့္တယ္လို႔ ျမင္ပါတယ္။ ဒီလိုမဟုတ္ရင္ေတာ့ ပြင့္လင္းျမင္သာမႈမရွိဘူးလို႔ ေျပာလိုရတာေပါ့။ ကြၽန္ေတာ္တို႔ နားလည္ထားတာက ဥပမာ ကန႔္ကြက္တယ္ဆိုရင္ ကန႔္ကြက္ေၾကး ၅ သိန္း ေပးၿပီးေတာ့ ကန႔္ကြက္လႊာတင္လို႔ရတယ္။ ဒါမွမဟုတ္ရင္ ပုံစံ ၁၆ ဆိုရင္ သာမန္ၾကည့္႐ူခြင့္ရတယ္လို႔ သိထားတယ္။ ဘာပဲျဖစ္ျဖစ္ေလ ဥပေဒအရ ခြင့္ျပဳရမယ့္ဟာကို မခြင့္ျပဳရင္ေတာ့ ေရွ႕ဆက္ျပႆနာေတြ ေပၚလာနိုင္တာေပါ့”

(unicode)
မန်းအောင်ပြည်စိုး(ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ)
ကူးယူခွင့် ကြည့်ရူခွင့်ဆိုတာ သူဟာနဲ့သူ ဥပဒေရှိတယ်လေ။ အဲ့ဒီဥပဒေအတိုင်း ကြည့်ရူခွင့်ကူးယူခွင့် မပေးဘူးဆိုရင်တော့ ဒါဆို သူဘက်က အလွန်ပေါ့။ အမိန့်ပေးသံမျိုးမဟုတ်ဘဲနဲ့ ဥပဒေအရ တောင်းခံတဲ့ ဟာကိုတော့ ကူးယူခွင့်ပေးသင့်တယ်လို့ မြင်ပါတယ်။ ဒီလိုမဟုတ်ရင်တော့ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ ပြောလိုရတာပေါ့။ ကျွန်တော်တို့ နားလည်ထားတာက ဥပမာ ကန့်ကွက်တယ်ဆိုရင် ကန့်ကွက်ကြေး ၅ သိန်း ပေးပြီးတော့ ကန့်ကွက်လွှာတင်လို့ရတယ်။ ဒါမှမဟုတ်ရင် ပုံစံ ၁၆ ဆိုရင် သာမန်ကြည့်ရူခွင့်ရတယ်လို့ သိထားတယ်။ ဘာပဲဖြစ်ဖြစ်လေ ဥပဒေအရ ခွင့်ပြုရမယ့်ဟာကို မခွင့်ပြုရင်တော့ ရှေ့ဆက်ပြဿနာတွေ ပေါ်လာနိုင်တာပေါ့”

ဦးေစာသန္းျမင့္(ဖယ္ဒရယ္ျပည္ေထာင္စုပါတီ ဥကၠ႒)
“ကြၽန္ေတာ္ ထင္ပါတယ္ အတိုက္ခံပါတီတစ္ခ်ိဳ႕နဲ႔ မိတ္ဖက္ပါတီတစ္ခ်ိဳ႕ကလည္း ဒီအေပၚမွာ သံသယရွိေနတဲ့ အခ်ိန္မွာ တပ္မေတာ္အေနနဲ႔လည္း မဲေပးတဲ့ တပ္ရင္းတပ္ဖြဲ႕ေတြ စာရင္းဇယားကို စိစစ္ခ်င္တယ္လို႔ ေျပာေနတဲ့အခ်ိန္ ဒီလိုမ်ိဳး ထုတ္ျပန္တယ္ဆိုေတာ့ အမွန္ကေတာ့ လြတ္လပ္ၿပီး သန႔္ရွင္းမွ်တတဲ့ ေ႐ြးေကာက္ပြဲ ျဖစ္မယ္ ေကာ္မရွင္ကလည္း သူရဲ႕လုပ္ပုံကိုင္ပုံက ရိုးသားတယ္ ပြင့္လင္းျမင္သာမႈရွိတယ္ သူတို႔ မသမာမႈ မရွိဘူးဆိုရင္ ဒီကိစၥနဲ႔ပတ္သက္ၿပီး ဘာမွ ျပႆနာမရွိေလာက္ပါဘူး။ ဘာလို႔လည္းဆိုေတာ့ အရင္တုန္းက အနိုင္မရတဲ့ ကိုယ္စားလွယ္ေတြက သက္ဆိုင္ရာ ၿမိဳ႕နယ္ေတြမွာ သက္ဆိုင္ရာ မဲဆႏၵနယ္မွာ အနိုင္ရတဲ့ ကိုယ္စားလွယ္ေတြကို Complain တက္တဲ့အခါလည္း မဲအားလုံးကို ျပန္ေရရတယ္ေလ။ ဥပမာ ျပည္သူ႔ လႊတ္ေတာ္က Complain တက္ရင္ မဲအားျပန္ေရတြက္ရတယ္။ ဒါကလုံးထုံးလုပ္နည္းျဖစ္တယ္။ အခုသူတို႔က ဒီလိုလုပ္တယ္ဆိုေတာ့ သံသယျဖစ္တဲ့ အဖြဲ႕အစည္းအားလုံးကို သံသယအားပိုႀကီးလာေစတယ္လို႔ ေျပာရ ေတာ့မွာေပါ့။ သူတို႔က ရိုးသားသည္ျဖစ္ေစ ဘာပဲေျပာေျပာေပါ့ေနာ္။ ဒီလိုလုပ္တာကေတာ့ မသင့္ေတာ္ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္”

(unicode)
ဦးစောသန်းမြင့်(ဖယ်ဒရယ်ပြည်ထောင်စုပါတီ ဥက္ကဋ္ဌ)
“ကျွန်တော် ထင်ပါတယ် အတိုက်ခံပါတီတစ်ချို့နဲ့ မိတ်ဖက်ပါတီတစ်ချို့ကလည်း ဒီအပေါ်မှာ သံသယရှိနေတဲ့ အချိန်မှာ တပ်မတော်အနေနဲ့လည်း မဲပေးတဲ့ တပ်ရင်းတပ်ဖွဲ့တွေ စာရင်းဇယားကို စိစစ်ချင်တယ်လို့ ပြောနေတဲ့အချိန် ဒီလိုမျိုး ထုတ်ပြန်တယ်ဆိုတော့ အမှန်ကတော့ လွတ်လပ်ပြီး သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ် ကော်မရှင်ကလည်း သူရဲ့လုပ်ပုံကိုင်ပုံက ရိုးသားတယ် ပွင့်လင်းမြင်သာမှုရှိတယ် သူတို့ မသမာမှု မရှိဘူးဆိုရင် ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာမှ ပြဿနာမရှိလောက်ပါဘူး။ ဘာလို့လည်းဆိုတော့ အရင်တုန်းက အနိုင်မရတဲ့ ကိုယ်စားလှယ်တွေက သက်ဆိုင်ရာ မြို့နယ်တွေမှာ သက်ဆိုင်ရာ မဲဆန္ဒနယ်မှာ အနိုင်ရတဲ့ ကိုယ်စားလှယ်တွေကို Complain တက်တဲ့အခါလည်း မဲအားလုံးကို ပြန်ရေရတယ်လေ။ ဥပမာ ပြည်သူ့ လွှတ်တော်က Complain တက်ရင် မဲအားပြန်ရေတွက်ရတယ်။ ဒါကလုံးထုံးလုပ်နည်းဖြစ်တယ်။ အခုသူတို့က ဒီလိုလုပ်တယ်ဆိုတော့ သံသယဖြစ်တဲ့ အဖွဲ့အစည်းအားလုံးကို သံသယအားပိုကြီးလာစေတယ်လို့ ပြောရ တော့မှာပေါ့။ သူတို့က ရိုးသားသည်ဖြစ်စေ ဘာပဲပြောပြောပေါ့နော်။ ဒီလိုလုပ်တာကတော့ မသင့်တော်ဘူးလို့ ကျွန်တော် ထင်တယ်”


Share this post